မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အကြောင်း သိကောင်းစရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အကြောင်း သိကောင်းစရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Ministry of Foreign Affairs/ Nay Pyi Taw / August 28, 2025
(၂၇-၈-၂၀၂၅ ရက်၊ နေပြည်တော်)
မြန်မာနိုင်ငံ၏အပြည်ပြည်ဆိုင်ရာနယ်နိမိတ်အကြောင်းသိကောင်းစရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပလျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာ၌ နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်သည် အချုပ်အခြာအာဏာကို ကိုယ်စားပြုကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတိုအတွက် နယ်နိမိတ်ကို ကောင်းမွန်စွာနှင့် ထိရောက်စွာ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ အများပြည်သူများ၏ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး၊ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် နယ်နိမိတ်ကို စနစ်တစ်ကျစီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား အသိပညာဖလှယ်ရန်၊ ဌာနအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ နယ်နိမိတ်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ကောင်းမွန်သော နည်းလမ်းများနှင့် အကြံဉာဏ်များ ဖော်ထုတ်နိုင်ရန်နှင့် နယ်နိမိတ်ဆိုင်ရာမူဝါဒများချမှတ်ရာတွင် တိကျမှန်ကန်ပြီး နိုင်ငံတော်အကျိုးစီးပွားကို အထောက်ပံ့ဖြစ်စေရန်ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အတူ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများနှင့် ဆက်စပ်ဌာနများမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နယ်နိမိတ်ရေးရာကိစ္စရပ်များအား တာဝန်ယူဆောင်ရွက် နေကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့အပါအဝင် အခြားဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် အိမ်နီးချင်းနိုင်ငံများ၌ အခြေစိုက်သည့် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှ တာဝန်ရှိသူများ စုစုပေါင်း ဦးရေ (၁၀၀) ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ပထမနေ့တွင် မြန်မာနိုင်ငံ၏ ကုန်းပိုင်းနယ်နိမိတ်နှင့် ပတ်သက်၍ အဓိကဆွေးနွေးခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၏ ရေတပ်ပင်မတိုင်းတာရေးတပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မြေတိုင်းဦးစီးဌာနတို့မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ မြန်မာသံရုံး၊ ကူဝိတ်မှ သံအမတ်ကြီးနှင့် သံမှူးကြီး၊ မြန်မာသံရုံး၊ ပရီတိုးရီးယားမှ သံအမတ်/သံရုံးယာယီတာဝန်ခံတို့က ဘာသာရပ်ကျွမ်းကျင်သူများ အဖြစ် Online မှ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် မြန်မာနိုင်ငံ၏ ပင်လယ်နယ်နိမိတ်နှင့်ပတ်သက်၍ အဓိက ဆွေးနွေးပြောကြားမည်ဖြစ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၏ ရေတပ်ပင်မတိုင်းတာရေးတပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးကြမည်ဖြစ်ပြီး၊ မြန်မာသံရုံး၊ စင်ကာပူမှ သံအမတ်/သံရုံးယာယီတာဝန်ခံက ဘာသာရပ်ကျွမ်းကျင်သူအဖြစ် Online မှ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
Newspaper - 3269 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download