မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း ဖွင့်ပွဲတက်ရောက်
မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း ဖွင့်ပွဲတက်ရောက်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 18, 2026
ဘားအံ - မေ (၁၈)
ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားကောင်းများ ပေါ် ထွန်းလာစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်နှင့်တိုင်းဒေသကြီးမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ များကို (၁၉)ကြိမ်ကျင်းပပြီးစီးခဲ့ရာ ကရင်ပြည်နယ်မှ တံခွန်စိုက်ဒိုင်းဆုကို(၁၇)ကြိမ်ရရှိသည့်အထိ အောင်မြင်မှုများရရှိခဲ့ပြီး ရိုးရာလက်ဝှေ့ကစားသမားအများစုမှာ သတ္တိရှိမှု၊ ဇွဲရှိမှု(မာဂုဏ်ပိုင်း)အားကောင်းကြသော်လည်း အခြေခံစနစ်တကျသင်ယူ ခဲ့ခြင်း မရှိသဖြင့် နည်းစနစ်ပိုင်းအားနည်းကြသည့်အတွက် ယခုကဲ့သို့ မြန်မာ့ရိုးရာလက်ဝှေ့အခြေခံသင်တန်းကို ဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှလေ့ကျင့်သင်ကြားပေးသည့် နည်းစနစ်များ၊ သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားသွားကြပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ရိုးရာလက်ဝှေ့အားကစား သမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ လက်ဝှေ့ကလပ်(၂၀)ခုမှ အသက်(၁၅)နှစ်မှ(၂၅)နှစ်ကြား သင်တန်းသား(၈၆)ဦး၊ သင်တန်းသူ (၁၄)ဦး စုစုပေါင်း(၁၀၀)ဦးတက်ရောက်ကြပြီး မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံ ဝမ်ချိုင်း၊ စောငမန်းတို့ပါဝင်သော သင်တန်း နည်းပြ (၁၃)ဦးက မေလ ၁၈ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ၁၄ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန် ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်လွှတ် တော်ဒုတိယဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ် ဆက်၍ အားပေးစကားများပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက်ငွေကျပ်(၃၆၉)သိန်းကို သင်တန်း နည်းပြများထံ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြောင်းလဲတိုးတက်လာသည့်နည်းပညာများ၊ သင်ကြားနည်းများနှင့်သင်ယူသူဗဟိုပြု အတွေး အခေါ်များကို လက်တွေ့အသုံးချနိုင်စေရန် ဘားအံတက္ကသိုလ်ဆရာ၊ဆရာမများ ဘာသာရပ်ဆိုင်ရာအရည်အသွေးမြှင့် မွမ်းမံ သင်တန်း ဖွင့်ပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခွဲက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပညာရေးအဆင့်အတန်းမြင့်မားရေးအတွက် သင်ကြားနည်းစနစ်ခေတ်မီရေး၊ သုတေသနစွမ်းရည်တိုးတက်ရေး၊ သင်ယူသူဗဟိုပြုသင်ကြားရေးနှင့် အရည်အသွေးအကဲ ဖြတ်မှုစနစ်များခိုင်မာရေးတို့ စနစ်တကျရှိရန်လိုအပ်ပြီး ထိုလိုအပ်ချက်များကို အကော်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် အဆင့်မြင့်ပညာကဏ္ဍမှ တက္ကသိုလ်ဆရာ၊ဆရာမများ၏ အရည်အသွေးခေတ်မီတိုးတက်နေရန် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ဂုဏ်သိက္ခာနှင့်အစဉ်အလာကောင်းများကို ကျောင်းသား၊ကျောင်းသူများ ဆီ မျိုးစေ့ချပေးပြီး အစဉ်အမြဲမြှင့်တင်ပေးကြစေလိုကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစိုးရသစ်၏ဦးဆောင်မှုနှင့် အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးကြပါဟု တိုက်တွန်းပြောကြားသည်။
ဘားအံတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်(၈)ခု၊ သိပ္ပံဘာသာရပ်(၆)ခု၊ အသုံးချဘာသာရပ်(၂)ခု၊ စုစုပေါင်းအထူးပြု ဘာသာရပ်(၁၆)ခုကို သင်ကြားရေးဌာန(၁၄)ခုတွင် သင်ကြားပို့ချပေးလျက်ရှိပြီး သင်ကြားသင်ယူမှုထိရောက်စေရန် ယခု ဖွင့်လှစ်မည့်သင်တန်းတွင် ပါမောက္ခနှင့်တွဲဘက်ပါမောက္ခ(၆၅)ဦးက ကထိက၊ လက်ထောက်ကထိကနှင့်နည်းပြ၊သရုပ်ပြ သင်တန်းသား၊သင်တန်းသူ(၁၅၄)ဦးကို ဘာသာရပ်အလိုက် Interactive Teaching and Learning ပုံစံနှင့်သင်ကြားပေး သွားမည်ဖြစ်ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကာ ဘားအံတက္ကသိုလ်ဆရာ၊ဆရာမများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ သင်တန်းတက်ရောက်ကြမည့် ဘားအံတက္ကသိုလ်ဆရာ၊ဆရာမ များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။



သတင်းစာများ - ၃၅၂၉ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
