မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယအကြိမ်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်ခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယအကြိမ်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပပြုလုပ်ခြင်း
Myanmar National Human Rights Commission/ Yangon / February 14, 2025
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ ဒုတိယအကြိမ်မြန်မာ့ ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၁၄-၂-၂၀၂၅ ရက်နေ့၊ ၁၄း၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ အဆောက်အဦ အမှတ်(၁) ၃ ထပ်ဆောင်ရှေ့ လေဟာပြင်တွင် ကျင်းပ ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့်ဇနီး ယခင်ကော်မရှင်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်(ငြိမ်း) များဖြစ်ကြသည့် ဒေါက်တာဒေါ်သန်းနွဲ့၊ ဦးယုလွင်အောင်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်အဖွဲ့ဝင် များနှင့်ဇနီးများ၊ ကော်မရှင်ရုံးခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံး အရာထမ်း/ အမှုထမ်းများ စုံညီစွာပါဝင်တက်ရောက် ဆင်နွှဲခဲ့ပါသည်။
၂။ ထမနဲထိုးပြိုင်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ တပို့တွဲလသည် ဆောင်းရာသီ၏နောက်ဆုံးလ၊ အအေးဆုံးလဟု အဆိုရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် တပို့တွဲလပြည့်နေ့နှင့် ပြည်ထောင်စုနေ့သည် တစ်ရက်တည်းတိုက်ဆိုင်ခဲ့ပါကြောင်း၊ နှာရည်ယိုရွဲ တပို့တွဲဟု ခေါ်ဆိုလေ့ရှိပါကြောင်း၊ ယခုတပို့တွဲလသည် ကော်မရှင်အသစ်ဖွဲ့စည်း တာဝန်ပေးအပ်သည့် ကာလနှင့်လည်းတိုက်ဆိုင်မှုရှိခဲ့ပါကြောင်း၊ နက္ခတ်အရ ကုန်ရာသီ မာဃနက္ခတ်နှင့် စမ်းယှဉ်သောကာလဖြစ်သည့်အပြင် နေစင်္ကြာဝဋ္ဌာတွင် ထူးထူးခြားခြား အဓိကဂြိုလ်ကြီးများ ယှဉ်တန်းတွေ့မြင်ရသည့် အချိန်ကာလဖြစ်ပါကြောင်း၊ သြဝါဒပါတိမောက် အခါတော်ကာလလည်း ဖြစ်ပါကြောင်း၊ ပါဋ္ဌိဘာသာဖြင့်“ပါတိ”ဟုခေါ်သော ကျဆုံးခြင်းမှ “မောက္ခ” ဟုခေါ်သော လွတ်မြောက်ခြင်းဖြစ်အောင် “သြဝါဒ” ဟုခေါ်သော အဆုံးအမပေးအခါတော်ကာလ ဖြစ်သည်နှင့်အညီ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းများမှ လွတ်ကင်းအောင်မြင်အောင် ကြိုးစားစွမ်းဆောင်ကြရန် အဆုံးအမရှိသည်နှင့်အညီ ထမနဲပွဲအား စည်းစည်းလုံးလုံး ကြိုးကြိုးစားစား စည်းကမ်းရှိရှိ ယှဉ်ပြိုင် ခြင်းဖြင့် ဖော်ဆောင်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားပါသည်။
၃။ ထို့နောက် ထမနဲထိုးပြိုင်ပွဲကို ကော်မရှင်ရုံးဌာန (၆) ခုမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသော အသင်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြရာ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများက အားပေးခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Newspaper - 3462 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
