မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / August 16, 2025
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ တောင်စွန်းကျေးရွာနေ မျိုးလွင်(၅၁)နှစ်အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ကဒါရပ်ကွက်နေ အေးလွင်(၄၀)နှစ်အား လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ တောကြီးကျေးရွာနေ လှမြင့်(၅၅)နှစ်နှင့် လိပ်အင်းရပ် ကွက်နေ သန့်ဇင်အောင်(၂၅)နှစ်တို့အား လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဇီးပြောင်း(၁) ကျေးရွာနေ သိန်းဇော်မိုး (ခ)ဇော်မိုး(၅၀)နှစ်နှင့် ကျိုက်ပိကျေးရွာနေ ကျော်စွာ(၂၈)နှစ်တို့အား လည်းကောင်း။
အလားတူ ညနေ ၆ နာရီ ၅၀ မိနစ်တွင် သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အောင်ကုသိုလ်ရပ်ကွက်နေ ရဲမင်းနိုင်(၃၄)နှစ်အား လည်းကောင်း၊ ည ၇ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မြသီတာရပ်ကွက်နေ ရဲမင်းဦး(၂၅)နှစ်အား လည်း ကောင်း ဖမ်းဆီးရမိခဲ့သဖြင့် မျိုးလွင်ပါ ၈ ဦးတို့အား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Newspaper - 3257 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download