မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် ဥပဒေအသိပညာပေး‌ပြန့်ပွားရေးဟောပြောဆွေးနွေးပွဲကျင်းပ


Myanmar National Human Rights Commission/ Yangon / February 25, 2025


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဥပဒေအသိပညာ ပြန့်ပွားရေး အစီအစဉ်အရ “ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁၂:၀၀) နာရီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ Conference Room ၌ Hybrid System ဖြင့် ကျင်းပရာ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ကော်မရှင် ရုံးချုပ်နှင့် ကော်မရှင်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့သည်။

   အသိပညာပေး ဟောပြောဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က လူမှုလောက တည်ငြိမ်၊ လုံခြုံရေးအတွက် ဥပဒေများကို သတ်မှတ်ထားရှိခဲ့ကြပါ ကြောင်း၊ နှစ်ပေါင်း ထောင်ချီ၍ ကျင့်သုံးလာကြခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ် နိုင်ငံ တစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေး (ခ) Rule of Law သည် အလွန် အရေးကြီးပါကြောင်း၊ ထို့အတွက်ကြောင့် ဥပဒေ အသိပညာ တိုးပွားသိရှိစေရန်အတွက် ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ နေ့စဉ်ဘဝ ဖြတ်သန်း ရာ၌ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံအကျိုးပြုနိုင်ရေး၊ လူ့အခွင့်အရေးကို လေးစား လိုက်နာသည့် လူမှုအဖွဲ့အစည်း ဖြစ်စေရေးတို့ကို ပံ့ပိုးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းတို့ကို အဖွင့် အမှာစကား ပြောကြားသည်။

   ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေက စစ်မှန်သော စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လူတိုင်း သိရှိရန် လိုအပ်ပါကြောင်း၊ ဥပဒေ အသိပညာ သိရှိမှသာ လူမှုဘဝကို အကျိုးရှိစွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်အရ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ ဟောပြောဆွေးနွေးပွဲတွင် ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ များက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နေ့စဉ်ဘဝတွင် သိရှိလိုက်နာသင့်သော ဥပဒေအချို့နှင့် အထူး ဥပဒေ များကို ဟောပြောဆွေးနွေးမည်ဖြစ်ပါကြောင်း အမှာစကား ပြောကြားသည်။

   ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ချိုချိုအောင်က ရာဇသတ်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေ၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးကြည်ခင်က ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့ စစ်မှုထမ်းဥပဒေတို့နှင့် စပ်လျဉ်း၍ လက်တွေ့ဂရုပြုလိုက်နာသင့်သည်များကို အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်ကြသည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

   ဟောပြောဆွေးနွေးမှုကို မွန်းလွဲ ၁၆:၀၀ နာရီတွင် ပြီးဆုံးရပ်နားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper - 3088 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၅ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download