မြန်မာ့မီးရထားအနေဖြင့် ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ်ဖြင့် ရှေ့ပြေးစမ်းသပ်မှုစတင်


Ministry of Information/ Naypyitaw / January 28, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထားလက်မှတ်များကို Online မှ ဝယ်ယူ၍ ငွေပေးချေခြင်းစနစ် (Online Railways Ticketing and Payment System– ORTP) ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြင်ဆင်ပေးလျက်ရှိသည်။

အဆိုပါစနစ် ရှေ့ပြေးစမ်းသပ်မှုအစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖေဖော်ဝါရီ ၇ ရက်တွင် ပြေးဆွဲပေးမည့် အမှတ် (၁၁) အဆန်/ (၁၂) အစုန် (ရန်ကုန်-မန္တလေး - ရန်ကုန်) လူစီးအမြန်ရထား၊ အမှတ် (၇) အဆန် / (၈) အစုန် (ရန်ကုန်-နေပြည်တော်- ရန်ကုန်) DEMU အမြန်ရထား၊ အမှတ် (၃၁) အဆန်/ (၃၂) အစုန် (ရန်ကုန်-နေပြည်တော်-ရန်ကုန်) DEMU အမြန်ရထားနှင့် အမှတ် (၂၇) အဆန်/ (၂၈) အစုန် (မန္တလေး-နေပြည်တော်-မန္တလေး) လူစီးအမြန်ရထားခရီးစဉ်များ၏ ရထားလက်မှတ်များကို ယခုလာမည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။

ORTP စနစ်ဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ လူစီးအမြန်ရထားများ စီးနင်း လိုက်ပါရန် လက်မှတ်များ ဝယ်ယူရာတွင် ခရီးစဉ်အစအဆုံး စီးနင်းလိုက်ပါလိုပါက ခုနစ်ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါလိုပါက သုံးရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်ပြီး ရထားထွက်ခွာဆိုက်ရောက်ချိန်များ၊ ရပ်တန့်ဘူတာများ၊ လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်သည်။

အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက မိမိအသုံးပြုလိုသည့် Browser တစ်ခုခုကိုဖွင့်ပြီး ortp.railways.gov.mm ဆိုသည့် Link အား ရိုက်နှိပ်၍ စနစ်သို့ လွယ်ကူစွာ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထို့အပြင် စနစ်အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ရန် ပြုလုပ်ထားသော QR Code ကို မိမိလက်ကိုင်ဖုန်းဖြင့် Scan ဖတ်၍လည်း ဝင်ရောက်နိုင်သည်။ စနစ်အား အသုံးပြုပုံအဆင့်ဆင့် အသိပညာပေးခြင်းအစီအစဉ်နှင့် စနစ်သို့ ဝင်ရောက်နိုင်သည့် Link နှင့် QR Code တို့ကို မြန်မာ့ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာများ၊ မြန်မာ့မီးရထား Website နှင့် ဘူတာရုံ အသီးသီးတို့တွင် ကြေညာအသိပေးထားပြီးဖြစ်သည်။

ခရီးသွားပြည်သူများအနေဖြင့် Online မှ လက်မှတ်များ ဝယ်ယူရန် အခက်အခဲတစ်စုံတစ်ရာရှိပါကလည်း သက်ဆိုင်ရာဘူတာ ရုံ/ လက်မှတ်ရုံများသို့ လာရောက်၍လည်း အဆိုပါစနစ်အသုံးပြုပြီး ဝယ်ယူရရှိနိုင်ရန် စီစဉ်ပေးထားသည်။ ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မြန်မာ့မီးရထား၏ Hotline ဖုန်းအမှတ် - ၁၁၈၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3541 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download