မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / March 05, 2026
image_latest


နေပြည်တော် မတ် ၄

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃၁) ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စီစဉ်ဆောင်ရွက်ပေး

ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များကို အဓိကစွမ်းအားစုအဖြစ်ပါဝင်လာစေပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် ပေါ်ထွက်လာစေရေး လူငယ်ကဏ္ဍကို ဘက်စုံ၊ ကဏ္ဍစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှစ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်ရေးရာဦးစီးဌာနရုံးများကို အစီအစဉ်အလိုက် ဖွင့်လှစ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပထမဦးစားပေးအနေဖြင့် နေပြည်တော်ကောင်စီ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လူငယ်ရေးရာဦးစီးဌာနရုံးများ စတင်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းများ ခန့်ထားရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒုတိယဦးစားပေးနှင့် တတိယဦးစားပေးအနေဖြင့် ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာဦးစီးဌာနရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် အရှိန် အဟုန်မပျက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့များအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားရန် အထူးမေတ္တာရပ်ခံ ပြောကြားလိုကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နေပြည်တော်၌ကျင်းပခဲ့ပြီး နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ချီးမြှင့်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန် လူငယ်စင်တာများ ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ကရင်ပြည်နယ်ခရီးစဉ်တွင် လူငယ်စင်တာများကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ပြီး ပြည်နယ်အတွက် အကျိုးရှိစေမည့်သင်တန်းများ၊ လုပ်ငန်းခွင်တွင် တိုက်ရိုက်အသုံးချနိုင်မည့် အတတ်ပညာများကို သင်ကြားပေးခြင်းနှင့် လူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများအပြင် နိုင်ငံ့အရေးများ၊ ခေါင်းဆောင်မှုပညာရပ်များကိုလည်း အခြေခံအားဖြင့် သင်ကြားပေးရန်နှင့် စည်းကမ်းတကျနေထိုင်သွားလာတတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရေး ဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မိမိတို့ပညာရေးဝန်ကြီးဌာနသည် ကျောင်းတက်ဆဲနှင့် ကျောင်းပြင်ပတွင် ရှိသည့် လူငယ်များနှင့် အများဆုံးဆက်ဆံပတ်သက်ရသည့် ဝန်ကြီးဌာနဖြစ်ပြီး အခြေခံပညာကျောင်းများ၊ အထက်တန်းကျောင်းများနှင့် တက္ကသိုလ်ကျောင်းများစွာရှိသည့်အတွက် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ Trafficking၊ Online game၊ E cigarettes၊ Vape ကိစ္စများနှင့် ပတ်သက်ပြီး လူငယ်အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ ကျန်းမာရေး အသိပညာပေးဆွေးနွေးဟောပြောပွဲများ၊ လှုပ်ရှားမှုများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်စင်တာများတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်နှင့် သင်ခန်းစာ ပေးသည့် Movie နှင့် Short Video များ ပြသပေးခြင်း၊ အသိပညာဗဟုသုတများစွာ ရရှိစေရေးအတွက် Study Tour များသွားရောက်စေခြင်း၊ ပြည်တွင်း/ ပြည်ပလေ့လာရေးခရီးစဉ်များ၊ နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် လေ့လာလိုက်ပါခွင့်များနှင့် အရည်အချင်းရှိသူများကို စနစ်တကျရွေးချယ်၍ ဒေသတွင်း အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ရွေးချယ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားပါက ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ ပိုမိုထွက် ပေါ်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ကိုအကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်းရတနာများ ပိုမိုထွက်ပေါ် လာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များက လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကော်မတီများအလိုက် အစည်းအဝေးများ၊ အားကစားပြိုင်ပွဲများ၊ ကင်းထောက်သင်တန်းများ၊ အသိပညာပေးဟောပြောပွဲအခမ်းအနားများ၊ အသက်မွေးဝမ်း ကျောင်းသင်တန်းများ၊ ဘာသာစကားနှင့် ကွန်ပျူတာသင်တန်းများ၊ နွေရာသီအားကစားသင်တန်းများ၊ လူငယ်စကားဝိုင်းများ၊ လူငယ်ဖိုရမ်အခမ်းအနားများ၊ ဖိုရမ်ထပ်ဆင့်ဆွေးနွေးပွဲများကို ကျင်းပဆောင်ရွက်ပေးခဲ့မှုများနှင့် လူငယ်စင်တာများဖွင့်လှစ်နိုင်ရေး၊ အနာဂတ်ခေါင်းဆောင်များဖြစ်သည့် လူငယ်များမှန်ကန်သည့် လမ်းကြောင်းပေါ်တွင် လျှောက်လမ်း နိုင်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေး သည်။

ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3460 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download