မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်
Ministry of Information/ Naypyitaw / August 30, 2024

နေပြည်တော် ဩဂုတ် ၃၀
မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းရှိ အဆိုပါပလာဇာမျက်နှာစာ၌ ကျင်းပရာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ၊ ဌာနကြီးမှူးများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာအား မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးမင်းဇော်၊ အထွေထွေအုပ်ချုပ်ရေးရာဌာနကြီးမှူး ဦးမောင်မောင်စိုး၊ ဝန်ဆောင်မှုလုပ်ငန်းများဌာနကြီးမှူး ဦးအောင်ရဲဝင်း၊ ဒါရိုက်တာအဖွဲ့ဝင် ဦးကျော်မျိုးဝင်းနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ရုံးချုပ်) အဆောက်အဦနှင့် ဇလပ်ဝါပလာဇာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရုံးချုပ်နှင့် ဇလပ်ဝါပလာဇာအဆောက်အအုံအမွေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားအား ကမ္ဗည်းမော်ကွန်းအား ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဇလပ်ဝါပလာဇာသည် နေပြည်တော်၊ ဥတ္တရသီရိမြို့၊ မန္တလေးလမ်းနှင့် ဇလပ်ဝါလမ်းထောင့်တွင်တည်ရှိပြီး စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့်ဆေးပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ စာရေးကိရိယာ၊ နိုင်ငံခြားအစားအစာနှင့် ရိုးရာအစားအသောက်များ၊ Cosmetic ဆိုင်ရာများ၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးအထောက်အကူပြုစက်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများကို တစ်နေရာတည်း၌ ပြီးပြည့်စုံစွာ ဝယ်ယူနိုင်သည့်အပြင် ခေတ်မီကလေးကစားကွင်းများပါဝင်ကာ အခမ်းအနားများပြုလုပ်နိုင်သည့်ခန်းမလည်း ပါဝင်ကြောင်း သိရသည်။ အဆိုပါပလာဇာအား နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီ ၉ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သိရသည်။
Newspaper - 3268 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 22, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 21, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
