မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု(Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်မှု သတင်းထုတ်ပြန်ခြင်း


Ministry of Home Affairs/ နေပြည်တော် / October 23, 2025


     ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည် နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံခြားသားများအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းကာ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ထိ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ကျား ၈,၇၁၀ ဦး၊ မ ၇၉၆ ဦး၊ စုစုပေါင်း ၉,၅၀၆ ဦးနှင့် မြန်မာနိုင်ငံအတွင်းသို့ ရန်ကုန်လေဆိပ်မှ တရားဝင် ဝင်ရောက်လာပြီး  မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် မဲ့ထော်သလေး(KK Park) နယ်မြေများသို့ ရောက်ရှိသွားသည့် နိုင်ငံခြားသား ကျား ၄၄ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၄၅ ဦးတို့အား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သဖြင့် နိုင်ငံပေါင်း ၄၀ နိုင်ငံမှ နိုင်ငံခြားသား ကျား ၈,၇၅၄ ဦး၊ မ ၇၉၇ ဦး၊ စုစုပေါင်း ၉,၅၅၁ ဦးဖြစ်ကြောင်း။

     အဆိုပါနိုင်ငံခြားသားများအား ၎င်းတို့ဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင် ရာပူးပေါင်းအဖွဲ့များဖြင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်၍ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ရာ ယနေ့ထိ နိုင်ငံခြားသား ကျား ၈,၅၆၀ ဦး၊ မ ၇၇၉ ဦး၊ စုစု ပေါင်း ၉,၃၃၉ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများဖြင့် စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

     ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား ကျား ၁၉၄ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း ၂၁၂  ဦးတို့ကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ ဆက်လက်လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိပါသည်။

     နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper - 3538 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download