မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် နိုင်ငံခြားသားများကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်မှုသတင်းထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် နိုင်ငံခြားသားများကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်မှုသတင်းထုတ်ပြန်ခြင်း
Ministry of Information/ Naypyitaw / October 22, 2025

နေပြည်တော် အောက်တိုဘာ ၂၂
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ်ထိန်းသိမ်းကာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ယနေ့အချိန်ထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံမှတစ်ဆင့်နယ်စပ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား အမျိုးသား ၈၇၁၀ ဦးနှင့် အမျိုးသမီး ၇၉၆ ဦး၊ စုစုပေါင်း ၉၅၀၆ ဦး၊ မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်လေဆိပ်မှ တရားဝင် ဝင်ရောက်လာပြီး မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများသို့ ရောက်ရှိသွားသည့် နိုင်ငံခြားသားအမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၄၅ ဦးတို့ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သဖြင့် စုစုပေါင်း နိုင်ငံပေါင်း ၄၀ နိုင်ငံမှ နိုင်ငံခြားသား အမျိုးသား ၈၇၅၄ ဦးနှင့် အမျိုးသမီး ၇၉၇ ဦး၊ စုစုပေါင်း ၉၅၅၁ ဦး ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားသားများအား ၎င်းတို့ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်၍ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ နိုင်ငံခြားသားအမျိုးသား ၈၅၆၀ ဦး၊ အမျိုးသမီး ၇၇၉ ဦး၊ စုစုပေါင်း ၉၃၃၉ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများဖြင့် စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား အမျိုးသား ၁၉၄ ဦးနှင့် အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၁၂ ဦးတို့ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3326 items

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
