မွန်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်
မွန်ပြည်နယ်ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ချီးမြှင့်
Ministry of Information/ Naypyitaw / October 31, 2024
မုဒုံ အောက်တိုဘာ ၃၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်တို့က “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူနှင့်ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်ယဥ်ကျေးမှု ထွန်းကားလာစေရန်၊ စာကြည့်တိုက်၊ စာပေနှင့်လူငယ်များ ဆက်စပ်ဖွံ့ဖြိုးလာစေပြီး နိုင်ငံဖွံ့ဖြိုးရေးဆီသို့ ညွှန်ပို့ပေးကြောင်း၊ “ပညာနှင့်တူသော အလင်းရောင်သည်မရှိ” “စာပေမြင့်မှ လူမျိုးတင့်သည်” ဆိုသကဲ့သို့ စာပေနှင့်လူသည်ကင်းကွာ၍ မရနိုင်သဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာဖို့ လေ့ကျင့်ပျိုးထောင်ကြဖို့ အထူးလိုအပ်ကြောင်းနှင့် အနာဂတ်ကိုပုံဖော်ထုဆစ်ကြမည့် လူငယ်လူရွယ်များ အသိပညာဗဟုသုတနှင့် ပြည့်စုံစေ၍ အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါရန် တိုက်တွန်းအမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း (၂၀)အား ပေးအပ်ရာ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လက်ခံရယူသည်။ ယင်းနောက် ကမာဝက်မြို့ အောင်တော်မူကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ သီလဝန္တ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မှ အလှူငွေကျပ် (၁၅)သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေကျပ် သိန်း (၄၀)၊ ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေရှင်းဥက္ကဋ္ဌမှ စာအုပ် (၅၀၀)ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၊ စာအုပ်ပြပွဲ၊ ပုံပြင်/ကဗျာ/ကျပန်း/စကားရည်လုပြိုင်ပွဲများ၊ ပျော်ရွယ်ဖွယ်ကစားပွဲများနှင့် လှပသာ ယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ပညာရေး၊ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနတို့၏ ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ Physical Fitness Dance နှင့် မြန်မာ့သိုင်း သရုပ်ပြသမှုတို့ကို လှည့်လည်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ကျောင်းသား/သူများအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါပွဲတော်ကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း ၂၁၀၀ ဦးခန့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြ၍ နှစ်ရက်ကြာ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
