မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်
Ministry of Information/ Naypyitaw / August 17, 2025

ရန်ကုန် ဩဂုတ် ၁၆
၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဩဂုတ် ၁၆ ရက်က ဗီယက်နမ်နိုင်ငံ၌ကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကထိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။
မြန်မာအသင်းသည် ပွဲအစတွင် ဦးဆောင်ဂိုး စတင်ပေးလိုက်ရသော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းကာ ထိုင်းအသင်းကိုအနိုင်ယူပြီး ဗိုလ်လုပွဲသို့ ထိုက် ထိုက်တန်တန် တက်ရောက်သွားသည်။ မြန်မာအသင်းနှင့် ထိုင်းအသင်းသည် အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ဆီမီးဖိုင်နယ်အဆင့်တွင် ငါးကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာအသင်းက ပထမဆုံးတွေ့ဆုံသည့် ၂၀၁၂ ပြိုင်ပွဲတွင် အနိုင်ရပြီးနောက် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၂ ပြိုင်ပွဲတို့တွင် နောက်ဆုံးသုံးကြိမ် ဆက်တိုက်အရေးနိမ့်ထားမှုကို ငါးကြိမ်မြောက်တွေ့ဆုံမှုတွင် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကိုအနိုင်ယူပြီး ဗိုလ်လုပွဲတစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ နောက်ပိုင်း ၁၀ နှစ်အကြာမှ ပြန်လည်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ယုကီတက်ဆုရိုသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ပြီး မေထက်လူကို ပွဲထွက်လူစာရင်းတွင် ပထမဆုံးအသုံးပြုကာ မျိုးမြမြငြိမ်း(ဂိုး)၊ ဖြူဖွေး၊ လင်းလဲ့ဦး၊ မေသက်မွန်မြင့်၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ခင်မိုမိုထွန်း၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်းတို့ကို အသုံးပြုခဲ့သည်။ ပွဲအစ ခြောက်မိနစ်တွင် မြန်မာနောက်ခံလူ မေသက်မွန်မြင့် ဘောလုံး ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ထိုင်းအသင်းဂိုးစတင်ရရှိသည်။
ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မြန်မာအသင်းက ချေပဂိုးရရန်ကြိုးပမ်း လာရာ ၁၄ မိနစ်တွင် အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက ဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ပိုဖိကစားနိုင်သော်လည်း မြန်မာအသင်းက ခံစစ်အမှားမရှိအောင်ကစားကာ တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန်ကြိုးပမ်းခဲ့သည်။
၇၂ မိနစ်တွင် စန်းသော်သော်၏ အဝေးမှကန်ချက်ကို ထိုင်းနောက်ခံလူ တားဆီးရာမှ လက်ထိပြီး မြန်မာအသင်း ပင်နယ်တီကန်ခွင့်ရခဲ့ကာ တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက အမှားအယွင်းမရှိ သွင်းယူခဲ့သဖြင့် မြန်မာအသင်း အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်း၏ချေပဂိုးရရန် ကြိုးပမ်းမှုများကို မြန်မာနောက်ခံလူများနှင့် ဂိုးသမားမျိုးမြမြငြိမ်းတို့ အမှားမရှိဖျက်ထုတ်နိုင်ခဲ့သဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်လုပွဲတက်ရောက်
ဆီမီးဖိုင်နယ် ဒုတိယပွဲအဖြစ် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဩစတြေးလျအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားသည်။ ဩဂုတ် ၁၉ ရက်တွင် တတိယလုပွဲအဖြစ် ထိုင်းအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်း၊ ဗိုလ်လုပွဲအဖြစ် မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။
တတိယလုပွဲနှင့် ဗိုလ်လုပွဲတွင် အုပ်စုတူအသင်းများ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး အုပ်စုပွဲတွေ့ဆုံရာတွင် မြန်မာအသင်းက ဩစတြေးလျအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဗီယက်နမ်အသင်းက ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF

Newspaper - 3258 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။
