မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်ထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / December 13, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏ တိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသတစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦးဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုအဖြစ် အခြေပြုအသုံးပြုနေသည့် အဆောက်အအုံများသာဖြစ်ကြောင်း ခိုင်လုံသော အမာခံသတင်းအရ သိရှိရသည်။

AA နှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ အနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင်အဖြစ် အခြေပြုထားသောစစ်စခန်းအဖြစ် အသုံးပြု နေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်စခန်းအဖြစ် အခြေပြုနေသောနေရာအတွင်း လိုအပ်သောအုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန်ပေး စေခိုင်းလျက်ရှိကြောင်းကို ဒေသခံရခိုင်တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်းပေးပို့မှုကြောင့် တပ်မတော်က လိုအပ်သည့်စိစစ်မှုများ ဆောင်ရွက်ကာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အအုံများကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိ ၎င်းအကြမ်းဖက်သောင်းကျန်းသူများ ရေးသားဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရ ၎င်းတို့အဖွဲ့မှ ဒဏ်ရာရရှိသူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများကို တွေ့ရှိ ရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိ သူများမှာ ပြည်သူများမဟုတ်ဘဲ AA ၊ BPLA ၊ ဒေသခံ PDF၊ အရှိုချင်း စသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်စခန်းအဖြစ် အခြေပြုနေသောနေရာအတွင်း လိုအပ်သော အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် ဒေသခံ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ယုံကြည်စိတ်ချရသော မိသားစုဝင်များကို တာဝန် ပေးထားသူများအပြင် ၎င်းတို့ကိုထောက်ခံအားပေးသည့် အမာခံများသာဖြစ်သည်ဟု သိရှိရကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့်အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement- ROE)နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Newspaper - 3380 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download