မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဦးဆောင်၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဦးဆောင်၍ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / October 07, 2025

နေပြည်တော် အောက်တိုဘာ ၆
မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကိုကိုကျော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(၁) မစ္စတာဆာဂေး လူကာရှယ်ဗစ်ချ်တို့ဦးဆောင်၍ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေမှု၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွားလာရေးစသည့် ကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS အဖွဲ့တို့နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ယင်းအဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
နေ့လယ်စာစားပွဲသို့ တက်ရောက်
ဆွေးနွေးပွဲအပြီး ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁) မစ္စတာဆာဂေးလူကာရှယ်ဗစ်ချ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3310 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက် ၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၇ ရက် ၊ စက်တင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download