မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး
Ministry of Information/ Naypyitaw / January 15, 2025
နေပြည်တော် ဇန်နဝါရီ ၁၄
မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (Agriculture Development Strategy-ADS) ပြင်ဆင်ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ADS ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကောင်းမွန်သော စီမံအုပ်ချုပ်မှု၊ ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုစသည့် ရည်မှန်းချက် သုံးရပ်ဖြင့် မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းကို ဆောင်ရွက်ခဲ့မှုကြောင့် စားရေရိက္ခာနှင့် အာဟာရပြည့်ဝဖူလုံရေး၊ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး၊ လုပ်ကွက်ငယ်တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ လယ်ယာသားငါးထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းအား မြင့်မားရေး၊ တောင်သူများ၏ ရပိုင်ခွင့်များရရှိစေခြင်းနှင့် ပိုမိုခိုင်မာစေခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။
ဆွေးနွေးပြောကြား
နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက်များ၊ အမျိုးသားမြေအသုံးချမှုကောင်စီ၊ ADS အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အဆိုပြုလုပ်ငန်းများအပေါ် အခြေခံ၍ ADS (၂၀၂၅-၂၀၃၀) (မူကြမ်း) ကို ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ADS ပါ ထပ်ဆင့်ရလဒ်၊ ချက်ချင်းရလဒ်များသည် ယခုလက်ရှိနှင့် နောင်ငါးနှစ်တွင် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဖြစ်စေရန်၊ ခေတ်စနစ်နှင့်အညီဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ပြင်ဆင်ရေးဆွဲပြီး ADS (၂၀၂၅-၂၀၃၀) (မူကြမ်း) အပေါ် သက်ဆိုင်ရာဌာနတစ်ခုချင်းအလိုက် အသေးစိတ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download