မြန်မာ - ဘယ်လာရုစ် ရင်းနှီးချစ်ကြည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
မြန်မာ - ဘယ်လာရုစ် ရင်းနှီးချစ်ကြည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်
Ministry of Information/ Naypyitaw / March 09, 2025

ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအပါအဝင် ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ကုန်းတွင်းနိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံကြားတွင် ဆက်စပ်တည်ရှိနေသည့် နိုင်ငံဖြစ်သကဲ့သို့ အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများအကြားတွင်လည်း ပေါင်းကူးတံတားသဖွယ်ရှိသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် အဓိကဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင်ပါဝင်ပြီး ကမ္ဘာ့ပဲတင်ပို့မှုတွင်လည်း ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်သည်။
ပထဝီအနေအထားအရ ဆက်စပ်တည်ရှိနေသော ဘယ်လာရုစ်နိုင်ငံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်အကြီးအကဲနှင့်ခေါင်းဆောင်များသည် ဘယ်လာရုစ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ယခုဒုတိယအကြိမ်မြောက် နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံ၏ ခေတ်မီတိုးတက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းစနစ်များ၊ ယန္တရားများ၊ အထောက်အကူပြုစနစ်များနှင့် လက်တွေ့ပေါင်းစပ်ကျင့်သုံးသွားမည်ဆိုလျှင် မြန်မာနိုင်ငံအတွက်သာမက နှစ်နိုင်ငံစလုံးအတွက် အကျိုးရလဒ်များ အပြည့်အဝရရှိခံစားနိုင်မည်ဟု ယုံကြည်သည်။ ဘယ်လာရုစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နယ်ပယ်စုံကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရန် ယခုခရီးစဉ်တွင် နိုင်ငံတော်အကြီးအကဲက ဖိတ်ခေါ်ထားသည်။
ဘယ်လာရုစ်နိုင်ငံသည် နိုင်ငံတကာမျက်နှာစာတွင် ဘယ်လာရုစ်နိုင်ငံအစိုးရ၊ ပြည်သူများက မြန်မာနိုင်ငံအပေါ်တွင် အပြုသဘောဆောင်ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်ထိုက်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင်သာမက နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းလက်တွဲမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌ အဓိကကျသည့် ရေနက်ဆိပ်ကမ်းများရှိရာ အထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းသုံးခုသည် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် အခွင့်အလမ်းကောင်းများစွာရှိသဖြင့် လာရောက်ရင်းနှီး မြှုပ်နှံနိုင်သည်။
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ရာ၌ စီးပွားရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိတိကျကျဆွေးနွေးနိုင်ခဲ့သည်။ လူသားချင်းစာနာထောက်ထားရေးကဏ္ဍများကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှထွက်ရှိသော စားသောက်ကုန်လုပ်ငန်းများနှင့်ပတ်သက်၍ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍတွင် အထောက်အကူပြုနိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံသည် မြင့်မားသည့်နည်းပညာများ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ယခုနှစ်အတွင်း နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးများ ကျင်းပသွားမည်ဖြစ်သည်။ နှစ်နိုင်ငံ သိပ္ပံနှင့်နည်းပညာကဏ္ဍနှင့် ပတ်သက်၍ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်သွားရန်ရှိသည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံမှ ပညာသင်များ လာရောက်သည့်အခါ ဘယ်လာရုစ်နိုင်ငံက အစစအရာရာကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
မကြာမီကာလတွင် ဘယ်လာရုစ်နိုင်ငံမှဝန်ကြီးများ၊ တာဝန်ရှိအဆင့်မြင့်ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာကျွမ်းကျင်သူများ၊ တာဝန်ရှိသူများအပြန်အလှန်သွားရောက်ကြမည်ဖြစ်သည်။ ထိုသို့ အပြန်အလှန်သွားရောက်ကြပြီး နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရနိုင်သည့်အခွင့်အလမ်းများကိုလေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာများ၊ စာချုပ်များကို အမြန်ဆုံးချုပ်ဆိုဆောင်ရွက်နိုင်မည့် အလားအလာကောင်းများရှိနေသည်။ ယခုခရီးစဉ်အတွင်း မြန်မာနိုင်ငံအကြီးအကဲက ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ လာရောက်ရန်ဖိတ်ခေါ်ထားပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံအကျိုးရှိမည့်ရလဒ်ကောင်းများကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဆင့်မြင့်ခေါင်းဆောင်များ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကဏ္ဍပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများကို တိတိကျကျဆွေးနွေးညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သောကြောင့် မြန်မာ - ဘယ်လာရုစ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်စေမည့်ကဏ္ဍများစွာတို့ကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို ရှုမြင်ရပါကြောင်း။ ။
Newspaper - 3100 items

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ မတ် ၃ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်၊ မတ် ၂ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ မတ် ၁ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက်၊ ဖေဖော်ဝါရီ ၂၈ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download