ယောဂဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအကြား ဟန်ချက်ညီမှု၊ အတွေးအခေါ်နဲ့ အပြုအမူတို့မှာ စည်းကမ်းရှိမှု၊ တစ်ဦးတစ်ယောက်ချင်းစီနဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်မှုကို ကိုယ်စားပြုပါတယ် - မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur


Ministry of Information/ Naypyitaw / May 25, 2026
image_latest


“ကျန်းမာသုခ၊ ဉာဏ်ပညာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယောဂ” (Yoga for Wellness, Wisdom, and World Peace) ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် (၁၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ် ယောဂသရုပ်ပြစုပေါင်းလေ့ကျင့်ခြင်းအခမ်းအနားကို မေ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဥယျာဉ်တော်အတွင်း ရေပန်းရင်ပြင်၌ ကျင်းပသည်။

“အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အစီအစဉ်ထဲမှာ တစ်ခုအပါအဝင်အဖြစ် ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို နေပြည်တော်ရဲ့ အထင်ကရနေရာဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်မှာ ဒီနေ့ အိန္ဒိယသံရုံးအနေနဲ့ မြန်မာနိုင်ငံအစိုးရနဲ့အတူတကွ ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur က ပြောကြားသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံက အဆိုထောက်ခံခဲ့ပြီး နိုင်ငံပေါင်း ၁၇၇ နိုင်ငံက ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာယောဂနေ့ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအစိုးရနဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေ့ကျင်းပတဲ့အခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်ပေးတဲ့ ဒုတိယသမ္မတ ဦးညိုစော၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့က ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ ယောဂဝါသနာရှင်တွေကို ကျွန်တော့်အနေနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု အိန္ဒိယနိုင်ငံသံအမတ်ကြီးက ပြောကြားသည်။

“ယောဂရဲ့ အထူးထင်ရှားတဲ့အချက်ကတော့ ဟိန္ဒီ (Hindi) လို ယိုး(ဂ်)လို့သုံးပြီး အင်္ဂလိပ်လို ယောဂလို့ အသံထွက်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ယိုး(ဂ်)လို့ အသံထွက်ပါမယ်။ သူ့ရဲ့အဓိပ္ပာယ်က စုစည်းညီညွတ်မှုဖြစ်ပါတယ်။ ယောဂဟာ ကာယလေ့ကျင့်ခန်းတစ်ခုထက် များစွာပိုမိုပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအကြား ဟန်ချက်ညီမှု၊ အတွေးအခေါ်နဲ့အပြုအမူတို့မှာ စည်းကမ်းရှိမှု၊ တစ်ဦးတစ်ယောက်ချင်းစီနဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်မှုကို ကိုယ်စားပြုပါတယ်။ ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာယောဂနေ့မှာ အတူတကွဆင်နွှဲကြရင်း ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကြားမှာ ဟန်ချက်ညီမှု၊ ကရုဏာတရားနဲ့ အတူယှဉ်တွဲနေထိုင်ခြင်းတို့ကို ထပ်လောင်းအတည်ပြုရင်း ယောဂရဲ့စိတ်ဓာတ်ဖြစ်တဲ့ လူသားများအကြား ညီညွတ်မှု၊ စည်းလုံးမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက်လှုံ့ဆော်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သတင်းစဉ်

Newspaper - 3536 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download