မြန်မာ့အားကစားလောက တိုးတက်ရေးအတွက်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အမျိုးသားအားကစားပွဲတော်မှာ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်အနိုင်ယူခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်အနိုင်ရဖို့ဆက်လက်ကြိုးစား
မြန်မာ့အားကစားလောက တိုးတက်ရေးအတွက်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အမျိုးသားအားကစားပွဲတော်မှာ ပြိုင်ဘက်တွေနဲ့ယှဉ်ပြိုင်အနိုင်ယူခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေမှာလည်း ယှဉ်ပြိုင်အနိုင်ရဖို့ဆက်လက်ကြိုးစား
Ministry of Information/ Naypyitaw / December 09, 2024
ဦးတင်အောင်
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းများနှင့် အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ဆင်နွှဲကြမည့် မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားဟောင်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့ရှိ အားကစားအဖွဲ့များမှ တာဝန်ရှိသူများနှင့် အားကစားသမားများအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
ဦးတင်အောင်(ဂိုး)
မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်
ဘောလုံးအားကစားသမားဟောင်း
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးဟာ ငါးကြိမ်သာမက အကြိမ်ပေါင်း မြောက်မြားစွာလုပ်သင့်တဲ့ ဒီလိုပွဲတော်မျိုးက အမြဲတမ်းလုပ်မှ တကယ့်အားကစားသမားကောင်းတွေ ပေါ်ထွက်လာဖို့အတွက်ဖြစ်တယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် လူငယ်တွေရဲ့စိတ်ဓာတ်က အားကစားဘက်မှာ ပိုမိုစိတ်ဝင်စားပြီးတော့ နိုင်ငံတော်ရဲ့မျိုးဆက်သစ် လူငယ်လေးတွေ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမှာ၊ တိုးတက်မှာလို့မြင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း တိုင်းနဲ့ပြည်နယ်ပွဲတွေကနေ ထွက်ပေါ်လာခဲ့တာ၊ ဒါကြောင့်မို့ ဒီလိုပွဲတော်မျိုးကို များများကျင်းပဖို့ မျှော်လင့်တယ်။ ဆီးဂိမ်းက နှစ်နှစ်တစ်ကြိမ်၊ အာရှအားကစားပြိုင်ပွဲက လေးနှစ်တစ်ကြိမ်ပွဲတော်တွေလုပ်သလို ပြည်တွင်းမှာ အမျိုးသားအားကစားပွဲတော်လိုမျိုး သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက်၊ အဖွဲ့ချုပ်အလိုက် အားကစားပွဲတော်တွေလည်း ကျင်းပစေချင်တယ်။
အမျိုးသားအားကစားပွဲတော်မှာ ကျွန်တော်ကအားကစားပွဲတော်အလံသယ်ယူရေးအဖွဲ့ ၁၀ ဦး ထဲမှာပါဝင်သလို ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘောလုံးပြိုင်ပွဲ ခုံသမာဓိအဖွဲ့ဝင်အဖြစ် ပံ့ပိုးသွားမှာပါ။ လူငယ်ကစားသမားတွေကို သိစေလိုတာက မျိုးဆက်သစ်တွေက ပြိုင်ပွဲယှဉ်ပြိုင်ပြီးတာနဲ့ ပြီးသွားတဲ့သဘော မဟုတ်ဘဲ မြန်မာ့အားကစားလောက တိုးတက်ရေးအတွက်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းက အမျိုးသားအားကစားပွဲတော်မှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်အနိုင်ယူခဲ့သလို နိုင်ငံတကာပြိုင်ပွဲတွေမှာ လည်း ယှဉ်ပြိုင်အနိုင်ရဖို့ ဆက်လက်ကြိုးစားကြပါလို့ ပြောချင်တယ်။
