မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ(၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / March 18, 2026
image_latest


နေပြည်တော် မတ် ၁၇

မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ ကော်မတီဝင်များနှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ကော်မတီဖွဲ့စည်းပြီးချိန်မှစတင်၍ လုပ်ငန်းများ ထိရောက်အောင်မြင်ရန်အတွက် အထူးသဖြင့် မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးအတွက် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ယခုကဲ့သို့ အစည်းအဝေးများ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး (၅) ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီအစည်းအဝေးကို တစ်နှစ်လျှင် (၃) ကြိမ် ကျင်းပပြုလုပ်နိုင်ရေး လျာထားဆောင် ရွက်လျက်ရှိပြီး ယနေ့ ပြုလုပ်ရသည့် အစည်းအဝေးသည် နှစ်စဉ် မီးခိုးမြူငွေ့မြင့် တက်လေ့ရှိသည့် မတ်လ၊ ဧပြီလနှင့် မေလများအတွက် Fire Hotspot လျှော့ချနိုင်ရေး လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် ဖြစ်ကြောင်း။

Fire Hotspot ဖြစ်ပေါ်မှုသည် ရာသီဥတုပူပြင်းခြောက်သွေ့သည့် နှစ်များတွင် ပိုမိုဖြစ်ပေါ်လေ့ရှိပြီး နှစ်စဉ်ဇန်နဝါရီလမှ မေလအတွင်း မီးခိုးမြူငွေ့ ညစ်ညမ်းမှုများ ဖြစ်ပေါ်လေ့ရှိရာ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများအကြား မကြာခဏ ကြုံတွေ့ရလေ့ရှိသဖြင့် ပွင့်လင်းရာသီမရောက်မီ ထိန်းချုပ်လျှော့ချ ရေးလုပ်ငန်းစဉ်များကို အလေးထားပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်၊ သိပ်သည်းဆပေါ်မူတည်၍ ဦးစားပေးဒေသများ သတ်မှတ်ပြီး ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း “အစား” ကုန်းမြင့်လယ်ယာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ မြေဩဇာပြုလုပ်ခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင်အသုံးပြုမှုကို တားဆီးခြင်း၊ ဒေသခံပြည်သူများအား အသိပညာပေးခြင်း၊ Fire Hotspot ဖြစ်ပေါ်မှုအခြေအနေအား စောင့်ကြည့်လေ့လာခြင်း၊ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် အစီအမံများချမှတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

၂၀၂၅ ခုနှစ်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အဓိက မီးလောင်မှုဖြစ်ပေါ်ရသည့် အကြောင်းရင်းများအနေဖြင့် အများစုမှာ တောမီးလောင်ကျွမ်းမှု၊ တောင်ယာ ခုတ်ထွင်ရှင်းလင်းရန် မီးရှို့မှုနှင့် လယ်ယာထွက်ကုန် ပစ္စည်းများမီးရှို့မှုတို့ကြောင့် ဖြစ်သဖြင့် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပေါ်မှုမရှိစေရေးအတွက် တောင်ယာမီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများ ဆောင်ရွက်ခြင်းမပြုစေရေး ကြိုတင်အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Fire Hotspot လျှော့ချနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းထားသည့်အတိုင်း လျှော့ချနိုင်ရေးတို့အား အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ဇန်နဝါရီလမှ မေလအထိ ရိုးပြတ်များမီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင် အသုံးပြုခြင်းတို့ကို ထိန်းချုပ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကျေးလက်ဒေသများတွင် အလေးထားဆောင်ရွက်နိုင်ရေးနှင့် Fire Hotspot ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့သည့်ဒေသများတွင် တောင်ယာမီးမရှို့ရေးနှင့် ရိုးပြတ်များမီးမရှို့ရေးတို့ကို ကြိုတင်အသိပေး ဆောင်ရွက်နိုင်ရေးကိစ္စနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

ဒေသအလိုက် Fire Hotspot စောင့်ကြည့်ခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းများလည်း ပုံမှန်ပြုလုပ်၍ သက်ဆိုင်ရာ ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများလည်း ဆက်လက်ပြုလုပ်သွားရန် လိုကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် ပြီးခဲ့သည့် ညှိနှိုင်းအစည်းအဝေးများတွင် ဆွေးနွေးခဲ့မှုများအရ ပေးပို့လာသည့် လစဉ်လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များအပြင် Fire Hotspot ဖြစ်ပေါ်မှု လျှော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ(၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များတွင် ပါဝင်သည့် အသိပညာပေးလုပ်ငန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများ၊ ဖွံ့ဖြိုးရေးတက္ကသိုလ်တစ်ခု၊ ဒီဂရီကောလိပ် နှစ်ခုနှင့် ကျောင်းအားလုံးပေါင်း ၁၀၀ ကျော်တို့တွင် နယ်နိမိတ် ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဖော်ဆောင်ပေးလျက်ရှိသည့် ထိုင်းနိုင်ငံက ပေးပို့သော အသိပညာပေးဗီဒီယိုဖိုင်ကို ပြသခြင်းဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက်ကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက တောမီးရှို့သည့်ပြဿနာ၊ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုပြဿနာသည်မိမိတို့ ဒေသတွင်း၌ အင်မတန်အရေးကြီးသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါကြောင်း၊ ASMC Website ကနေရရှိသည့် အချက်အလက်များအရ ပြီးခဲ့ သည့် နှစ်များအတွင်း မတ်လနှင့် ဧပြီလများတွင် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများ၌ Hotspot များ အများဆုံးဖြစ်ပေါ်နေသည်ကို တွေ့ရသည့်အတွက် လျှော့ချနိုင်ရန် အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံဖြတ်ကျော် မီးခိုးငွေ့ပြဿနာကို ထိရောက်စွာဖြေရှင်းနိုင်ရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကော်မတီ အတွင်းရေးမှူးက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် Fire Hotspot ဖြစ်ပွားမှုနှင့်ပတ်သက်၍ စစ်တမ်း ကောက်ယူထားရှိမှု၊ ဆောင်ရွက်ဆဲ၊ မြန်မာနိုင်ငံအတွင်း Fire Hotspot လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက မြန်မာ - ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3473 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download