ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီး


Ministry of Information/ Naypyitaw / January 20, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာလိမ်လည် အတုပြုလုပ်နေသူများကို ဇန်နဝါရီ ၁၄ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်ခြင်းများရှိကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သတင်းစုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၄ ရက် ည ၆ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)ရပ်ကွက် ဗထူး(၁၁)လမ်းနေ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်(၄၀)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ကျော်ထက်အောင်(၂၄)နှစ်တို့နှစ်ဦးကို ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်အတု ၄၅ ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်အတု ၁၁၀၊ သာသနာစိစစ်ရေးကတ်အတု သုံးခု၊ ရဲစခန်း ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာအတု ၁၂၀ ၊ ရပ်ကွက်ထောက်ခံစာအတုလေးရွက်၊ ကျောင်းထောက်ခံစာအတုသုံးခု၊ အိမ်ထောင်စုလူဦးရေ စာရင်းအတု ၅၃ ခု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု ၁၁၀ ၊ ဌာနဆိုင်ရာ/ရုံးတံဆိပ်အတု ၁၈ ခု၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ် ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ည ၈ နာရီတွင် ရွှေပြည်သာမြို့နယ် (တ/၁၅)ရပ်ကွက် ရေအိုးစဉ်လမ်းနေ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း(၂၈)နှစ်၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ ဇင်မောင်နိုင်(ခ)နူရွတ်လာ(၂၃)နှစ်တို့နှစ်ဦးကို ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်အတု ကိုးခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်အတု ရှစ်ခု၊ အိမ်ထောင်စု လူဦးရေစာရင်းအတု လေးခု၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု ၁၂ ခု၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက် စာတမ်းများ လိမ်လည်အတုပြုလုပ်သည့် ဖမ်းဆီးရမိတရားခံ ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန်နှင့် ကျော်ထက်အောင်တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၄၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း၊ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းနှင့် ဇင်မောင်နိုင်(ခ)နူရွတ်လာတို့ကို လှော်ကားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့်လည်းကောင်း အမှု ရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာအရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3416 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download