လူငယ်တွေအတွက်က ကျန်းမာရေးသည် ပထမ၊ စည်းကမ်းရှိဖို့ ဒုတိယ၊ တတိယက စံချိန်ဆိုတဲ့ အောင်မြင်မှု။ ကျန်းမာကြံ့ခိုင်မှ ကိုယ်လိုချင်တဲ့ အားကစားလုပ်လို့ရမယ်၊ တိုးတက်အောင်လုပ်လို့ ရမယ်။ နှစ်အချက်က စည်းကမ်းဆိုတာ နေတာထိုင်တာ လှုပ်ရှားတာကအစ၊ လေ့ကျင့်တာကအစ သူ့စည်း ကမ်းနဲ့သူရှိတယ်။ အဲဒါတွေကို လိုက်နာစေချင်တယ်။ အဲဒီတော့မှ စံချိန်တွေတက်လာမယ်။ အောင်ပွဲတွေရလာမယ်။ အဲဒီလိုလမ်းညွှန်ချက်နဲ့အညီ ဆက်လက် ပြီးတော့ ကြိုးစားသင့်တယ်။
ဒေါ်ခိုင်ခိုင်မော်
မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်
ဝူရှူးအားကစားမယ်ဟောင်း
ဖွင့်ပွဲအခမ်းအနားကြီးမှာ ကျွန်မက မီးရှူးတိုင်ကို သယ်ဆောင်ရမယ့်တာဝန်ကို ယူထားပါတယ်။ ကျွန်မ တို့လို လက်ရွေးစင်အားကစားသမားဟောင်းတွေကို အသိအမှတ်ပြုပေးပြီး ဒီလိုတာဝန်၊ အခွင့်အရေးကိုပေးလို့ ကျေနပ်ပီတိဖြစ်ရပြီး အများကြီးဝမ်းသာမိပါတယ်။ အားကစားကဏ္ဍဖွံ့ဖြိုးခြင်းဟာ လူငယ်တွေ ကျန်းမာကြံ့ခိုင်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် အင်မတန်အရေးကြီးပါတယ်။ အားကစားလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်ကနေ ပံ့ပိုးနိုင်တဲ့အတိုင်းအတာအထိ ပံ့ပိုးကြတယ်။ အားကစားလောက တိုးတက်ဖို့ကိစ္စက ရေရှည် သွားရမယ့်ကိစ္စဖြစ်တဲ့အတွက် ထောက်ပံ့ပေမယ့် ချက်ချင်းဝုန်းခနဲ တိုးတက်လာမှာမဟုတ်ဘူး။ ရေရှည်လုပ်နိုင်တဲ့အတိုင်းအတာလေးအတိုင်း မှန်မှန်လေးလုပ်ပေးမယ်ဆိုရင် လူငယ်တွေကို ပြုစုပျိုးထောင်နိုင်မယ်။ နောက်နည်းစနစ်ပိုင်းမှန်ကန်ဖို့ရယ်၊ ကစား သမားတွေကိုတာဝန်ယူပြီး လူကြီးတွေရဲ့ အနီးကပ်ပြုစုပျိုးထောင်ပေးမှုကလည်း အရေးကြီးတယ်။ လူငယ်တွေကလည်း ကိုယ်လုပ်တဲ့အလုပ်မှာအဆင့် တစ်ခုရောက်လာပြီဆိုရင် ပိုပြီးသတိပြုဆင်ခြင်စရာတွေ များပါတယ်။ လက်ရွေးစင်ဘဝရောက်လာဖို့ ဆိုတာလည်း မလွယ်ကူဘူး၊ လူတွေအများကြီး ကြားထဲက ရလာတဲ့ရလဒ်မို့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားကြပါ။ ကိုယ်ရောက်နေတဲ့အဆင့်မှာ ရပ်မနေကြဘဲနဲ့ မြင့်နိုင်သလောက်မြင့်တဲ့အထိ ဝေးဝေးကိုကြည့် ပြီးတော့ အဲဒီကိုရောက်နိုင်ဖို့အတွက် ဘာတွေလိုအပ် မလဲဆိုတာကို အမြဲတွေးတောပြီးတော့ ပြုပြင်ပြောင်းလဲပေးနေရမယ်၊ သင်ယူလေ့လာနေရမယ်။ ဝူရှူးအားကစားနည်းကို အခုမှစကစားမယ့်လူတွေဆိုရင် နည်းစနစ်ပိုင်းကို တိတိကျကျနဲ့ အခြေခံကိုပိုင်နိုင်အောင်လုပ်ပါ၊ သေချာလေ့ကျင့်ပါ။ နည်းပြပိုင်း ကလည်း ကလေးရဲ့အနေအထားအပေါ်မှာ အားနည်းချက်၊ အားသာချက်ကို သိပြီးတော့ သူတို့ရဲ့အားနည်းချက်တွေကို ဖြည့်ပေးနိုင်တဲ့ နည်းပြမျိုးဖြစ်အောင် လုပ်ပါ။ ပြိုင်ပွဲတွေအနေနဲ့ကလည်း နိုင်ငံတကာမှာ ပိုပြီးတော့ များလာတာရှိတယ်။
ဦးမြင့်အောင်
မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်
ကျွမ်းဘားအားကစားသမားဟောင်း
