မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး(၇၅)နှစ်ပြည့် အထိမ်းအမှတ် “အားပေးတွဲယူဖေးမကူ” ငလျင်ဘေးသင့် ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကျင်းပ
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး(၇၅)နှစ်ပြည့် အထိမ်းအမှတ် “အားပေးတွဲယူဖေးမကူ” ငလျင်ဘေးသင့် ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကျင်းပ
Ministry of Information/ Naypyitaw / June 08, 2025
နေပြည်တော် ဇွန် ၇
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် “အားပေးတွဲယူ ဖေးမကူ” ငလျင်ဘေးသင့်ပြည်သူများအတွက် နှစ်သိမ့်အားပေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)ရှိ Auditorium ခန်းမ၌ ကျင်းပသည်။
အဆိုပါပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တရုတ်သံရုံးမှတာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်မှ ငလျင်ဘေးသင့်ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ MRTV နှင့် China Media Group (CMG) တို့မှ အဆိုရှင်များ၊ တေးသံရှင် ရဲထိုက်နှင့် ကျောင်းသား ကျောင်းသူများက “လက်တွဲ တိုက်ဖျက်မျှော်လင့်လျက်” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “အင်အားပြင်းထန်မြေငလျင်ဒဏ်ကို ရင်ဆိုင်ကျော်လွှားပြီး ပိုမိုကောင်းမွန်သော အနာဂတ်နေ့ရက်များသို့ လျှောက်လှမ်းမည့် “မြန်မာ” မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက တစ်မိနစ် ငြိမ်သက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည် ငလျင်လှုပ်ခတ်ပြီး မြန်မာနိုင်ငံသို့ ပထမဆုံးနှင့် အစောဆုံးရောက်ရှိလာပါကြောင်း၊ အဆိုပါအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အသက်ရှင်လျက် လေးဦးနှင့်သေဆုံးသူ ၆၄ ဦးအား သက်ဆိုင်ရာမိသားစုဝင်များထံ အပ်နှံပေးနိုင်ခဲ့ပါကြောင်း၊ တရုတ်ဆေးဘက်ဆိုင်ရာ အဖွဲ့များအနေဖြင့် ဆေးဝါးနှင့်ပစ္စည်းကိရိယာများ အစုံအလင်သယ်ဆောင်လာပြီး ငလျင်ဘေးသင့်မှုများပြားသည့် မန္တလေးမြို့၌ Mobile Clinic တည်ဆောက်ကာ ဒဏ်ရာရသူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ထိုသို့ ငလျင်ဘေးသင့်ဒေသများတွင် ဆေးဝါးကုသပေးမှုများအပြင် ပြင်းထန်သည့်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုများကိုလည်း စေတနာထက်သန်စွာ ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်ကို တွေ့မြင်ခဲ့ရပါကြောင်း၊ မြန်မာ - တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးထူထောင်မှု (၇၅)နှစ်ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ဇွန် ၁ ရက်က နေပြည်တော် Park Royal Hotel ၌ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲများ စီစဉ်ကျင်းပခဲ့ပါကြောင်း။
ဇွန် ၈ ရက်တွင် မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု(၇၅)နှစ် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါစိန်ရတုအထိမ်း အမှတ်အခမ်းအနားကိုလည်း အနှစ်သာရရှိစွာ၊ ထည်ဝါစွာကျင်းပသွား မည်ဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် သမိုင်းကြောင်း ရှည်လျားသည့် ချစ်ကြည်ရင်းနှီးမှုကို အခိုင်အမာတည်ဆောက်ထားပြီးဖြစ်၍ အနာဂတ်ကာလများတွင်လည်း နှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ကြခြင်းဖြင့် တူညီသည့်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောမှုများ ဆက်တိုက်ဖြစ်ပေါ်ခံစားကြရမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆုမွန်ကောင်းတောင်းသကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်နိုင်ငံသူ၊ နိုင်ငံသားများလည်း ကျန်းမာရွှင်လန်းပြီး ထာဝရငြိမ်းချမ်းသာယာကြပါစေဟု ဆုတောင်းမေတ္တာ ပို့သပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ခတ်ပြီးနောက် တရုတ်အစိုးရနှင့် ပြည်သူများအနေဖြင့် အမြန်ဆုံးကူညီသောလက်တစ်စုံကို ကမ်းလှမ်းပေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံမှ အစိုးရကယ်ဆယ်ရေးအဖွဲ့လေးဖွဲ့နှင့် အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ ၃၀ နီးပါးမှ စုစုပေါင်းအဖွဲ့ဝင် ၆၀၀ ကျော်သည် နေ့မအား၊ ညမနား လာရောက်ကူညီခဲ့ကြပါကြောင်း၊ ယွမ် ၁ ဒသမ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၅၃ သန်း) တန်ဖိုးရှိသည့် အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အချိန်တိုအတွင်း အရောက်ပို့ဆောင် ပေးခဲ့ပြီး မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးသံယောဇဉ်နှင့် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို လက်တွေ့လှုပ်ရှားမှုများဖြင့် ဖော်ပြခဲ့ပါကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားနိုင်ရန် မျှော်လင့်ပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ် ပြည့်မြောက်ခြင်းကို သမိုင်း၏စမှတ်အဖြစ်ခံယူပြီး ရှေ့သို့လျှောက်လှမ်းကြပါစို့ဟု ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံ CMG မှ မြန်မာဘာသာဖြင့် ရိုက်ကူးထားသော ရုပ်ရှင်နှင့် ရုပ်သံမှတ်တမ်းဆိုင်ရာ Promo ကိုပြသပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ တရုတ်သံအမတ်ကြီးက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသရန် CMG မှ မြန်မာဘာသာဖြင့် ရိုက်ကူးထားသောရုပ်ရှင်နှင့်မှတ်တမ်းဇာတ်လမ်းတိုများကို ပေးအပ်သည်။
ယင်းနောက် တရုတ်သံအမတ်ကြီး၊ တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းမှ ညွှန်ကြားရေးမှူး မစ္စလင်ရွမ်နှင့် CMG မှ မစ္စမို့လျှောင်ရှင်းတို့က တပ်ကုန်းမြို့နယ်မှ ငလျင်ဘေးသင့်မှု ကြောင့် နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၁၁ စုနှင့် ပညာရေးဝန်ကြီးဌာနမှ အိမ်ထောင်စု ၁၁၀ တို့အတွက် ထောက်ပံ့ပစ္စည်းများကို ကိုယ်စားလှယ်များထံပေးအပ်သည်။
ဆက်လက်၍ MRTV နှင့် CMG တို့မှ အဆိုရှင်များနှင့် တေးသံရှင် ရဲထိုက်တို့က တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တက်ရောက်လာကြသည့် ပရိသတ်များအား မြန်မာ - တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မေးခွန်းများ မေးမြန်းခြင်းနှင့် အမှတ်တရလက်ဆောင်ပေးအပ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ကာ တေးသီချင်းများဖြင့် ဆက်လက် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တရုတ်သံအမတ်ကြီးတို့က တေးသီချင်းများ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဆိုရှင်များအား ဂုဏ်ပြုပန်းခြင်း ပေးအပ်သည်။
ယင်းနောကပြည်ထောင်စုဝန်ကြီးများသည် တက်ရောက်လာကြသူများနှင့် အတူ MRTV ရှိ သတင်းခန်းများ၊ ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များ ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ စတူဒီယိုများ၊ Virtual Studio ၌ တရုတ်တေးသီချင်းများနှင့် ယူနန်ပြည်နယ်တွင် သွားရောက်ရိုက်ကူးခဲ့သည့် ကော်ဖီအစီအစဉ်အတွက် အဖွင့်ရိုက်ကူးနေမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ CMG မှ မြန်မာဘာသာဖြင့် ရိုက်ကူးထုတ်လုပ်ထားသည့် “စူးစမ်းရှာဖွေနည်းပညာအမွေ” သိပ္ပံနည်းပညာ ဗီဒီယိုမှတ်တမ်းနှင့် “သစ်ပင်ပေါ်ကအိမ်ငယ်လေး” လူငယ်ရုပ်ရှင်ဇာတ်ကားများကို ပြသခဲ့ရာ တပ်ကုန်းမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း၊ ယနေ့အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Chin Media Group (CMG) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3378 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
