ယူနက်စကိုသို့ တင်သွင်းသွားမည့်မြန်မာ့လက်ဖက်စို ယဉ်ကျေးမှု


Ministry of Information/ Naypyitaw / February 04, 2026
image_latest


မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းသွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။ အာရှနိုင်ငံများမှစကာ ကမ္ဘာအနှံ့လက်ဖက်ကို လက်ဖက်ခြောက်အဖြစ် သုံးစွဲကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ ရှေးနှစ်ပေါင်းများစွာကပင် လက်ဖက်ခြောက်ကိုသာမက လက်ဖက်စိုကိုပါ ထူးထူးခြားခြား စားသုံးခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့လက်ဖက် ယဉ်ကျေးမှုကို လူသားမျိုးနွယ်ဆိုင်ရာ ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရာတွင် လက်ဖက်စိုယဉ်ကျေးမှုအဖြစ် တင်သွင်းသွားမည်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် လက်ဖက်သည် မြေပြန့်တွင် ပေါက်ရောက်ခြင်းမရှိ၊ စိုက်ပျိုး၍လည်းမဖြစ်။ တောင်ပေါ်ဒေသမှထွက်သော လက်ဖက်စို၊ လက်ဖက်ခြောက်တို့မှာ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ရှေးကစ၍ ယနေ့ခေတ်ထိတိုင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေသည်။ ဧည့်သည်လာလျှင် ဧည့်ခံနိုင်ရန်အတွက် လက်ဖက်စို၊ လက်ဖက်ခြောက်တို့ကို အိမ်တိုင်းမှာ ဆောင်ထားတတ်ကြသည်။ ရှေးကဆိုလျှင် လက်ဖက်သည် အလှူမင်္ဂလာ ဖိတ်ကြားမှုအတွက် အကမ်းအလှမ်း ပစ္စည်းတစ်မျိုးဖြစ်သည်။ တရားတပေါင်ဖြစ်နေ ကြသူတို့ နှစ်ဖက်စေ့စပ်ကျေအေးကြသည့်အခါ လက်ဖက်အတူ စားခြင်းဖြင့် အထိမ်းအမှတ်ပြုကြသည်။ ရိုးရာဓလေ့ထုံးစံအရ ပူဇော်သမှုပြုကြသည့်အခါ အုန်းသီး၊ ငှက်ပျောသီး၊ မုန့်ဆန်း၊ ကွမ်း၊ ဆေး စသည်တို့နှင့်အတူ လက်ဖက်သည်လည်း ပူဇော်ဝတ္ထုပစ္စည်းဖြစ်သည်။ လက်ဖက်ရွက်၏အရသာမှာ ခါးသည်ဟုဆိုသည့်တိုင် လက်ဖက်စို၊ လက်ဖက်ခြောက်အဖြစ် ပြုပြင်ဖန်တီးထုတ်လုပ်လိုက် သည့်အခါ ထိုအခါးဓာတ်မှာ စား၍၊ သောက်၍ မညည်းစတမ်း စွဲလမ်းဖွယ်ရာဖြစ်လာသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှုအစောဆုံး နိုင်ငံတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် လက်ဖက်အများဆုံး စိုက်ပျိုးရာဒေသဖြစ်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လွယ်ဆိုင်းတောင်တွင် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော လက်ဖက်ပင် တည်ရှိသည်ဟု သိရသည်။ သို့ဖြစ်ရာ လက်ဖက်ပင် ပေါက်ရောက်ရာဒေသဖြစ်သကဲ့သို့ နှစ်ပရိစ္ဆေဒများစွာ ရှည်ကြာသည့်တိုင် ဆက်လက်တည်တံ့နေသည့် လက်ဖက်ယဉ်ကျေးမှုသည် မိမိတို့နိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်ပင်ဖြစ်သည်။ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် နှုတ်ပြောအစဉ်အလာများ၊ ဖျော်ဖြေမှုအနုပညာများ၊ ပေါင်းသင်းဆက်ဆံမှု ထုံးဓလေ့များ၊ ရိုးရာပွဲတော်များ၊ လက်မှုပညာများအပါအဝင် ဆက်လက်ရှင်သန်နေဆဲ အစဉ်အလာများ၊ ဖော်ပြချက်များ၊ အသိပညာများနှင့် ကျွမ်းကျင်မှုများ စသည်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် ဖွဲ့စည်းခဲ့ပြီး မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျထိန်းသိမ်းမြှင့်တင်ခြင်းနှင့် ကုလသမဂ္ဂသို့ အမည်စာရင်းများတင်သွင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကောက်ယူထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ၂၂၈၉ ခုရှိပြီး အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုမှတ်ပုံတင်စာရင်း ပထမအကြိမ်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု သိရှိရသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ၂၀၂၄ ခုနှစ်က ပါဝင်ခဲ့ပြီးနောက် မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုကို ဆက်လက်တင်သွင်းထားသည်။ ဆက်လက်၍ လက်ဖက်စိုယဉ်ကျေးမှုကို လူသားမျိုးနွယ်ကိုယ်စားပြု ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တင်သွင်းသွားနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ရာ ၂၂၈၉ ခုအထိရှိနေသည့် မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကအသိအမှတ်ပြုလာနိုင်ရေးအတွက် မိမိတို့သားစဉ် မြေးဆက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး၏ ဝိသေသလက္ခဏာဖြစ်သော ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုများ မပျောက်မပျက် ရေရှည်တည်တံ့ရေး လူတိုင်းကိုယ်စီ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3431 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download