ရခိုင်တိုင်းရင်းသား ရိုးရာအစားအစာဆိုင်ခန်းမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေကို ရောင်းချပေး​နေပါတယ်။ ရခိုင်မုန့်တီကို အရင်နှစ်နဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့၊ တစ်မူထူးခြားတဲ့လက်ရာနဲ့ ရောင်းချသွားမှာဖြစ်လို့ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ ရေကြက်သုပ်၊ ရေဘဝဲသုပ်၊ ရေခူသုပ် စတဲ့ပင်လယ်စာအစားအစာတွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်


Ministry of Information/ Naypyitaw / February 09, 2026
image_latest


(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ​ဖေ​ဖော်ဝါရီ ၈ ရက်မှစ၍ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ​နေပြည်​တော်​ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များ၊ ရိုးရာအစားအသောက်များ၊ ဒေသန္တရထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ၊ MSME ထုတ်ကုန်များကို အမျိုးအစားစုံလင်စွာ ပြသရောင်းချလျက်ရှိရာ ထိုသို့ လာရောက်ပြသရောင်းချကြသည့် MSME လုပ်ငန်းရှင်များ၊ ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

ဦးတင်လှ

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့

ကျွန်တော်တို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ထုတ်ကုန်ပြခန်းမှာ ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်ငန်းရှင် ၂၇ ဦးရဲ့ ထုတ်ကုန်ပစ္စည်းအမယ် ၈၅ မျိုး၊ အမျိုးအစား ၁၇၇ မျိုး ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်က ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတဲ့အတွက် ငါးသယံဇာတတွေ အင်မတန်ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပြခန်းမှာဆိုရင် ကျောက်ငါး၊ ကျောက်ပုစွန်၊ ကင်းပုစွန်၊ ကဏန်းအရှင်တွေကို ပြည်နယ်ထွက်ကုန်အနေနဲ့ ထည့်သွင်းပြသမှာဖြစ်ပါ တယ်။ ပြီးတော့ ပြည်နယ်ကထွက်ရှိတဲ့ ငါးတွေကို စားသုံးသူပြည်သူများ သက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးသွားမယ့် အစီအစဉ်လည်းရှိပါတယ်။

အခုလို လာရောက်ရောင်းချတဲ့အတွက် MSME လုပ်ငန်းရှင်တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက MSME လုပ်ငန်းရှင်တွေနဲ့အချင်းချင်းတွေ့ဆုံပြီး ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့အတွက် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း၊ ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ချိတ်ဆက်ရောင်းချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ လည်းရရှိမယ်၊ ဒေသအကျိုး၊ လုပ်ငန်းရှင်အကျိုးကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ များစွာအထောက်အကူပြုတဲ့ ပြပွဲတစ်ခုဖြစ်ပါတယ်။ ပြီးတော့ လာရောက်ပါဝင်ပြသရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ချိတ် ဆက်နိုင်မှု၊ ဝယ်ယူသူဖောက်သည်အသစ် တွေရရှိနိုင်မှုနဲ့ လုပ်ငန်းစီးပွားချိတ်ဆက်နိုင်မှုစတဲ့ အကျိုးကျေးဇူးတွေအများကြီး ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်နယ်က လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကလည်း စိတ်အား ထက်သန်ကြတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်ကြည့်ရှုသူတွေနဲ့ ဝယ်ယူသူတွေကို စိတ်ကျေနပ်မှုရှိအောင် ခင်းကျင်းပြသရောင်းချသွားမှာဖြစ်တဲ့အပြင် ကုန်ထုတ်ပစ္စည်းတွေရဲ့ အရည် အသွေး၊ ထုပ်ပိုးမှုကအစစနစ်တကျ ကောင်းမွန်အောင် စီမံဆောင်ရွက်ထားရှိပါတယ်။ ရခိုင်တိုင်းရင်းသား ရိုးရာအစားအစာဆိုင်ခန်းမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအစာတွေကို ရောင်းချပေး​နေပါတယ်။ ရခိုင်မုန့်တီကို အရင်နှစ်နဲ့မတူဘဲ ပိုမိုကောင်းမွန်တဲ့၊ တစ်မူထူးခြားတဲ့ လက်ရာနဲ့ရောင်းချသွားမှာဖြစ်လို့ လာရောက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ရေကြက်သုပ်၊ ရေဘဝဲသုပ်၊ ရေခူသုပ် စတဲ့ပင်လယ်စာအစားအစာတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ရောင်းချ သွားမှာဖြစ်ပါတယ်။

