မြန်မာဘောက်ဆင်အဖွဲ့ချုပ်က PBM3 ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည်
မြန်မာဘောက်ဆင်အဖွဲ့ချုပ်က PBM3 ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည်
Ministry of Information/ Naypyitaw / January 16, 2025

ရန်ကုန် ဇန်နဝါရီ ၁၅
မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က PBM3 ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူမြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲစဉ်အတွင်း တွဲဆိုင်း ၁၀ ဆိုင်း ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း MBC ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ယှဉ်ပြိုင်ထိုးသတ်သွားမည်
ထိုသို့ယှဉ်ပြိုင်ထိုးသတ်မည့် တွဲဆိုင်း ၁၀ ဆိုင်းတွင် စူပါဖယ်သာဝိတ်တန်း၊ ဖယ်သာဝိတ်တန်း၊ စူပါဗန်တန်ဝိတ်တန်း၊ ဖလိုင်းဝိတ်တန်းတို့ ပါဝင်မည်ဖြစ်ပြီး စူပါဖယ်သာဝိတ်တန်း၌ နိုင်လတ်နှင့် ကျော်စွာမိုး၊ ထက်ဝင်းကျော်နှင့်ကျော်သူရ၊ မျိုးခန့်ကျော်နှင့်အောင်မြင့်ဦးတို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
ထို့အပြင် ဖယ်သာဝိတ်တန်း၌ ဂင့်ရှန်းမွောင်နှင့် ယိန်းဇုံး၊ ကောင်းမြတ်ထွန်းနှင့်ဇိုင်းဒန့်အောင်၊ ကျော်ခန့်ဝင်းနှင့်ဟိန်းတေဇတို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။
အလားတူ ဖလိုင်းဝိတ်တန်း၌ ဗန်လုထောင်နှင့်ရဲမိုးအောင်၊ ရဲမင်းအောင်နှင့်ဟိန်းသူညီညီ၊ အောင်သူထွန်းနှင့်ဖြိုးသူအောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ စူပါဘန်တန်ဝိတ်တန်း၌ ဟိန်းမင်းနိုင်နှင့်အောင်ကောင်းမြတ်တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပွဲစဉ်အတွက် ကြိုတင်လက်မှတ်များကို ဇန်နဝါရီ ၁၄ ရက်တွင် စတင်ရောင်းချပေးနေပြီး ထိုင်ခုံနံပါတ်များသတ်မှတ်ထားခြင်းမရှိသဖြင့် ကွင်းအတွင်းသို့ စောစီးစွာလာရောက်ကြရန် မြန်မာဘောက်ဆင်ကော်မရှင်က အသိပေးနှိုးဆော်ထားသည်။
မြန်မာဘောက်ဆင်အဖွဲ့ချုပ် အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း PBM1 နှင့် PBM2 ပွဲစဉ်များကိုကျင်းပခဲ့ပြီး အလားအလာကောင်းမွန်သော ကစားသမားများကို နိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကစားရန် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လင်းရာမ
Newspaper - 3201 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download