ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ Naypyitaw / August 03, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း တောင်မှ မြောက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဆန်းလင်းနိုင် (၄၃)နှစ် မောင်းနှင်လာသည့် MDY-15/9E-XXXX CALDINA မော်တော်ယာဉ်သည် ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းဆုံအရောက်၌ ဝဲဘက်သို့ ချိုးကွေ့စဉ် မျက်နှာချင်းဆိုင်ဘက်မှ ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေသူများဖြစ်ကြသည့် ခန့်သူအောင်(၁၉)နှစ် မောင်းနှင်ပြီး ထက်အာကာမောင်(၁၇)နှစ် လိုက်ပါလာသည့် MDY-18/7E-XXXX RAV 4 မော်တော်ယာဉ်အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆန်းလင်းနိုင်၊ ခန့်သူအောင်နှင့် ထက်အာကာမောင်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဆန်းလင်းနိုင် အား ဒဂုံမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3244 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။