ဦးတင်ဦး

စီးပွားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

ပဲခူးတိုင်းဒေသကြီး MSME ပြခန်းမှာ သွင်းကုန်အစားထိုး အဆင့်မြင့်လယ်ယာသုံးစက်ကိရိယာပစ္စည်း ၃၆ မျိုး ခင်းကျင်းပြသထားပါတယ်၊၊ ထို့အတူ MSME ရဲ့ စားသောက်ကုန်၊ ထုတ်ကုန်ပြခန်းမှာလည်း ပြည်တွင်းကုန်ကြမ်းသုံးထုတ်ကုန်တွေ၊ စိုက်ပျိုးရေးနဲ့မွေးမြူရေး အခြေခံကုန်ကြမ်းတွေကထွက်ရှိတဲ့ ထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်တွေ၊ OROP ထုတ်ကုန်တွေ စုစုပေါင်းကဏ္ဍအလိုက် အမယ်ပေါင်း ၃၃၆ မျိုးကို ခင်းကျင်းပြသထားပါတယ်၊၊ ပြီးတော့ဒေသကထွက်ရှိတဲ့ ကြက်ဥ၊ ဘဲဥတွေကို သက်သာသော ဈေးနှုန်းနဲ့ ပြခန်းမှာ နေ့စဉ် နံနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ခင်းကျင်းရောင်းချပေးလျက်ရှိပါတယ်၊၊ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်၊၊

ပြီးတော့ ကျွန်တော်တို့ တိုင်းဒေသ ကြီးရဲ့ ပြခန်းမှာပါဝင်ပြသတဲ့ ဒေသအတွင်းက လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အားတက်သရောနဲ့ သူတို့ရဲ့ထုတ်ကုန်တွေ တီထွင်ကြံဆမှုတွေကို လာရောက်လေ့လာတဲ့သူတွေဆီ မျှဝေသွားမယ်။ အခုဒီပြပွဲဖွင့်ပွဲမှာ ကျွန်တော်တို့ဆီကထွက်ရှိတဲ့ ထုတ်ကုန်တွေကို ဒေသအသီးသီးက အမှာစာတွေအများကြီး လက်ခံရရှိပါတယ်၊၊

MSME လုပ်ငန်းတွေအတွက် အဓိကလိုအပ်ချက်က ဈေးကွက်ဖြစ်ပြီးရရှိပြီးသား ဈေးကွက်ခိုင်မာရေး၊ ဈေးကွက် တိုးချဲ့ရေး ပြည်တွင်းဈေးကွက်ကနေ ပြည်ပဈေးကွက်ကို တက်လှမ်းနိုင်ရေး ကြိုးစားနေကြတာပါ။ ကျွန်တော်တို့ တိုင်းဒေသကြီးက လုပ်ငန်းရှင်တွေဟာ အခုပြပွဲကနေတစ်ဆင့် ပြည်ပဈေးကွက်တွေအထိ သက်ဆိုင်ရာ စီးပွားရေးသံမှူး တွေနဲ့ ထိုးဖောက်နိုင်ပြီဖြစ်ပါတယ်၊၊ ဒါတွေဟာ MSME ပြပွဲပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ အကျိုးရလဒ်တွေပဲဖြစ်ပါတယ်၊၊

ဦးထွန်းဝင်း

မန်နေဂျင်းဒါရိုက်တာ၊ MANDALAY BEVERAGES ENTERPRISE Co.,Ltd.

ပြည်ပကတင်သွင်းတဲ့ ဓာတ်ဆီနဲ့ပြည်တွင်းကထွက်ရှိတဲ့ ဓာတ်ဆီကို ပြည်တွင်းကထွက်ရှိတဲ့ ရေမဲ့အီသနောနဲ့ရောစပ်ပြီး Ron 73 အဆင့်ရှိတဲ့ စက်သုံးဆီကို ထုတ်လုပ်ထားပါတယ်။ သကြားထုတ်လုပ်မှုရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ တင်လဲရည်ကနေ အီသနောကိုချက်လုပ်ပါတယ်။ ကျွန်တော်တို့က အီသနောရဲ့ ဘေးထွက်ပစ္စည်းကနေ Organic Fertilizer ထုတ်လုပ်တဲ့ စက်ရုံကိုလည်းတည်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ကပြည်ပကနေ စက်သုံးဆီတင်သွင်းမှုလျှော့ချနိုင်ပြီး နိုင်ငံခြားငွေကုန်ကျမှု သက်သာစေဖို့၊ လူသားတွေရဲ့ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေမယ့် အခိုးအငွေ့ထုတ်လွှတ်မှု လျော့ကျစေဖို့၊ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုအစား ဇီဝလောင်စာအသုံးပြုမှုကို ပြောင်းနိုင်ဖို့ဆိုပြီးဖြစ်ပါတယ်။

