မြန်မာ့ရိုးရာသနပ်ခါးဓလေ့ ရေရှည်တည်တံ့စေရေး MSME လုပ်ငန်းအဖြစ် လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ပခုက္ကူမြို့မှ ရှင်မတောင်သနပ်ခါးပွဲရုံလုပ်ငန်း
မြန်မာ့ရိုးရာသနပ်ခါးဓလေ့ ရေရှည်တည်တံ့စေရေး MSME လုပ်ငန်းအဖြစ် လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ပခုက္ကူမြို့မှ ရှင်မတောင်သနပ်ခါးပွဲရုံလုပ်ငန်း
Ministry of Information/ Naypyitaw / June 02, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အားပေးကူညီလျက်ရှိသည်။
ထို့ပြင် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ရေးနိုင်ငံတော်အဆင့် တာဝန်ရှိသူများ၊ သနပ်ခါးလုပ်ငန်းရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO အဖွဲ့ အစည်းများ၊ သနပ်ခါးချစ်မြတ်နိုးသည့် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်နေမှုကို အထောက်အကူဖြစ်စေရေးနှင့် တန်ဖိုးထားမြတ်နိုးတတ်စေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာသနပ်ခါးကို လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့က ရွှေရည်ဝင်းရှင်မတောင်သနပ်ခါး ပင်ရင်းပွဲရုံလုပ်ငန်းရှင် ဦးကျော်အောင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်
မေး ။ ။ မြန်မာနိုင်ငံသနပ်ခါးအသင်းမှာ ဆရာပါဝင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ အဲဒီအကြောင်းနဲ့ ပတ်သက်လို့လည်း ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်က ၂၀၁၇ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံသနပ်ခါးအသင်းမှာ ဘဏ္ဍာရေးမှူးအဖြစ် ပါဝင်ဆောင်ရွက်ပါတယ်။ ပခုက္ကူမြို့နယ်မှာတော့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါတယ်။ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်တွေမှာလည်း သနပ်ခါးအသင်းဖွဲ့စည်းထားတာ ရှိပါတယ်။
မေး ။ ။ ဆရာတို့ သနပ်ခါးပွဲရုံလုပ်ငန်း စတင်တည်ထောင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦးရှင်။
ဖြေ ။ ။ ပွဲရုံကိုတော့ ၁၉၇၅ ခုနှစ်က စတင်တည်ထောင်တာဆိုတော့ အခုဆိုရင် အနှစ် ၅၀ ခန့်ရှိပါပြီ၊ သနပ်ခါးလုပ်ငန်းကို မျိုးရိုးစဉ်ဆက် အဖေ၊ အမေတို့ လက်ထက်ကတည်းက လုပ်လာခဲ့တာပါ၊ အဲဒီတုန်းကတော့ ပွဲရုံမထောင်ဖြစ်ဘူး၊ ရွာကနေပဲအောက်မြန်မာပြည် ဖျာပုံ၊ ဒေးဒရဲမြို့တွေနဲ့ ပင်လယ်ကမ်းစပ်ဒေသတွေဆီကို ဖြန့်ဖြူးရောင်းချလုပ်ကိုင်ဖြစ်ခဲ့ကြတာပါ။
မေး ။ ။ သနပ်ခါးပွဲရုံတည်ထောင်လုပ်ကိုင်တာဆိုတော့ ကိုယ်ပိုင်ခြံနဲ့ စိုက်ပျိုးထုတ်လုပ်တာလား၊ ဒါမှမဟုတ် သနပ်ခါးလုပ်ငန်းရှင်တွေဆီက တစ်ဆင့်ဝယ်ယူပြီး ပြန်လည်ဖြန့်ဖြူးရောင်းချတာလား။
ဖြေ ။ ။ ကျွန်တော်တို့က မြိုင်မြို့နယ် မြောင်းဆည်ကျေးရွာမှာ ကိုယ်ပိုင်ခြံနဲ့ ရှစ်ဧကလောက်စိုက်ပျိုးထားပါတယ်၊ သနပ်ခါးစိုက်တောင်သူတွေနဲ့ သနပ်ခါးကုန်သည်တွေ လာပို့တာတွေလည်း ဝယ်ယူပါတယ်။ ပွဲရုံကို အရာတော်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တွေက ဝင်ပါတယ်။