ကျွန်တော်က ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်မှာ အလံသယ်ယူကိုင်ဆောင်ရေးအဖွဲ့မှာ ပါဝင်ပါတယ်။ အခုလို ပြိုင်ပွဲကြီးတွေကို ကျွန်တော်တို့က အများကြီးကြိုဆိုပါတယ်။ ဒါမှသာ မျိုးဆက်သစ်တွေကို ပြိုင်ပွဲတွေကနေ ထွက်ပေါ်တွေ့ရှိကြရမှာ။ အပြိုင်အဆိုင်ရှိမှလည်း ကလေးတွေအတွက် လေ့ကျင့်ရတာ အားဖြစ်စေပါတယ်။ အထူးသဖြင့် ကျွန်တော်ကစားတဲ့ ကျွမ်းဘားအားကစားဆိုတာ အားကစားတွေအားလုံးရဲ့ အခြေခံဖြစ်ပါတယ်။ ကျွမ်းဘားအားကစားနည်းက ခန္ဓာကိုယ်ကြွက်သားအားလုံးကို ပျော့ပျောင်းစေတယ်၊ ကြံ့ခိုင်စေတယ်၊ စည်းဝါးတကျ ကိုက်ညီမှုရှိစေတယ်။ ကျွမ်းဘားကစားပြီးရင် ကျန်တဲ့အားကစားနည်း အားလုံးကိုကူးပြောင်းဖို့လွယ်တယ်။ အားကစားနည်းတွေဆိုတာ နေ့ချင်းညချင်း တတ်မြောက်ဖို့ မလွယ်ဘူး။ စဉ်ဆက်မပြတ် လေ့ကျင့်နေမှသာ တိုးတက်မှုရှိမယ်။ ကျွန်တော်တို့တုန်းက အရှေ့တောင်အာရှ ငါးကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲမှာ ကျွမ်းဘား စပြိုင်ခွင့်ရတယ်။ မလေးရှား၊ မြန်မာ၊ စင်ကာပူ သုံးနိုင်ငံပြိုင်တယ်။ ဆုတံဆိပ် ခုနစ်မျိုးမှာ မြန်မာနိုင်ငံကရတယ်။ ကျွန်တော်က ရွှေခြောက်ဆုရတယ်၊ မြန်မာနောက်တစ်ယောက်က ရွှေတစ်ခုရတယ်။ ဒီလိုနဲ့ သူတို့ကမမီမှန်းသိတော့ အပြင်းအထန်နဲ့ ပြိုင်ပွဲကိုပိတ်တယ်။ ဆယ်ကြိမ်မြောက်ကျမှ ပြန်ပြိုင်ခွင့်ရခဲ့တယ်။ အခုလက်ရှိ ကျွမ်းဘားအားကစားသမားတွေအပေါ်မှာ မျှဝေရရင် ဒီအားကစားနည်းက အထောက်အကူပစ္စည်းတွေ လေ့ကျင့်ဖို့အတွက် ထားရှိပေးဖို့လိုတယ်။ အားကစားကွင်းတွေ၊ နေရာတွေ ဖော်ထုတ်ပေးဖို့လိုတယ်။ ဒါမှလည်း အားကစားနည်းတိုင်း တိုးတက်မယ်။ မျိုးဆက်သစ်ဝါသနာရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ လာရောက်ကစားနေသူတွေ အများကြီးရှိသလို မန္တလေးမှာလည်း ထိုနည်းတူပါပဲ။ အသက် ငါးနှစ်ကနေ ကျွမ်းဘားစတင်ကစားနိုင်ပါတယ်။ ပြိုင်ပွဲကြီးတစ်ခုလို့ မြင်ပါတယ်။
ဦးခင်ဇော်(ညွှန်ကြားရေးမှူး)
နေပြည်တော်လေ့ကျင့်ရေးတာဝန်ခံ
အားကစားနှင့်ကာယပညာဦးစီးဌာန
ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ မျိုးမှာ ပြိုင်ပွဲဝင် စုစုပေါင်း အားကစားသမား ၄၅၀ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ မသန်စွမ်းအားကစားနည်း လေးမျိုးမှာ အားကစားသမား ၃၀ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ မသန်စွမ်းမှာလည်း ဆုတံဆိပ်တွေအများကြီး မျှော်လင့်ထားပါတယ်။ ကစားသမားတွေကလည်း လက်ရွေးစင် အဆင့်တွေပါပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်တွေအများကြီးရဖို့ မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်လတိတိ စနစ်တကျဖွဲ့စည်းပြီး စခန်းသွင်းလေ့ကျင့်မှုတွေ လုပ်ဆောင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပံ့ပိုးမှုအနေနဲ့ကလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌကြီးကိုယ်တိုင်အပြင် ကောင်စီဝင်တွေ၊ အားကစားဝါသနာရှင်တွေ၊ ကြီးကြပ်တွေအပါအဝင် အားလုံးက အားပေးပံ့ပိုးကြပါတယ်။ ဒီပြိုင်ပွဲကြီးကို တကယ့်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့အတွက် အားကစားတာဝန်ရှိသူတစ်ယောက်အနေနဲ့ အလွန်ပဲအားရကျေနပ်ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် အားကစားနည်း ၂၃ မျိုးအတွက် ကစားသမားတွေကတော့ နေပြည်တော်မှာရှိတဲ့ ပေါင်းလောင်း အားကစားကွင်း၊ လယ်ဝေး TC-2 ၊ လယ်ဝေးမြို့နယ် အားကစားကွင်း၊ ရွှေကြာပင်အားကစားရုံနဲ့ ဝဏ္ဏသိဒ္ဓိ Gold Campမှာ လေ့ကျင့်ပါတယ်။ လေ့ကျင့်မှုအနေနဲ့ နှစ်လကြိုပြင်ဆင်နိုင်တဲ့အတွက် လုံလောက်တဲ့လေ့ကျင့်မှု ရရှိပါတယ်။ ကလေးတွေကလည်း ကြိုးစား အားထုတ်မှုအပြည့်အဝနဲ့ လေ့ကျင့်ထားတဲ့အတွက် ကျေနပ်ပါတယ်။ ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲကြီးကို အခုလိုကြီးကျယ်ခမ်းနားစွာနဲ့ ကျင်းပနိုင်တဲ့အတွက် အလွန်ပဲဂုဏ်ယူရပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကစားသမားတွေကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။ ဒီပြိုင်ပွဲကြီးကနေ နိုင်ငံအတွက် မျိုးဆက်သစ် အားကစားသမားတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။ ထူးချွန်တဲ့ ကစားသမားကောင်းတွေ ပေါ်ထွက်လာမှာဖြစ်တဲ့အတွက် တကယ်ကိုအကျိုးရှိတဲ့ အားကစားပွဲကြီးဖြစ်ပါတယ်။
ဒေါ်မာမာစီ (လက်ထောက်ညွှန်ကြားရေးမှူး)
စစ်ကိုင်းတိုင်းဒေသကြီး
ဖူဆယ်အဖွဲ့ခေါင်းဆောင်
ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့က လက်ရှိယှဉ်ပြိုင်ရမယ့်အခြေအနေဆိုရင် ပွဲအရှိန်ကမြင့်လာပြီး လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ရန်ကုန်တိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် ကစားသမားတွေကိုလည်း စိတ်ဓာတ်ခွန်အားတွေပေးပြီးအကောင်းဆုံးယှဉ်ပြိုင်ဖို့ တိုက်တွန်းထားပါတယ်။ အနိုင်အရှုံးထက် အခုလို ပြိုင်ပွဲတွေ ကျင်းပပေးတဲ့အတွက် မျိုးဆက်သစ်လူငယ်ကစားသမားတွေ ပေါ်ထွန်းလာမှာဖြစ်ပြီး ပြည်ပနိုင်ငံများအထိ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ကစားသမား တွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
မောင်လင်းထက်အောင်(ရှမ်းပြည်နယ်)
ဘတ်စကက်ဘောကစားသမား
ဒီနေ့ဘတ်စကက်ဘောမှာ ရွှေတံဆိပ်ဆုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်၊ ဆုရဖို့လည်း အများကြီးကြိုးစားခဲ့ရတော့ ပျော်လည်းပျော်ပါတယ်။ ပြိုင်ပွဲအတွက် နှစ်လသုံးလလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားရပါတယ်။ ရှမ်းပြည်နယ် ကိုယ်စားပြု ဘတ်စကက်ဘောအသင်းအနေနဲ့ မြို့တစ်မြို့တည်းကနေမဟုတ်ဘဲ မြို့ပေါင်းစုံကနေ အသင်းတစ်သင်းဖြစ်အောင် လုပ်ရတာဖြစ်တဲ့အတွက် Team Work ကောင်းတစ်ခုဖြစ်အောင် တော်တော်လေး ကြိုးစားခဲ့ရတယ်။ ဘတ်စကက်ဘောအားကစား ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ပြိုင်ပွဲတွေကျင်းပတဲ့ ရန်ကုန်နဲ့ မန္တလေးမှာလည်း သွားပြိုင်ဖူးပါတယ်။ ရွှေတံဆိပ်ဆုရော ငွေတံဆိပ်ဆုတွေပါ ရဖူးပါတယ်။ နောက်ထပ်လည်း ဘတ်စကက်ဘောကစားပွဲတွေ အများကြီးထပ်ပြီးတော့ များများလုပ်ပေးပါလို့လည်း မေတ္တာရပ်ခံပါတယ်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး
ဓာတ်ပုံ - ဟိန်းဇင်ထက်
Newspaper - 3025 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download