အားသာချက်တွေကတော့ သဘာဝပတ်ဝန်းကျင်အတွက်ကောင်းမွန်ပြီး ဇီဝလောင်စာဖြစ်တဲ့အတွက် ကာဗွန်ထုတ်လွှတ်မှုမှာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပါတယ်။ ဓာတ်ဆီနဲ့နှိုင်းယှဉ်မယ်ဆိုရင် ကုန်ကျစရိတ်သက်သာစေပါတယ်။ ကားအင်ဂျင်မောင်းနှင်မှုအားလည်း ကောင်းမွန်ပါတယ်။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့အတွက် ပစ္စည်းပြတ်လပ်မှုလည်း နည်းပါးစေပါတယ်။ ရေမဲ့အီသနောကို ဓာတ်ဆီနဲ့ ရောနှောသုံး စွဲခြင်းဖြင့် နိုင်ငံရဲ့နှစ်စဉ်စက်သုံးဆီ ကဏ္ဍလိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ရေနံချက်စက်ရုံတွေကထွက်ရှိတဲ့ ဓာတ်ဆီတွေကိုလည်း ရေမဲ့အီသနောနဲ့ရောစပ်ပြီး ဇီဝလောင်စာအဖြစ် အသုံးပြုမယ်ဆိုရင် Fossil Fuel အသုံးပြုမှုနဲ့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုတို့ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ရေနံစိမ်းအပေါ် မှီခိုအားထားနေမှုကို လျှော့ချနိုင်ပြီး ရေမဲ့အီသနောကို အစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ပါတယ်။ မကြာမီမှာ ဈေးကွက်ထဲလည်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီ MSME ပြပွဲနဲ့ ဈေးရောင်းပွဲတော်လာ ပြည်သူတွေကို ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြခန်းကို လာရောက်လည်ပတ်ဖို့လည်း ဖိတ်ခေါ်ပါတယ်။

ဦးမြင့်ဝင်း

Manufacturing Director၊ Super Seven Stars Industrial Development Co., Ltd.

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ဆိုလာစွမ်းအင်၊ Industry Development၊ EV ပြခန်းနဲ့ မွေးမြူရေးနဲ့ပတ်သက်တာတွေကို ပြသထားပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားကြတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ အင်အားဖြည့်တင်းပေးတဲ့အနေနဲ့ရော MSME လုပ်ငန်းရှင်တွေအတွက် ဒီနှစ်မှာ ထူးခြားမှုအနေနဲ့ မွေးမြူရေးကဏ္ဍကို ဦးစားပေးပြသထားပါတယ်။ EV အပိုင်းလည်း ပြသထားတယ်။ ဆိုလာစွမ်းအင်အပိုင်းလည်းပါပါတယ်။

MSME လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ထုတ်ဖို့ဆိုရင် ခေတ်မီနည်းပညာတွေကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကနေ ခေတ်မီနည်းပညာတွေကို လေ့လာသိရှိနိုင်အောင် တစ်နှစ်ပြီး တစ်နှစ် ဆန်းသစ်လာတဲ့နည်းပညာတွေ ထောက်ပြကူညီတဲ့နေရာကနေ ပါဝင်ပါတယ်။ အခုလိုပြပွဲမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်ထဲမှာ နည်းပညာနဲ့ပတ်သက်တဲ့၊ ထုတ်လုပ်မှုအပိုင်းနဲ့ပတ်သက်တဲ့ အခက်အခဲရှိရင် ကျွန်တော်တို့ဆီကို လာရောက်လေ့လာပြီး အကြံဉာဏ်တောင်းလို့ ရပါတယ်၊ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အားလုံးနဲ့ လာရောက်သူတွေကို ကျွန်တော်တို့ပြခန်းကို လေ့လာကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

ဦးရဲဟိန်းကျော် တွဲဖက်အတွင်းရေးမှူး(၁)၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း

MSME ပြပွဲမှာ လာရောက်ပြသဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆီထွက်သီးနှံကနေ ကြိတ်ခွဲပြီး ရရှိလာတဲ့ဆီတွေဖြစ်တဲ့ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီအမျိုးမျိုးကို အခုပြပွဲမှာ လာရောက်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ အခုလို ပြပွဲတွေက MSME လုပ်ငန်းရှင်တွေ အတွက်အင်မတန်ကောင်းမွန်ပြီး အကျိုး များပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြပွဲမှာလည်း ကျွန်တော်တို့ အသင်းဝင်ကုမ္ပဏီတွေအနေနဲ့ ချိတ်ဆက်မှုပြခန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခါတည်း One Stop Service အဖြစ် Business Ma-chine လုပ်လိုက်ပြီးတော့ ဈေးကွက်အခွင့်အလမ်းတွေ အများကြီးရသွားတယ်။ ဒီနှစ်မှာလည်း ဒီလိုမျိုးအစီအစဉ်တွေ ထပ်ပြီးတော့ လုပ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဝယ်ယူအားပေးမယ့် မိဘပြည်သူတွေအတွက် ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ လာရောက်လေ့လာဝယ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း-မျိုးဆက်သစ်
ဓာတ်ပုံ-အောင်မင်းထိန်

Newspaper - 3532 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download