မေး ။ ။ ဆရာတို့ သနပ်ခါးပွဲရုံမှာ လက်ရှိလက်လီ၊ လက်ကားအရောင်းအဝယ်ဖြစ်နေတဲ့ အခြေအနေလေးတွေလည်း ထပ်မံရှင်းပြပေးပါဦး။
ဖြေ ။ ။ လက်ရှိ ကျွန်တော်တို့ပွဲရုံမှာ လက်လီရော၊ လက်ကားရော အရောင်းအဝယ်ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီကနေ မြန်မာပြည်အနှံ့ပြန်လည်ဖြန့်ဖြူးရောင်းချပါတယ်၊ အဓိကတော့ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မကွေး၊ ပုဂံ-ညောင်ဦးမြို့တွေပေါ့၊ နေ့စဉ်ရောင်းချရမှုအခြေအနေကတော့ ပုံမှန်မရှိပါဘူး။
မေး ။ ။ မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက်ရှိတဲ့ဒေသတွေအကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ သနပ်ခါးထွက်ရှိတာကတော့ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်ဒေသတွေမှာ ထွက်ပါတယ်။
မေး ။ ။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့အဖြစ် သနပ်ခါးကို ခေတ်အဆက်ဆက် လိမ်းခြယ်အသုံးပြုလာခဲ့ကြတာဆိုတော့ ဝယ်ယူလိမ်းခြယ်အသုံးပြုတဲ့ ပြည်သူတွေအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေ ခံစားရရှိစေနိုင်ပါသလဲ။
ဖြေ ။ ။ သနပ်ခါးကတော့ ဆောင်းရာသီဆိုရင် နွေးတယ်၊ နွေရာသီဆို အေးပါတယ်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်၊ ဆေးဖက်လည်းဝင်ပါတယ်၊ ခန္ဓာကိုယ်အရေပြားပေါ်မှာ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်၊ သနပ်ခါးအသီးကို ဝါးစားမယ်ဆိုရင် ခေါင်းမူး၊ ခေါင်းကိုက်ခြင်းတွေ သက်သာစေတယ်၊ သနပ်ခါးအရွက်ကိုပြုတ်ပြီး သောက်မယ်ဆိုရင်လည်း သွေးပေါင်ကျတယ်၊ ဆီးချိုရောဂါကိုလည်း ကာကွယ်စေပါတယ်၊ သနပ်ခါးနှင့်ပတ်သက်ပြီး ဘိုးဘွားတွေဆီက ကြားသိခဲ့တာတစ်ခုရှိတယ်။
မေး ။ ။ သနပ်ခါးစိုက်ပျိုးချင်တဲ့သူရော၊ လုပ်ငန်းထူထောင်လုပ်ကိုင်ချင်တဲ့ သူတွေအတွက်ရော ဘယ်လိုအကြံဉာဏ်များ ပေးချင် ပါသလဲ။
ဖြေ ။ ။ ကျွန်တော်ကိုယ်တိုင်လည်း သနပ်ခါးစိုက်ပျိုးလုပ်ကိုင်သူဆိုတော့ စိုက်ပျိုးလုပ်ကိုင်ချင်တဲ့ ပြည်သူတွေအတွက် အားပေးတိုက်တွန်းချင်ပါတယ်၊ မြန်မာမိန်းကလေးတော်တော်များများက မြတ်နိုးခုံမင်စွာ အသုံးပြုကြတာဆိုတော့လေ၊ အခုက နိုင်ငံတကာကပါ စိတ်ဝင်စားလာပြီဆိုတော့ စိုက်ပျိုးရင်ရေရှည်အကျိုးဖြစ်ထွန်းဖို့ပဲရှိပါတယ်၊ သနပ်ခါးကတော့ ဥယျာဉ်ခြံနဲ့လည်း စိုက်လို့ရတယ်၊ မြေလွတ်မှာလည်း စိုက်လို့ရတယ်၊ သနပ်ခါးပင်က မြေမာကိုတော့ သိပ်မကြိုက်ဘူး၊ သဲနည်းနည်းပိုဆန်တဲ့ မြေမှာလည်း စိုက်ပျိုးဖြစ်ထွန်းပါတယ်၊ မြေနီကျောက်စရစ်လိုမျိုးကိုတော့ ပိုပြီးသဘောကျတယ်၊ စိုက်ပျိုးရင်ခြောက်တောင်၊ ခုနစ်တောင်အကွာ စိုက်ပျိုးရတယ်၊ အပင်တွေကြားထဲမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းတို့အပြင် အခြားသီးထပ်သီးညှပ်တွေလည်း စိုက်ပျိုးလို့ရပါတယ်၊ အပင်တွေကြီးလာပြီဆိုရင် တစ်နှစ်ကို ပေါင်းမြက်ရှင်းခြင်း၊ မြေဆွပေးခြင်းလုပ်ငန်း နှစ်ခေါက်လောက်လုပ်ပေးရတယ်၊ ဆိတ်ချေး၊ နွားချေးတို့လည်း ထိုက်သင့်သလောက်ထည့်ပေးရတယ်၊ စိုက်ပျိုးပြီး ငါးနှစ်သက်တမ်းရှိရင် တစ်ပင်ကို ငွေကျပ် ၁၀၀၀၀ ခန့်ရောင်းရပါတယ်၊ တစ်ပင်ခုတ်ရင် နှစ်ပင်၊ သုံးပင်ပြန်ပေါက်တယ်၊ ပထမပဲစိုက်ရတာ၊ နောက်ကျရင်စိုက်စရာမလိုတော့ဘူး၊ သူ့ဟာနဲ့သူပြုစုပေးရုံပဲ၊ နောက်ပင်အသစ်ပေါက်တာကလည်း ငါးနှစ်အထိစောင့်စရာမလိုဘူး။ သုံး၊ လေးနှစ်နဲ့ ရောင်းရတာရှိတယ်။
