မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
Ministry of Information/ Naypyitaw / December 08, 2025
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် နေပြည်တော်သို့ နေ့ချင်းပြန်ခရီးလာရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နှင့် တွေ့ဆုံဆွေးနွေးပြီး ၎င်းနှင့်ကိုယ်စားလှယ်အဖွဲ့အား Jasmine Nay Pyi Taw Hotel ၌ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းများဖြစ်ကြပြီး နှစ်နိုင်ငံအကြား တူညီသောယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ၊ လူမှုဆက်နွှယ်မှုများနှင့် စီးပွားရေးအရ အခိုင်အမာအပြန်အလှန်အမှီသဟဲပြုမှုတို့ဖြင့် ချည်နှောင်ထားကြောင်း၊ ယင်းဆက်နွှယ်မှုများသည် နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးမြှင့်တင်ရန် ခိုင်မာအားကောင်းသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အတည်ပြုသည်။
၎င်းတို့က နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းရေး၏အရေးပါမှုကို အလေးပေးဆွေးနွေးခဲ့ကြပြီး ယင်းသည် နှစ်နိုင်ငံ နယ်စပ်နေ အသိုက်အဝန်းများ သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်စပ်ဒေသမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မြန်မာအစိုးရက အမြစ်ဖြတ်တိုက်ဖျက်လျက်ရှိရာတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများအကြား ထိရောက်သောပူးပေါင်း ဆောင်ရွက်မှု၏အရေးပါမှုကို ရှင်းလင်းပြောကြားသည်။
ယင်းအပြင် တရားမဝင်ဂိတ်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်မှုများကြောင့် ဖြစ်ပေါ်သည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် မတည်ငြိမ်မှုများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှုလျက်တရားဝင်လမ်းကြောင်းမှ ကုန်သွယ်မှုမြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ် ခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကိစ္စရပ်များဖြေရှင်းရန်နှင့် အပြန်အလှန်အကျိုးစီးပွားကို မြှင့်တင်ရန် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံသာယာဝပြောရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအတွက် အစဉ်တံခါးဖွင့်ထားပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)မှတစ်ဆင့် ထိုင်းအစိုးရ၏ ရန်ပုံငွေဖြင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည့် ပုဗ္ဗသီရိမြို့နယ်ရှိ အထကခွဲ(သပြေကုန်း)သို့ သွားရောက်ကြည့်ရှုကြသည်။
ထို့နောက် ထိုင်းကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3458 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
