ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၌ တိတ်ရှိန်ရွှေဆိုင်ကို သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်၌ တိတ်ရှိန်ရွှေဆိုင်ကို သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၁၂၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / March 24, 2025

နေပြည်တော် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် အမှတ်(၆)ရပ်ကွက် (၂၉)လမ်းနှင့်(၃၀)လမ်းကြား မဟာဗန္ဓုလလမ်းပေါ်ရှိ တိတ်ရှိန်ရွှေဆိုင်၌ မတ် ၂၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ မမြတ်သဉ္ဇာမိုး(၂၃)နှစ်သည် ဆိုင်ဝန်ထမ်းအမျိုးသမီး ခုနစ်ဦးတို့နှင့်အတူရှိနေစဉ် နှာခေါင်းစည်းများ တပ်ဆင်ထားသည့် အမျိုးသားလေးဦး(စိစစ်ဆဲ)သည် ဆိုင်အတွင်း ဝင်ရောက်လာပြီး ၎င်းတို့လေးဦးအနက် တစ်ဦးကသေနတ်အတို တစ်လက်အားကိုင်ဆောင်ကာ သေနတ်ပြခြိမ်းခြောက်ပြီး မှန်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ ၂၀ ကျပ်သားခန့် (တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ ခန့်)အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သတင်းအရပန်းဘဲတန်း မြို့မရဲစခန်း၌ (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ် ပတ်ဝန်းကျင်ရှိ တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုယက်မှုကျူးလွန်သူတရားခံများသည် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသည့် Toyota Corolla အမျိုးအစားအဖြူရောင် အငှားယာဉ်ဖြင့် ပန်းဆိုးတန်းလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသဖြင့် အဆိုပါအငှားယာဉ်အား စုံစမ်းရှာဖွေခဲ့ရာ နံနက် ၁၁ နာရီတွင် လမ်းမတော်မြို့နယ် အမှတ်(၂)ရပ်ကွက် ဝါးတန်းလမ်းနှင့် အနော်ရထာလမ်းဆုံတွင် ယာဉ်နှင့်အတူ ယာဉ်မောင်းဖြစ်သူ စည်သူကျော်(၄၃)နှစ်အားတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
ယာဉ်မောင်းဖြစ်သူ စည်သူကျော်၏ ထွက်ဆိုချက်အရ ၎င်းသည် လုယက်မှုကျူးလွန်သူတရားခံများအား ကျောက်တံတားမြို့နယ် အမှတ်(၉)ရပ်ကွက် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းဆုံသို့ ငွေကျပ် ၄၀၀၀ ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၇)ရပ်ကွက် ဗိုလ်အောင်ကျော်လမ်း အမှတ်(၁၁၄/၁၁၆)ရှိ Casa Myanmar Hotel အခန်းအမှတ်(၃၀၁)၌ တိတ်ရှိန်ရွှေဆိုင်အား လုယက်မှုကျူးလွန်သူ တရားခံ များဖြစ်ကြသည့် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ် ပတ္တမြားရပ်ကွက်နေ လင်းသန့်အောင်(၁၈)နှစ် (ဘ) ဦးသိန်းထွန်း၊ သထုံမြို့နယ် ပေါ်တော်မူကျေးရွာနေ သက်ထူးဇင်(၂၀)နှစ် (ဘ)ဦးအောင် မျိုးဆက်၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၉)ရပ်ကွက်နေကောင်းခန့်သူရ(ခ)ဝသုန် (၁၉) နှစ် (ဘ)ဦးကျော်သူရ၊ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် စစ်ဗိုလ်ကြီးကျေးရွာနေ မင်းခန့်ကို(ခ)ဖိုးကာ (၁၉)နှစ် (ဘ)ဦးနိုင်ထူးတို့ လေးဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အနက်ရောင်ကော်သေနတ်တစ်လက်၊ သံဖြတ်လွှသုံးချောင်း၊ လုယက်ယူဆောင်ရာမှရရှိသည့် ရွှေလက်ကောက် မျိုးစုံ ၅၁ ကွင်း၊ ရွှေလက်စွပ်မျိုးစုံ ၃၇ ကွင်းနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံလင်းသန့်အောင်ပါ လေးဦးအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့လေးဦးသည် မတ် ၂၀ ရက် တွင် Casa Myanmar Hotel သို့ ရောက်ရှိတည်းခိုခဲ့ပြီး ငွေကြေးလိုအပ်ချက်အရ မဟာဗန္ဓုလလမ်းပေါ်ရှိရွှေဆိုင်များအား လုယက်မှုကျူးလွန်ရန်အတွက် လိုက်လံ၍အခြေအနေကြည့်ရှုခဲ့ကြကြောင်း၊ ထိုသို့ကြည့်ရှုပြီးနောက် တိတ်ရှိန်ရွှေဆိုင်အား လုယက်မှုကျူးလွန်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် အသုံးပြုခဲ့သည့်အနက်ရောင် ကော်သေနတ်အား ဆူးလေဘုရားအနီး မဟာဗန္ဓုလလမ်းပေါ်ရှိ စတိုးဆိုင်တစ်ဆိုင်မှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် လုယက်မှုကျူးလွန်ရာတွင် တရားခံလင်းသန့်အောင်မှ အဆိုပါကော်သေနတ်အား ကိုင်ဆောင်အသုံးပြုကာ ဦးဆောင်၍ လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် တိတ်ရှိန်ရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သူများ ဖြစ်သည့်လင်းသန့်အောင်၊ ကောင်းခန့်သူရ(ခ)ဝသုန်၊ မင်းခန့်ကို(ခ) ဖိုးကာနှင့် သက်ထူးဇင်တို့လေးဦးအား သက်သေခံရွှေထည် ပစ္စည်းများနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်မှ ၆ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download