မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ စာဆိုတော်​​နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ၁၃၈၇ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ငွေကျပ် ၁၄၅ သိန်း ကျော်တန်ဖိုးရှိ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများအား လှူဒါန်းသည်။ 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကန်တော့ခံ သက်ကြီးစာပေပညာရှင်များနှင့် စာရေးဆရာ ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်​တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က လှူဒါန်းသည့် ငွေကျပ် ၁၄၅ သိန်းကျော်တန်ဖိုးရှိ အင်္ကျီ၊ ပုဆိုး၊ လက်ဆွဲအိတ်၊ ခြုံပဝါနှင့် ပါတိတ်လုံချည်တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ အလင်္ကာကျော်စွာ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က လက်ခံရယူသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးက လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၂၈၈ သိန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀ ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးကလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လှူဒါန်းသည့် ငွေကျပ် ၁၅ သိန်းနှင့် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က လှူဒါန်းသည့် ငွေကျပ် ၁၅ သိန်းတို့ကို တာဝန်ရှိသူများကလည်းကောင်း ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကား ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးက အလှူရှင်များစာရင်းကို ဖတ်ကြားသည်။ 

ထို့နောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီး ၂၈၈ ဦး အား တက်ရောက်လာကြသူများက လက်အုပ်ချီမိုးကန်တော့ကြပြီး ကန်တော့ခံပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ်ကြသည်။ 

ယင်းနောက် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား စာရေးဆရာကြီး လယ်တွင်းသားစောချစ်က ဩဝါဒစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခမ်းအနားသို့ တက်ရောက်လာသည့် ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများအား ရင်းရင်းနှီးနှီး ဂါရဝပြုနှုတ်ဆက်ခဲ့ကြသည်။

သတင်းစဉ်

Newspaper - 3434 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download