မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / March 01, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မော်လမြိုင် မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တို့၌ လောင်းကစားပြုလုပ်သူ များအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ခရိုက်သစ်ကျေးရွာ၊ စမ်းချောင်းဘေး၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ချောင်းဆုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စမ်းချောင်းဘေး၌ အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် မလဲ့လဲ့သင်း(၂၂)နှစ်၊ ဒေါ်ခင်နန်းဆွေ(၄၃)နှစ်၊ ဒေါ်ခင်မာဦး(၄၈)နှစ်နှင့် ဒေါ်မေမြတ်နိုး(၃၅)နှစ်တို့အား ဖဲရိုက်လောင်းကစားပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြု လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်များ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လဲလဲ့သင်း ပါ လေးဦးအား ချောင်းဆုံမြို့မရဲစခန်း (ပ)၂၀/ ၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဈေးကြို ရပ်ကွက်ရှိ ဦးဘိုဘိုအောင်(၃၇)နှစ်၏ အခန်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မုပွန် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ဦးဘိုဘိုအောင်အား ၎င်းနေထိုင်သည့် အခန်းရှေ့ ကွပ်ပျစ်ပေါ်မှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဘိုဘိုအောင် အား မုပွန် နယ်မြေရဲစခန်း (ပ)၃၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
ထို့အတူ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ လက်ခိုက် ကျေးရွာ၊ ဗိုလ်ချုပ်လမ်းဘေးရှိ လမ်းကြားအတွင်း၌ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကော့မှူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ အဆိုပါလမ်းကြား၌ လက်ခိုက်ကျေးရွာနေသူများဖြစ်ကြသည့် ဦးမျိုးသန့်(၅၆)နှစ်၊ ဦးတင်လတ်(၅၀)နှစ်၊ ဦးရဲနောင် (၅၁)နှစ်၊ ဒေါ်ဝင်းဝင်းထွေး(၄၅)နှစ်၊ ဒေါ်မိုးဆွေ(၅၀)နှစ်နှင့် ဒေါ်အေးအေးမိုး(၅၄)နှစ်တို့အား ဖဲရိုက် လောင်းကစားပြု လုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးသန့် ပါ ခြောက်ဦးအား ကော့မှူးမြို့မရဲစခန်း (ပ)၁၂/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3456 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
