မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး
မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / October 14, 2025

နေပြည်တော် အောက်တိုဘာ ၁၄
မြန်မာ-ရုရှား-ဘယ်လာရုစ် (၃) နိုင်ငံပူးပေါင်းဖျော်ဖြေတင်ဆက်မှုအခမ်းအနားအား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Polytechnic University ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Evgeny Grigoryev ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Iskander AZIZOV ၊ မြန်မာ- ရုရှားချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskiy ၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံနှင့်ဘယ်လာရုစ်နိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “ယဉ်ကျေးမှုဖလှယ်မှုမှသည် ချစ်ကြည် ရင်းနှီးမှုများဆီသို့” Video Clip ကိုကြည့်ရှုကြသည်။
ထို့နောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားပြီး ဘယ်လာရုစ်နိုင်ငံမှ ဖျော်ဖြေမည့် အနုပညာရှင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်အားစတင်ကျင်းပရာ ဘယ်လာရုစ်နိုင်ငံမှ အနုပညာရှင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးနိုင်ငံသံရုံးမှ ဝန်ထမ်းများက“ရုရှားနှင့် ဘယ်လာရုစ်-သွေးရင်း အကိုညီရင်းနှမ (Two Rus’s- Belarus and Russia, Two Sisters)”တေးသီချင်း၊ “ခေါင်းလောင်းသံ (Bells)” တေးသီချင်း၊ “နန်းသိင်္ဂီ”နန်းတွင်းယိမ်းအက၊ “The River Flows” တေးသီချင်း၊ “ဘော်ဒကာ တစ်ခွက်နဲ့ နှုတ်ဆက်မယ်” တေးသီချင်း၊ “ပန်းပုသူဇာ” တေးသီချင်း၊ “မျက်ဝန်း(My eyes)” တေးသီချင်း၊ “လယ်ဘယ်ဒူးရှ်ကာ (Lebedushka)” အက၊ “မနောကြည်ချိုမြ ဗျောစည်တိုအက” ၊ “ကျူးလစ်ပန်း(Tulips)” တေးသီချင်း၊ “ဒို့ရွာနီ (Red Sloboda)” တေးသီချင်း၊ “မြိုင်ဆိုင်မြူးကြွမင်းသားအက”၊ “ဩော်တံစဉ်ကျွန်တော်တံစဉ် (Oh, My Scythe)” တေးသီချင်း၊ “ကာလင်ကာ(Kalinka)” အက၊ “ Belarus and Myanmar” တေးသီချင်း၊ “မြန်မာ”တေးသီချင်း၊ “သင်္ကြန်”တေးသီချင်း၊ “Kupalinka” တေးသီချင်း၊ “ရီဗာရောနော့ခ်(Zhavoronok)” တေးသီချင်း၊ “ပုဂံ” တေးသီချင်း၊ “အတူရှိမယ် မြန်မာ(We are With You Myanmar)” တေးသီချင်း၊ “မြန်မာဟေ့” တေးသီချင်း၊ “ကာကျူးရှာ(Katush)” တေးသီချင်း၊ “အမိမြေ(Matushka Zemnya Mother Land)” တေးသီချင်း၊ “Love Me” တေးသီချင်း၊ “ပန်းရောင်စုံ (All the Flowers)” တေးသီချင်းနှင့် “တောင်းဆုခြွေ( I want to wish)”တေးသီချင်းတို့ဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက သီဆိုဖျော်ဖြေခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့မှ ဖျော်ဖြေရေးအဖွဲ့များအားဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
ယင်းနောက် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌနှင့် ဘယ်လာရုစ်တေးဂီတ အဖွဲ့ခေါင်းဆောင်တို့က နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
၎င်းနောက်ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင်၊ စိန့်ပီတာစဘတ် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံမှဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖျော်ဖြေရေးအဖွဲ့များနှင့် တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။
Newspaper - 3318 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။