မေး ။ ။ သနပ်ခါးတစ်ပင်ရဲ့ သက်တမ်းက ဘယ်လောက်အထိ ရှိပါသလဲ။
ဖြေ ။ ။ သနပ်ခါးတစ်ပင်ရဲ့ သက်တမ်းကတော့ အများဆုံးနှစ် ၅၀ အထိရှိပါတယ်၊ အပင်က နှစ် ၃၀ လောက်ရှိပြီဆိုရင်ကို အပင်အိုသွားပြီး အတက်ပေါက်လည်း ကျသွားတဲ့အပြင် သိပ်လည်းမကောင်းတော့ဘူး။ ကျွန်တော်တို့ကတော့ အများဆုံး ၁၀ နှစ်အထိပဲထားကြတယ်၊ အကျိုးရှိတာကတော့ တစ်သောင်းပတ်ချာလည်လောက် ဈေးနှုန်းရနိုင်ပြီဆိုရင် ခုတ်ရောင်းလိုက်တာက အကောင်းဆုံးပါပဲ၊ အဲဒါက အတက်ပေါက်တာလည်းမြန်တယ်၊ ကောင်းတယ်၊ မကြာခဏလည်း ရောင်းရတယ်ဆိုတော့ အကျိုးကျေးဇူးပိုများပါတယ်။
မေး ။ ။ ကျွန်မတို့ရဲ့ မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေရော၊ သနပ်ခါးလုပ်ငန်းရှင်တွေရော၊ သနပ်ခါးကိုချစ်မြတ်နိုးကြတဲ့ ပြည်သူတွေကပါ ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှား ဆောင်ရွက်နေမှုနှင့်ပတ်သက်ပြီး ဆရာ့အမြင်လေးလည်း သိပါရစေရှင်။
ဖြေ ။ ။ ကျွန်တော်ကိုယ်တိုင်လည်း သနပ်ခါးစိုက်ပျိုးပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချတယ်၊ သနပ်ခါးကိုလည်း ချစ်မြတ်နိုးသူဆိုတော့ အခုလိုမြန်မာနိုင်ငံအနှံ့အပြားက ကြိုးပမ်းလှုပ်ရှားဆောင်ရွက်ကြတာ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်၊ အောင်လည်း အောင်မြင်စေချင်ပါတယ်၊ အောင်မြင်သွားရင်တော့ အတိုင်းမသိဝမ်းမြောက် ဝမ်းသာဖြစ်မှာပါ။
မေး ။ ။ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သင့်တဲ့ အကြောင်းတွေကိုလည်း ဆရာ့အမြင်လေးပြောပေးပါဦးရှင်။
ဖြေ ။ ။ ဒီသနပ်ခါးကို ပြည်သူလူထုတစ်ရပ်လုံးကလည်း ချစ်မြတ်နိုးကြတယ်လေ၊ မိန်းကလေးအများအပြားကလည်း အသားအရေစိုပြည်ရေးအတွက် အသုံးအဆောင်အဖြစ် အစဉ်အမြဲလိမ်းခြယ်တတ်ကြတယ်၊ ပြည်ပထွက်ကုန်များဖြစ်တဲ့ မိတ်ကပ်၊ ပေါင်ဒါတွေထက်လည်း ကျန်းမာရေးနဲ့လည်းညီညွတ်တယ်၊ ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး၊ အဲဒါကြောင့် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဓလေ့ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက်ဆိုရင် စိုက်ပျိုးရေးသမားတွေက အများအပြားတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြဖို့နဲ့ အရောင်းအဝယ်သမားတွေကလည်း အတတ်နိုင်ဆုံးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ကြဖို့ပဲ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ - စန်းယုမော်(ပြန်/ဆက်)
ဓာတ်ပုံ - ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)
Newspaper - 3528 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
