ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / June 06, 2025
image_latest


နေပြည်တော် ဇွန် ၅

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အအုံများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ် မေ ၂၂ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် ရွှေနှင်းဆီလမ်းနှင့် ဝိဇ္ဇာလမ်းထောင့်နေသံအမတ်ကြီး(ငြိမ်း) ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့တွင် မြေးဖြစ်သူနှင့်အတူ လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျားနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးချိုထွန်းအောင် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သည့် တရားခံများရှာဖွေတွေ့ရှိရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင် သတင်းပေးမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေ့တွင် အကြမ်းဖက်အဖွဲ့များ အသုံးပြုခဲ့သည့် စက်ဘီးအား သုံးဘီးယာဉ်တစ်စီးပေါ်တွင် တင်ဆောင်သွားသည် ကိုတွေ့ရှိခဲ့ကြောင်း သိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ မေ ၂၃ ရက်တွင် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် သုံးဘီးယာဉ်မောင်းနှင်သူ စန်းထက်အောင်(ခ)ပဲခူးသား(၄၀)နှစ်အား မြောက်ဥက္ကလာပမြို့နယ်(ဌ)ရပ်ကွက် ခိုင်ရွှေဝါ(၃)လမ်း အမှတ်(၂၄၈)ရှိနေအိမ်၌ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် စက်ဘီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့သည့် ဝင်းသူ(ခ)ကုလားလေး(၃၉)နှစ်အား မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက် စိန်ချယ်လမ်းတို အမှတ်(၂၃၃)ရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေ ၂၅ ရက်တွင် ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံမျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ)လင်း လက်ဇော်(၂၈)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ပြုံးပြုံး(၂၄)နှစ်၊ သမီးဖြစ်သူလင်းလက်ရွှေ (၆)နှစ်တို့အား ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင်လည်းကောင်း၊ ၎င်းတို့အား လိုက်ပါပို့ဆောင်ပေးခဲ့သည့် ယာဉ်မောင်း အောင်ဆန်းဟိန်း(၂၅)နှစ်နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသူ ညီညီလှိုင်(၃၉)နှစ်တို့အား မွန်ပြည်နယ် မုဒုံမြို့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆို ချက်အရ ဦးချိုထွန်းအောင် လုပ်ကြံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ချစ်ကိုကို(ခ)ကျော်ကြီး ၏ မိသားစုဝင်များသည် မြဝတီမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ မေ ၂၆ ရက်တွင် ချစ်ကိုကို (ခ)ကျော်ကြီး၏ဇနီး မြင့်မြင့်ထွေး(၃၉)နှစ်၊ အောင်ကိုကိုချစ်(၁၈)နှစ်၊ ဇင်မောင်မောင်(ခ) အာနိုး(၂၇)နှစ်နှင့် ထွက်ပြေးတိမ်းရှောင်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဖြိုးဝေအောင်(ခ) အရှည်ကြီး(၄၀)နှစ်တို့အား ပဲခူးမြို့ အဝင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ မေ ၂၉ ရက်တွင် ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်မှုအပါအဝင် ၎င်းတို့အကြမ်းဖက်အဖွဲ့ဆောင်ရွက်ခဲ့သော လုပ်ကြံသတ်ဖြတ်မှုများ၌ Scout ကြည့်ရှုပေးခဲ့သည့် တရားခံ မင်းစည်သူ(ခ)အငယ်လေး (၂၉)နှစ်နှင့် ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်(၃၃)နှစ်တို့အား ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ဈေးကလေးလမ်း အမှတ်(၁၇၇)ရှိ နေအိမ်၌လည်း ကောင်း၊ တရားခံ ဟန်လင်းအောင် (၂၈)နှစ်၊ ကြည့် မြင်တိုင်မြို့နယ် သီတာရပ်ကွက် သိန္နိလမ်းအမှတ် (၃၂)နေသူအားလည်းကောင်း အသီးသီးထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိတရားခံ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ဦးချိုထွန်းအောင်အား လုပ်ကြံသတ်ဖြတ်စဉ် သေနတ်ကျည်ပေါက်ထွက်၍ ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာအား သာကေတမြို့နယ် ၄/တောင်ရပ်ကွက် မြင်တော်သာလမ်း အမှတ်(၅၂၄)ရှိ "လင်း" အထူးကုဆေးရုံ၌ လျှို့ဝှက်စွာ ဆေးကုသခဲ့ကြောင်း သိရှိရသဖြင့် မေ ၂၆ ရက် ညနေပိုင်းတွင် တရားမဝင်ဆေးကုသပေးခဲ့သော DCS ဆရာဝန် ဇော်ကိုကို(၃၈)နှစ်နှင့် DCS ဆရာဝန်များဖြင့် စုစည်းဖွင့်လှစ်ထားသည့် "လင်း" အထူးကုဆေးရုံပိုင်ရှင် ဒေါက်တာရဲလင်းစိုး(၃၆)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။    

ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၃ ဦး၊ စုစု ပေါင်း ၁၆ ဦးတို့ကို လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ် မတ်လတွင် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံပြေးရည်မွန်၏ စီစဉ်ထောက်ပံ့ပေးမှုဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့တွင် ဖမ်းဆီးရန်ကျန် တရားခံကိုထက် ခေါင်းဆောင်၍ အင်အားရှစ်ဦးရှိပြီး ရန်ကုန်မြို့၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၎င်းတို့ မကျေနပ်သည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေ ၁၅ ရက်တွင် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန် တရားခံကိုထက်သည် Telegram မှတစ်ဆင့် ဦးချိုထွန်းအောင်၏ ဓာတ်ပုံနှင့်နေအိမ်တည်နေရာ Google Map တို့အား ပေးပို့ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများဖြစ်သည့် မျိုးကိုကို(ခ)စိုင်းကိုကို (ခ)ဇင်မင်းထက်(ခ)လင်း လက်ဇော်၊ မင်းစည်သူ(ခ)အငယ်လေး၊ ကျော်ဇင် သန့်(ခ)လွင်ကြီး(ခ) ကျော်ဇင်နှင့် ဖမ်းဆီးရန်ကျန် တရားခံချစ်ကိုကို(ခ)ကျော်ကြီးတို့သည် ဦးချိုထွန်းအောင်၏ နေအိမ်ဝန်းကျင်သို့ ခြောက်ကြိမ်သွားရောက်၍ အခြေအနေကြည့်ခဲ့ကြောင်း၊ မေ ၂၁ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံကိုထက်မှ မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်ထံသို့ ပစ္စတို နှစ်လက်အားပေးပို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။

မေ ၂၂ ရက်တွင် မျိုးကိုကို (ခ) စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ချစ်ကိုကို(ခ)ကျော်ကြီးတို့သည် ကိုထက်မှ ငှားရမ်းပေးထားသည့် ရွှေပေါက်ကံမြို့သစ် (၂၂)ရပ်ကွက် သပြေခြံမြို့ပတ်လမ်း အမှတ်(ရ/၁၀၃/၁၀၄)ရှိ Safe House မှ စက်ဘီးဖြင့်ထွက်ခွာခဲ့ကြောင်း၊ ဦးချိုထွန်းအောင်၏ နေအိမ်ရှေ့အရောက်တွင် လမ်းလျှောက်နေသော ဦးချိုထွန်းအောင်အား မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်မှ အသင့်ယူဆောင်လာသည့် ပစ္စတိုဖြင့် လေးချက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်စဉ် ပစ္စတိုကျည်ညှပ်သဖြင့် ရှင်းလင်းစဉ် ကျည်ပေါက်ထွက်၍ ၎င်း၏ဘယ်ခြေထောက်ကို ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းနောက် စက်ဘီးဖြင့် ရွှေပေါက်ကံ မြို့သစ်ရှိ Safe House သို့ပြန်လာခဲ့ပြီး စက်ဘီးနှင့် လုပ်ကြံသတ်ဖြတ်စဉ် ဝတ်ဆင်ခဲ့သည့် အဝတ်အစားများအား စန်းထက်အောင်(ခ)ပဲခူးသားနှင့် ဝင်းသူ(ခ)ကုလားလေးတို့အား ဝှက်ထားခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံမျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက်(ခ)လင်းလက်ဇော်၏ ထွက်ဆိုချက်အရ ၎င်းသည် ရရှိခဲ့သည့်ဒဏ်ရာအား ဆေးကုသရန် အတွက် ဖမ်းဆီးရန်ကျန်တရားခံ အောင်သူမှ ကြိုတင်ချိတ်ဆက်ပေးထားသည့် "လင်း"အထူးကု ဆေးရုံရှိ DCS ဆရာဝန် ဇော်ကိုကိုထံသို့ သွားရောက်၍ လျှို့ဝှက်စွာဆေးကုသမှုခံယူခဲ့ကြောင်း၊ ထို့နောက် မိသားစုနှင့်အတူ ပခုက္ကူမြို့နယ်ဘက်၌ တိမ်းရှောင် ရန်သွားရောက်စဉ် ပုဂံမြို့ဟောင်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ တရားခံ ပြေး ရည်မွန်၏စေခိုင်းမှုဖြင့် Golden Valley Warrior အမည်ခံအကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏အုပ်ချုပ် မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အောက်ပါအတိုင်း လုပ်ကြံသတ်ဖြတ်မှု လေးကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်-

