မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
၁။ ကလေးသူငယ်များသည် နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးအပါဆုံးအခန်းကဏ္ဍ၌ ပါဝင်သူများဖြစ်ရာ ၎င်းတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်ရန် လိုအပ်ပါသည်။ ယင်း လိုအပ်ချက်ကို ကမ္ဘာက အသိအမှတ်ပြုသည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် ကုလသမဂ္ဂကကလေးသူငယ်အခွင့်အရေးများဆိုင်ရာကြေညာစာတမ်း (Declaration of the Rights of the Child) ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကုလသမဂ္ဂအထွေထွေညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) ကို အတည်ပြုခဲ့ရာ ယင်းသဘောတူစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံအများဆုံး လူ့အခွင့်အရေးဆိုင်ရာစာချုပ်ကြီးတစ်ခုဖြစ်ပါသည်။ အဆိုပါစာချုပ် အတည်ပြုခဲ့သော နိုဝင်ဘာလ ၂၀ ရက်နေ့ကို ကမ္ဘာ့ကလေးများနေ့ (World Children’s Day) ဟု သတ်မှတ်ခဲ့ပြီး ယနေ့တွင် (၃၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့သည့် အားလျော်စွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ကလေးသူငယ်များအား ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရရှိစေရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ကလေးသူငယ်များ၏ အသက် ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆက်ဆံခွင့်ရရှိရေးတို့အတွက် အခွင့်အရေး များရှိကြောင်း နိုင်ငံတော်ကအသိအမှတ်ပြုသကဲ့သို့ ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများကို တန်းတူညီမျှစွာ ရရှိခံစားခွင့်ရှိသည်ဟု ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) တွင် ပြဋ္ဌာန်းထားပါသည်။
၃။ ကလေးသူငယ်များသည် အနာဂတ်အတွက် တန်ဖိုးရှိသောရတနာများဖြစ်ရာ ၎င်းတို့၏အခွင့်အရေးများကို ရရှိခံစားစေခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်များဘဝ ဖွံ့ဖြိုးရေးတို့တွင် ကလေးသူငယ်များ ကိုယ်တိုင်ဖော်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။ ကလေးသူငယ်အခွင့်အရေးများကို သိရှိနိုင်ရေးနှင့် လက်လှမ်းမီတန်း တူညီမျှရရှိရေးတို့ကို အလေးအနက်ထား၍ ဂရုပြုဆောင်ရွက်ပေးရမည်ဖြစ်ရာ နိုင်ငံတော်ကလည်း ကလေးသူငယ်များ ဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါ သည်။
၄။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ အဓိကလုပ်ငန်းတာဝန်နှစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတို့ကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာတွင် အများပြည်သူအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အခြေခံပညာ ဆရာ/ဆရာမများအား ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများကို အသိပညာပေးခြင်း၊ စာအုပ်စာတမ်းများ ဖြန့်ဝေခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ကလေးသူငယ်အားလုံးကို တည်ဆဲဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးနှင့် အကာအကွယ်တို့ကို တန်းတူညီမျှရရှိစေရန် ကလေးပြုစုစောင့်ရှောက်ရေးဂေဟာများ၊ လူငယ်သင်တန်းကျောင်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးတွေ့ရှိမှုအပေါ် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါ သည်။
၅။ အတွေးအမြင်သစ်များဖြင့် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီးကိုပုံဖော်နိုင်သည့် ကလေးသူငယ်များ၏ အရေးပါမှုကို သတိပြုလျက် ယခု ၂၀၂၅ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သော “Listen to children: my day, my rights” (နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံ နားထောင်ပေး) နှင့်အညီ ကလေးသူငယ်များ၏ ဆန္ဒသဘောထားများကို နားထောင်၍ ၎င်းတို့၏ ပါဝင်ဆောင်ရွက်ခွင့်ကို သက်ဆိုင်သူများက အသိအမှတ်ပြုကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ရရှိခံစားစေရေး ကဏ္ဍအသီးသီးမှ တာဝန်ရှိသူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကမ္ဘာ့ကလေးများနေ့တွင် အလေးအနက်တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
သတင်းစာများ - ၃၅၂၂ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
