မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလို
မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလုပ်ငန်း စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလို
Ministry of Information/ Naypyitaw / February 25, 2025

နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး၌ တိုင်းဒေသကြီးအတွင်းမှ ဌာနဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍကြီးများတွင် ခရီးသွားလုပ်ငန်းသည် ကဏ္ဍတစ်ခုအဖြစ်ပါဝင်နေသည့်အတွက် ဝန်ထမ်းများက အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ပြီး ပြည်သူ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်ရောက်ရှိမှု၊ လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးထားမှု၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ယင်းနောက် ရန်ကုန်မြို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန (CTD) ရှိ သင်တန်းခန်းမများ၊ သင်ထောက်ကူပစ္စည်းများထားရှိမှု၊ သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုနှင့် မကြာမီဖွင့်လှစ်မည့် တရုတ်အစားအစာချက်ပြုတ်နည်း သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်လျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းတိုးတက်ရေး ဆောင်ရွက်ရာတွင် မူဝါဒများကိုချမှတ်ပေးပြီး ပုဂ္ဂလိကကဏ္ဍကသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အောင်မြင်တိုးတက်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းသာမက ပြည်ပခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက်ကိုပါ အလေးထားသည့်အတွက် အသင်းအဖွဲ့များနှင့် လုပ်ငန်းလုပ်ကိုင်သူများက ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာရေးကို အလေးထားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက အသင်းလိုက်ကော်မတီများဖွဲ့စည်းထားရှိမှု၊ ခရီးသွားဈေးကွက်ရရှိရေးအတွက် မြှင့်တင်ဆောင်ရွက်နေမှု၊ ပြည်တွင်း/ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3088 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download