ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံ


Ministry of Information/ Naypyitaw / May 26, 2026
image_latest


ရန်ကုန် မေ ၂၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုသီတင်းပတ်ကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန် ၁ ရက်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များထောက်ပံ့သွားမည်ဖြစ်သည်။

ထို့ပြင် ကျောင်းပြင်ပရောက်ကလေးများ(မူလတန်းနှင့်အထက်တန်းအဆင့်)ကိုလည်း ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် Placement Test (အထူးအစီအစဉ်)ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ပညာရေးရည်မှန်းချက်ဖြစ်တဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်ဖို့ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကျောင်းအပ်လက်ခံတဲ့အခါမှာ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံစတဲ့ သင်ထောက်ကူပစ္စည်းတွေထောက်ပံ့ပေးအပ်ပြီး ကျောင်းအပ်လက်ခံနေပါတယ်။ KG တန်းဆိုရင်လည်း သူတို့နဲ့လိုက်ဖက်တဲ့ သင်ထောက်ကူပစ္စည်း၊ မူလတန်းဆိုရင် ကျောင်းဝတ်စုံနဲ့ ကျောင်းသုံးပစ္စည်းတွေ၊ အလယ်တန်း/အထက်တန်းဆိုရင် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နဲ့ခဲတံတွေ ထောက်ပံ့ပေးနေပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ် ကျော်လွန်သွားရင်လည်း ဇွန်လမှာဆက်ပြီး ကျောင်းအပ်လက်ခံသွားမှာပါ။ နိုင်ငံတော်ရဲ့လမ်းညွှန်မှုနဲ့အညီ မနှစ်ကကျောင်းအပ်နှံမှုထက် ဒီနှစ်မှာပိုပြီး ကျောင်းအပ်နှံနိုင်အောင် အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဦးမင်းဦးက ပြောသည်။

နိုင်ငံတော်အကြီးအကဲက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေ၍ ကျောင်းထွက်နှုန်းလျော့ကျစေပြီး ပညာရေးကို ဆုံးခန်းတိုင်သင်ကြားစေရန်၊ KG+9 အဆင့်အထိ အားလုံးသင်ယူနိုင်ရန် မူဝါဒချမှတ်၍ မိဘများ၊ ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် နိုင်ငံသားအားလုံး သဘောပေါက်လက်ခံပြီး အောင်မြင်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့သည်။

“နိုင်ငံတော်သမ္မတကြီးနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ဖော်ဆောင်မှုဖြစ်တဲ့ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နှံနိုင်ဖို့ ဆရာ ဆရာမတွေနဲ့ ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေပူးပေါင်းအားနဲ့ ဆောင်ရွက်နေပါတယ်။ ကျောင်းနေအရွယ်အားလုံး လာရောက်အပ်နှံဖို့လည်း ဖိတ်ခေါ်ပါတယ်။ KG တန်းကနေ Grade – 12 အထိ ကျောင်းအပ်လက်ခံနေပါပြီ။ ကျောင်းအပ်နှံရာမှာလည်း သင်ထောက်ကူပစ္စည်းတွေကို အခမဲ့ထောက်ပံ့နေပါတယ်။ ကျောင်းအပ်နောက်ကျခဲ့ရင်လည်း စိစစ်ပြီး ဇွန်လမှာဆက်လက်ပြီး ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးသွားမှာပါ” ဟု ဒဂုံမြို့နယ် အမှတ်(၁)အထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်အေးမြသီတာက ပြောသည်။

“နိုင်ငံ‌တော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” ဟူသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေးအတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များ၊ စေတနာရှင်များနှင့် မိဘပြည်သူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယမန်နှစ်ထက် ကျောင်းအပ်နှံသူဦးရေ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိသည်။ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၁၁၇၃၃၄၇ ဦး ပညာသင်ကြားခဲ့ပြီး ယခုနှစ်ကျောင်းအပ်နှံချိန်မှစတင်၍ ယမန်နှစ်ကထက် ကျောင်းတက်ဦးရေ တိုးတက်အပ်နှံနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download