မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲ အဓွန့်ရှည်ကြာနေမည်


Ministry of Information/ Naypyitaw / October 26, 2024
image_latest


မြန်မာနှင့် အိန္ဒိယတို့ နှစ်နိုင်ငံအကြား ဘာသာရေး၊ စာပေနှင့် ယဉ်ကျေးမှုတို့အရ ဆက်နွှယ်မှုများမှာ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ ၁၉ ရာစုအတွင်း ဗြိတိသျှကိုလိုနီဘဝသို့ နှစ်နိုင်ငံစလုံး ကျရောက်ခဲ့ရပြီး ဒုတိယကမ္ဘာစစ်ပြီးကာလတွင် နှစ်နိုင်ငံလုံး ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရရှိကာ တရားဝင် သံတမန်ဆက်ဆံရေးလည်း စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ စိန်ရတုပင် ကျော်လွန်ခဲ့ပြီဖြစ်သည်။

ပထဝီအနေအထားအရဆိုလျှင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ကုန်းမြေနယ်နိမိတ်ရော၊ ရေနယ်နိမိတ်ပါ ထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်သကဲ့သို့ အင်အားကြီးနိုင်ငံများအဆင့်သို့ တက်လှမ်းလာနေသည့် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော အိန္ဒိယနှင့် တရုတ်တို့အကြား နယ်နိမိတ်ထိစပ်တည်ရှိနေသည့်နိုင်ငံလည်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် အိန္ဒိယသည် ကမ္ဘာပေါ်တွင် စီးပွားရေးအလျင်မြန်ဆုံး တိုးတက်မှုရရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယမန်နှစ် အိန္ဒိယ၏ ဂျီဒီပီတိုးတက်မှုမှာ ၇ ဒသမ ၆ ရာခိုင်နှုန်းအထိရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ အိန္ဒိယ သည် မြန်မာနိုင်ငံ၏ သတ္တမမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံကျော်ရှိသည်။ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံနှင့် ဒေသ ၃၅ ခုအနက် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် (၁၁) တွင် ရှိကြောင်း သိရသည်။

အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “အိန္ဒိယ နည်းပညာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး ပိုမိုရရှိရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ပျိုးထောင်မှုမှတစ်ဆင့် ဆောင်ရွက်မှုတို့အပေါ် ထားရှိသည့် သန္နိဋ္ဌာန်ကို ညွှန်ပြသည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ကာလကြာရှည်စွာ ရပ်တည်ဆောင်ရွက်နေသည့်အစီအစဉ်ကောင်းတစ်ခုဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ တို့မှ ဝန်ထမ်းပေါင်း နှစ်သိန်းကျော်ကို စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ လေ့ကျင့်ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက်လည်း အရေးပါသည်။ လွန်ခဲ့သည့်နှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ ကဏ္ဍမျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့် အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးတိုးတက်ရေးတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးသည့်အလျောက် အသိပညာမျှဝေပေးသည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်က မိမိတို့နိုင်ငံအတွက် လွန်စွာအကျိုးဖြစ်ထွန်းစေသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြားတွင် အဓွန့်ရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတည်ရှိနေသကဲ့သို့ပင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းကောင်းများစွာလည်း ရှိနေသည်။ အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြသည့် မိမိတို့နှစ်နိုင်ငံ မြန်မာနှင့် အိန္ဒိယတို့သည် မျက်မှောက်ကမ္ဘာတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေများနှင့် ပထဝီနိုင်ငံရေးအခင်းအကျင်းများ၏ စိန်ခေါ်မှုများကို မိတ်ကောင်းဆွေကောင်းပီသစွာ အပြန်အလှန်ဖေးမကူညီရင်ဆိုင်ကြရင်း နှစ်နိုင်ငံအကျိုးတူ စီးပွားကဏ္ဍများကိုလည်း ပိုမိုမြှင့်တင်ကာ အနာဂတ်ကာလတွင်လည်း နှစ်ပေါင်းရှည်ကြာ ချစ်ကြည် ရင်းနှီးမှု တိုးတက်ခိုင်မာနေမည်သာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 2965 items

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download