မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ တတိယအကြိမ် ဧကာဒသမ ပုံမှန်အစည်းအဝေး(၂/၂၀၂၅) ကျင်းပ
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ တတိယအကြိမ် ဧကာဒသမ ပုံမှန်အစည်းအဝေး(၂/၂၀၂၅) ကျင်းပ
Ministry of Information/ Naypyitaw / June 08, 2025

နေပြည်တော် ဇွန် ၇
မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် လိုင်စင်ရရှိပြီးသူများသည် အင်ဂျင် နီယာလုပ်ငန်းနှင့်ပတ်သက်သည့်ပုံများ၊ ဒီဇိုင်းများတွင် လက်မှတ်ရေးထိုးနိုင်ခြင်း၊ အစိုးရစီမံကိန်းများတွင် ပါဝင်လုပ်ကိုင်နိုင်ခြင်း၊ ဥပဒေအရအင်ဂျင်နီယာဟု တရားဝင်ခေါ်ခွင့်ရခြင်း၊ အများပြည်သူဘေးကင်းရေး အရေးကြီးသောစနစ်များတွင် တာဝန်ယူရခြင်းများ ဆောင်ရွက်နိုင် ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ တတိယအကြိမ် ဧကာဒသမပုံမှန် အစည်းအဝေး(၂/၂၀၂၅)တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနာယက ပြည်ထောင်စုဝန်ကြီးက Virtual ဖြင့် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌများကကောင်စီ၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာ အစီအစဉ်အရ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပြီးစီးမှု၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေ များကိုလည်းကောင်း၊ ကောင်စီအတွင်းရေးမှူးကကောင်စီဒသမ ပုံမှန်အစည်းအဝေး(၁/၂၀၂၅)မှ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့်ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူးက လုပ်ငန်းကော်မတီ(၈)ရပ်၏ လုပ်ငန်းဆောင်ရွက်မှုကိုလည်းကောင်း၊ ကောင်စီဘဏ္ဍာရေးမှူးက ကောင်စီ၏ဘဏ္ဍာရေး ရှင်းတမ်းကို လည်းကောင်း၊ ကောင်စီနာယကကြီးများက ကောင်စီ၏လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3187 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download