မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၆) ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / March 15, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (၁/၂၀၂၆)အား ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော လုပ်ငန်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

     အစည်းအဝေးတွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိ ယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှစတင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းများ အသီးသီးရေးဆွဲပြီး စီမံကိန်းပါလုပ်ငန်းများကို နှစ်အလိုက် လုပ်ငန်းစီမံချက်များနှင့် လုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး၊ တားဆီးကာကွယ်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

     လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအ ဖြစ် ဆောင်ရွက်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒုတိယဝန်ကြီးများ ဥက္ကဋ္ဌအဖြစ် ပါဝင်သော လုပ်ငန်းကော်မတီ ၄ ခုနှင့် အဆင့်ဆင့်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ များကို ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

     အဆိုပါလုပ်ငန်းကော်မတီများအနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို စနစ်တကျ ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ (National Task Force) က နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

     မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆) အပေါ် အခြေခံပြီး ၂၀၂၆ ခုနှစ်၊ လုပ်ငန်းစီမံချက်တွင် လုပ်ငန်းကဏ္ဍ(၄)ရပ်ဖြစ်သော မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် လက်ရှိအကောင်အထည်ဖော် ဆောင် ရွက်နေသော လုပ်ငန်းစဉ်များ၊ လူကုန်ကူးမှုနှင့် ဆက်နွှယ်ဖြစ်ပွားလျက်ရှိသော လုပ်ငန်းစဉ်များ၊ အသစ်ထပ်မံထည့်သွင်းလိုသည့် လုပ်ငန်းစဉ်များ၊ ပြောင်းလဲဖြစ်ပေါ်နေသော လူကုန်ကူးမှုပုံစံများအား တားဆီးတိုက်ဖျက်နှိမ်နင်းနိုင်မည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ တပ်ဖွဲ့များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ပြင်ဆင်/ဖြည့်စွက်အကြံပြုချက်များနှင့်အညီ ရေးဆွဲထားရှိကြောင်း။

     ယနေ့ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်လာသည်နှင့်အမျှ နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လိမ်လည်မှုများတွင် ယေဘုယျအားဖြင့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားဆိုင်ရာလိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလိမ်လည်မှု၊ အလုပ်အ ကိုင်လိမ်လည်မှု၊ ကံစမ်းမဲလိမ်လည်မှု၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်မှုစသည့် နည်းလမ်းမျိုးစုံဖြင့် ပစ်မှတ်ထားကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း၊ အလုပ်အကိုင် လိမ်လည်မှုများမှတစ်ဆင့် အတင်းအကျပ် အဓမ္မခိုင်းစေသည့် လူကုန်ကူးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာသည်ကို တွေ့ရှိရကြောင်း။

     လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး အသိပညာပေးမှုအနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Billboard နှင့် ပိုစတာများစိုက်ထူခြင်း၊ Talk Show များပြုလုပ်ခြင်း၊ နိုင်ငံပိုင် ရုပ်မြင်သံကြားတို့မှတစ်ဆင့် အသိပညာပေးဇာတ်လမ်းများ ထုတ်လွှင့်ပြသနိုင်ရေး ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုအသိပညာပေး စတေကာများကပ်ခြင်း၊ တယ်လီဖုန်းအော်ပရေတာများမှတစ်ဆင့် အများပြည်သူများထံ SMS များ ပေးပို့ခြင်းစသည် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် လက်ရှိအွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်ပြီး ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူလူထုသိရှိနိုင်ရေး ဖြန့်ဝေ ဆောင်ရွက်လျက်ရှိကြောင်း။

     ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့်ချိတ်ဆက်ကာ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးကာ မိသားစုထံပြန်လည် အပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

     ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခဲ့ကြပြီး အခက်အခဲ ကြုံတွေ့ရသဖြင့် ဆက်သွယ်ရေးသံတမန် လမ်းကြောင်းများဖြစ်သည့် သံတမန်လမ်းကြောင်း၊ National Central Bureau (NCB) နှင့် ရဲဆက်ဆံရေးလမ်းကြောင်းများမှတစ်ဆင့် အကူအညီတောင်းခံလာမှုများကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

     လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်တွင်းစက်ရုံ အလုပ်ရုံများ၏ လုပ်သားလိုအပ်ချက်၊ အာဆီယံဒေသတွင်း နိုင်ငံအချို့၏ လုပ်သားလိုအပ်ချက်များအပေါ် အခြေပြုပြီး မြန်မာနိုင်ငံအတွင်းမှ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင်လိုသူများကို ပြည်ပသို့ တရားမဝင် ပို့ဆောင်နိုင်ရေးအတွက် လူမှောင်ခိုကူးသူများသည် အုပ်စုဖွဲ့ပြစ်မှုကျူးလွန်လာခဲ့ကြသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် လက်ရှိပြဋ္ဌာန်းအသုံးပြုလျက်ရှိသည့် ရာဇသတ်ကြီးဥပဒေ၊ လူဝင်မှုကြီးကြပ် ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေတွေကို အမှီပြု၍သာ ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခဲ့ရသဖြင့် ဂိုဏ်းဖွဲ့ကျူးလွန်သည့် လူမှောင်ခိုကူးသူများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် လက်ရှိအရေးယူဆောင်ရွက်နေသည့် ဥပဒေများထက် ပိုမိုထိရောက်စွာ အရေးယူနိုင်ရန်အတွက် လူမှောင်ခိုကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း)အား သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များနှင့်အညီရေးဆွဲပြီး ဆောလျင်စွာ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း။ 

     လူကုန်ကူးခံရသူများအား ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အပါအဝင် လူသားအချင်းချင်းစာနာသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းတို့ဘဝရပ်တည်နိုင်ရေးအတွက် နောက်ဆက်တွဲ စောင့်ရှောက်မှုအနေဖြင့် ကူညီထောက်ပံ့မှုများကို သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများမှ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

     လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ထိရောက်စွာ အသုံးချနိုင်ရေး အ ထောက်အကူပြုမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ဖြစ်ပွားခဲ့သော လူကုန်ကူးမှုဖြစ်စဉ်များသည် ယခင်နှစ်များနှင့်မတူဘဲ ပိုမိုဆန်းသစ်သော ခေါင်းပုံဖြတ်မှုများကို တွေ့ရှိလာရသည့်အတွက် ပြောင်းလဲလာသော အခြေအနေများအပေါ်မူတည်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုကြောင်း။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များမှ ၂၀၂၆ ခုနှစ် လုပ်ငန်းစီမံချက်တွင်ပါရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများ၊ စိန်ခေါ်မှုများနှင့် လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး အကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ပါသည်။

     မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက နိဂုံးချုပ် ပြောကြားရာတွင် ၂၀၂၆ ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကဏ္ဍကြီး(၄)ရပ်အလိုက် ရေးဆွဲထားရှိသော လုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်သော ရလဒ်ရရှိသည်အထိ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်မည့် အခက်အ ခဲ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်လုပ်ငန်းစီမံချက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားသည့်အတွက် မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်ပါဝင်သော လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၆)၏ မျှော်မှန်းထားရှိသည့် အကျိုးရလဒ်များရရှိရန် အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download