ရန်ကုန်တိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / March 11, 2025

ရန်ကုန် မတ် ၁၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးကကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day) အခမ်းအနားကို “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသွင် ကူးပြောင်းစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌနှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့နှင့်ပတ်သက်သည့် Video Clip ကို ပြသသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့သည် စားသုံးသူများ၏ အခွင့်အရေးနှင့် လိုအပ်ချက်များအကြောင်းကို ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးသည့်နေ့ကို အထိမ်းအမှတ်ပြုသည့် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” ဖြစ်ပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့တွင် သတ်မှတ်ထားသည့် ဆောင်ပုဒ်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာတစ်ခုတည်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်သည့်အတွက် အားလုံးပူးပေါင်းပါဝင်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က နှုတ်ခွန်းဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန သမီးပျိုများက အကအလှဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် လက်ဆောင်ကို ပေးအပ်ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးပြခန်း၊ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးပြခန်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီမှ အတွင်းရေးမှူးက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစုစုပိုင်က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ Food Science and Technology Association (FOSTA)မှ ဘဏ္ဍာရေးမှူး ဒေါက်တာရီရီမြင့်က စားသုံးသူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးကြသည်။
ယင်းနောက် ဟောပြောဆွေးနွေးသည့် အကြောင်းအရာများထဲမှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခြင်းနှင့် ဆုလက်ဆောင်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီမှ အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3103 items

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်၊ မတ် ၅ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်၊ မတ် ၄ ရက် ၊အင်္ဂါနေ့။
