ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် Eastern Yangon Eventpark ၌ ကျင်းပသည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ ကျင်းပပြုလုပ်သည့် Overflow Music Festival ဖျော်ဖြေပွဲတွင် အဆိုတော် Wink(ခ)ရဲဝင့်အောင်(ခ)ဗလနှင့် Bkho Bain(ခ)သိန်းမင်းထက်တို့ ဦးဆောင်သည့်အဖွဲ့မှ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းဖော် ထုတ်ခဲ့ရာ အဆိုပါဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်) ရပ်ကွက်နေ တင်ရတနာသိမ့်(၂၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ စည်ပင်မီးသတ်ရုံး ဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက်(၂၇)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်နေ အောင်ခန့်မော်(ခ)ဂျပန်ကြီး(၂၉)နှစ် တို့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Eventpark ၌ Overflow Music Festival ဖျော်ဖြေပွဲအား နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖျော်ဖြေပွဲပြုလုပ်နိုင်ရန် စီစဉ်ခဲ့ကြောင်း။

     အဆိုတော် Wink(ခ)ရဲဝင့်အောင်(ခ)ဗလနှင့် Bkho Bain(ခ)သိန်းမင်းထက်တို့အား နိုဝင်ဘာ ၂ ရက် ညတွင် အခြားအဆိုတော်များနှင့်အတူ ဖျော်ဖြေပေးရန် ငှားရမ်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂ ရက် ညတွင် အဆိုတော် Wink(ခ)ရဲဝင့်အောင်(ခ)ဗလနှင့် Bkho Bain(ခ)သိန်းမင်းထက်တို့ နှစ်ဦးသည် “ရပါတယ်နှင့် 5.55566” သီချင်းအပါ အဝင် သီချင်း ၁၂ ပုဒ်အား သီဆိုဖျော်ဖြေခဲ့ကြောင်း၊ “5.55566” သီချင်းကို ဖျော်ဖြေရာတွင် အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသော စကားများပြောဆိုကာ လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များအတွင်းသို့ “ကွန်ဒုံးများ” ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြောင်း၊ ထို့သို့ဖျော်ဖြေနေစဉ် ၎င်းတို့ နှစ်ဦး အပါအဝင် ၁၃ ဦးခန့်မှ စင်ပေါ်တက်ရောက်၍ ကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရပါသည်။ 

     ထိုသို့ဖော်ထုတ်ချက်အရ အခင်းဖြစ်နေ့တွင် သီဆိုဖျော်ဖြေကခုန်ခြင်း၊ Video ရိုက်ကူးခြင်းများတွင် ပါဝင်ခဲ့ကြသူများအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင် ရွက်ခဲ့ရာ သီဆိုဖျော်ဖြေရာတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It’s Phyo(ခ)ဖြိုးသန့်အောင်(ခ)ကိုဖြိုး(၂၈)နှစ်အား နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ “What’s Up Café ” ဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်၌ သီဆိုကခုန်ခဲ့ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း(ခ)စိုင်းမွမ်းဖ(၂၇)နှစ်တို့အား ညနေ ၄ နာရီ ၃၀ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍ လည်းကောင်း။ 

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ သက်လှိုင်ဝင်း(ခ)ကိုသက်(၂၉)နှစ်၊ ချမ်းမြသာစည်မြို့နယ်နေသူများဖြစ်ကြသည့် အာကာဖြိုး(ခ)အာကြီး(၂၇) နှစ်၊ မင်းမော်ထွန်း(ခ)မော်ကြီး(၂၇)နှစ်၊ ဟိန်းလွင်ထွန်း(ခ)ဖိုးထန်း(၁၆)နှစ်၊ စိုင်းလောင်ခေး(၂၅)နှစ်တို့အား နိုဝင်ဘာ ၅ ရက် ည ၈ နာရီတွင် ၎င်းတို့၏ နေအိမ်များမှ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ ဝေလင်းအောင်(၂၂)နှစ်အား ည ၈ နာရီ ၁၅ မိနစ်တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ် ဆက်ခေါ်ယူ၍ လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် နေသူများဖြစ်ကြသည့် အဆိုတော် Wink(ခ)ရဲဝင့်အောင်(ခ)ဗလ၊ ပြည့်ဇော်အောင်(ခ) Pause(၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ)ဗြဲကြီး(၂၁)နှစ်တို့အား နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ ချိတ်ဆက်ခေါ်ယူ၍ လည်းကောင်း။

     ထို့အတူ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်နေ အဆိုတော် Bkho Bain(ခ)သိန်းမင်းထက်(၂၉)နှစ်နှင့် ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ)လင်းထွန်း(၂၃)နှစ်တို့သည် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက်အဖမ်းခံသဖြင့် အသီးသီး အမှုဖွင့်ဖမ်းဆီး စစ်ဆေးခဲ့ပါသည်။ 

     ထိုသို့ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများ ပြောဆိုကာ “ကွန်ဒုံးများ” ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြသည့် အဆိုတော် Wink(ခ)ရဲဝင့်အောင်(ခ)ဗလနှင့်  Bkho Bain(ခ)သိန်းမင်းထက်တို့ပါ အမျိုးသား ၁၃ ဦးနှင့် ပွဲစီစဉ်သူများဖြစ်ကြသည့် တင်ရတနာသိမ့်၊ ဟန်လင်းထက်နှင့် အောင်ခန့်မော်(ခ)ဂျပန်ကြီးတို့အား သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်း၌ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၅၄၁ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download