(က)    ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ)ဇင်မင်းထက် (ခ)လင်းလက် ဇော်သည် သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ဖွံ့ဖြိုးရေးလမ်းနေ ဥပဒေအတိုင်ပင်ခံ ဦးမင်းတေဇာညွန့်တင်အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဖမ်းဆီး ရန်ကျန်တရားခံ ချစ်ကိုကို(ခ)ကျော်ကြီးတို့မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

( ခ )   ၂၀၂၃ ခုနှစ် ဩဂုတ် ၁၆ ရက်တွင် မျိုးကိုကို(ခ) စိုင်းကိုကို(ခ) ဇင်မင်းထက် (ခ) လင်းလက်ဇော်နှင့် ချစ်ကိုကို(ခ)ကျော်ကြီးတို့သည် ရွှေပြည်သာမြို့နယ် အမှတ်(၃)ရပ်ကွက် ပန်းခြံ(၄)လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအား ပစ္စတိုဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ဟန်လင်းအောင်မှ အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း။

( ဂ )   ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် မျိုးကိုကို(ခ) စိုင်းကိုကို(ခ) ဇင်မင်းထက် (ခ)လင်းလက်ဇော်သည် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် ငမိုးရိပ်(၃)လမ်းနေ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသန်းထွန်းအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး မင်းစည်သူ(ခ)အငယ်လေးနှင့် ကျော်ဇင်သန့်(ခ) လွင်ကြီး (ခ)ကျော်ဇင်တို့မှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။

(ဃ)    ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် မျိုးကိုကို(ခ)စိုင်းကိုကို(ခ) ဇင်မင်းထက်(ခ)လင်းလက်ဇော်သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် (၁၁)ရပ်ကွက် အောင်မင်္ဂလာကျောင်းအနီးတွင် မစဖအဖွဲ့ဝင်(၂)ဖြစ်သူ ဦးရွှေမန်းအား ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ရာ ယာဉ်မောင်းဖြစ်သူဦးသန့်ဇင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျော်ဇင်သန့်(ခ)လွင်ကြီး(ခ)ကျော်ဇင်မှ အခြေအနေစောင့်ကြည့် ပေးခဲ့ကြောင်း။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Golden Valley Warrior အကြမ်းဖက်အဖွဲ့သည် ရန်ကုန်မြို့အတွင်း၌ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့လုပ်ကြံသတ်ဖြတ်ခြင်းများအတွက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG က တစ်ကြိမ်လျှင် နှစ်သိန်းကျပ် NUG Pay မှတစ်ဆင့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း သက်ဆိုင်ရာက အသိပေး သတင်းထုတ်ပြန်ထားသည်။

သတင်းစဉ်

Newspaper - 3186 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download