မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၆) ကျင်းပ
မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ (၂၀၂၆) ကျင်းပ
Ministry of Information/ Naypyitaw / March 08, 2026
ရန်ကုန် မတ် ၇
မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ နှစ်ပတ်လည်အသင်းသားစုံညီညီလာခံ (၂၀၂၆) နှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် Function Hall ၌ ကျင်းပသည်။
ဦးစွာ မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံသဘာပတိ ဦးဉာဏ်ထွန်းဦးက အမှာစကားပြောကြားသည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာကို အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးခိုင်က လည်းကောင်း၊ ဘဏ္ဍာရေးအစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးမှူး ဦးမြင့်စိန်က လည်းကောင်း၊ စာရင်းစစ်ဆေးခြင်း အစီရင်ခံစာကို စာရင်းစစ် ဦးမင်းစိုးကလည်းကောင်း တင်သွင်းကြရာ မြန်မာအပြည်ပြည်ဆိုင်ရာအတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ သဘာပတိက ညီလာခံတက်ရောက်လာကြသူများထံမှ အတည်ပြုချက်ရယူသည်။
မွန်းလွဲပိုင်းတွင် (၂၀၂၆-၂၀၂၇)ခုနှစ် အမှုဆောင်သစ်သက်တမ်းအတွက် တာဝန်ယူဆောင်ရွက်မည့် အမှုဆောင်သစ်များရွေးချယ်တင်မြှောက်ပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ ရွေးချယ်တင်မြှောက်ခံရသည့် ဗဟိုကော်မတီဝင်များက ကတိသစ္စာခံယူခဲ့ကြသည်။
အဆိုပါ အမှုဆောင်သစ် ရွေးချယ်ခြင်းကို (၂)နှစ် တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ ခက်ဖြာတစ်ခုဖြစ်သော မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် အသင်းသား ၁၂၀၀ ကျော်ရှိကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပအတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပံ့ပိုးကူညီရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3465 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
