ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁,၈၉၉ ကီလိုတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / August 24, 2025
တရားခံ ထွန်းသိန်း၊ သောင်းထွန်းနှင့် အောင်လင်း တို့အား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်းနှင့်အတူ တွေ့ရစဉ်။


     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် သတင်းအရ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီးနှင့် ငါးကန်လမ်းထောင့်၌ အောင်လင်းမောင်းနှင်လာသည့် CANTER BOX ယာဉ်နှင့် သောင်းထွန်းမောင်းနှင်လာသည့် SUBARU STELLA ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား တာဝန်ခံသယ်ဆောင်ခိုင်းသူ ထွန်းသိန်းအား ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ သိန်း၊ TOYOTA RUSH ယာဉ်တစ်စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း (၎င်းဒေသ တန်ဖိုးငွေကျပ် ၂၁ ဒသမ ၈ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီ ၃၀ မိနစ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မောင်သိန်းချေနှင့် ကျော်စွာဝင်း(မှော်ဘီ)တို့အား မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာရှိ နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် PORTER II မော်တော်ယာဉ်၊ ISUZU MAX မော်တော်ယာဉ်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။ 

     စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများအား မလေးရှားရေပိုင်နက်နှင့် ရခိုင်ပြည်နယ်တို့သို့ တာဝန်ခံသယ်ဆောင်ပေးသူ ကျော်စွာဝင်း (ကွမ်းခြံကုန်း)နှင့် ပူးပေါင်းပါဝင်သူ စိုးပိုင်ဝင်းတို့အား ထားဝယ်မြို့၌ TOYOTA SUCCEED မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း။  

     ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၁၁ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ညီညီစိုးခန့်အား ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက် ကျေးရွာအုပ်စု၊ အောင်ဇေယျကျေးရွာရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာရှိ ပုစွန်ကန်အနီးတွင် မလေးရှားရေပိုင်နက်သို့ ပို့ဆောင်ရန်အတွက် ကျော်စွာဝင်း(ကွမ်းခြံကုန်း)မှ သိုဝှက်ထားရှိသည့် စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁,၈၉၉ ကီလို (၎င်းဒေသတန်ဖိုးငွေ ကျပ် ၉၄ ဒသမ ၉၅ ဘီလီယံ) အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။

     ဩဂုတ် ၁၃ ရက်တွင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုရန်စီစဉ်ထားသည့် “အောင်စိုးလင်း” အမည်ပါ စက်လှေအား ထိန်းသိမ်းထားသူ ကျော်စိုးခိုင်နှင့်အတူ မြိတ်မြို့နယ်၊ မြိတ်မြို့တောင်ကျေးရွာ နန်းသူဇာတံတားအနီးတွင်လည်းကောင်း၊ ကံကောင်း (ဖမ်းဆီးရန်ကျန်)မှဝယ်ယူပေးထားသည့် “ငွေကသစ်” နှင့် “ဆုမြတ်နိုင်” အမည်ပါ စက်လှေ နှစ်စီးနှင့် ငါးဖမ်းစက်လှေ တစ်စီးတို့အား ဒေးဒရဲမြို့နယ်၊ နိဗ္ဗာန်ကွင်းရပ်ကွက်၊ တိုးမြစ်ကမ်းဘေးရှိ လွန်း ကျင်း၌လည်းကောင်း၊ “အောင်မြတ်ပိုင်” အမည်ပါစက်လှေနှင့် ပဲ့ထောင်စက်လှေ တစ်စီးတို့အား ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ၌လည်းကောင်း အသီး သီးသိမ်းဆည်းရမိခဲ့ကြောင်း။

     ဩဂုတ် ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)၏ ဖော်ထုတ်ချက်အရ မလေးရှားရေပိုင်နက်သို့ သယ်ဆောင်မည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား ကွမ်းခြံကုန်းမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ လက်ခုပ်ကုန်းကျေးရွာနှင့် လက်ခုပ်ကုန်း-ဆယ်အိမ်ကုန်းရွာသွားလမ်းတို့တွင် နေရာသုံးခုခွဲ၍ မြေမြှုပ်သိုဝှက်ထားကြောင်းသိရှိရသဖြင့် ၎င်းနှင့်အတူ မြေမြှုပ်သိုဝှက်ထားရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်၊ ဝက်ကိုက်ကျေးရွာနေ အောင်ကျော်(ခ)အောင်ကျော်စိုး၊ ရာကျော်(ခ)ကိုရှိုင်းနှင့် ကျော်စိန်အောင်(ခ)ကျော်ကြီးတို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့လိုက်လံပြသသည့်နေရာများမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၆၁၄ ဒသမ  ၂ ကီလို (၎င်းဒေသတန်ဖိုးငွေ ကျပ် ၁၄၀ ဒသမ ၃၅၅ ဘီလီယံ) အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ ဩဂုတ် ၁၅ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် မလေးရှားရေပိုင်နက်သို့တင်ပို့မည့် အိုက်စ်(မက်သ်အဖက်တမင်း)များ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ အပ်နှံထားခဲ့သူ မင်းချစ်အောင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း။

     စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် စိတ်ပြောင်းဆေးဝါး ကက်တမင်းတို့အား ရန်ကုန်တွင် သိုလှောင်စေပြီး ရခိုင်ပြည်နယ်နှင့် ပြည်ပသို့သယ်ဆောင် ရောင်းဝယ်ရာတွင် အဓိကစီမံခန့်ခွဲသူမှာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ စိုင်းစု(ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏အစီအမံဖြင့် လှသောင်း(ဖမ်းဆီးရန်ကျန်)နှင့် စိုင်းရီ(ဖမ်းဆီးရန်ကျန်)တို့မှ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မြို့တွင် ခေတ္တသိုလှောင်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရန် တာဝန်ခံဆောင်ရွက်သူမှာ ထွန်းသိန်းဖြစ်ကြောင်း၊ ရန်ကုန်မှ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ တာဝန်ခံသယ်ဆောင်သူမှာ ဝင်းဇော်သိန်း(ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်သူမှာ ဝင်းခိုင်(ဖမ်းဆီးရန်ကျန်) ဖြစ်ကြောင်း သိရှိရပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ ဝင်းခိုင်ထံသို့ စိတ်ကြွရူးသွပ်ဆေးပြားများရောက်ရှိပါက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ၎င်းတို့အဆင့် ဗိုလ်မှူးအဆင့်ရှိ ကိုရေး(အကောက်ခွန်မှူး) (ဖမ်းဆီးရန်ကျန်) ထံ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် အခွန်ပေးဆောင်ရသည်ဟု သိရှိရကြောင်း။ 

     ရန်ကုန်မြို့မှတစ်ဆင့် မလေးရှားရေပိုင်နက်သို့ ပင်လယ်ရေကြောင်းဖြင့်တင်ပို့မည့် သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပို့ဆောင်ခိုင်းသူမှာ လားရှိုးမြို့နေ ကံကောင်း (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏စေခိုင်းချက်အရ မင်းချစ်အောင်မှ ကျော်စွာဝင်း(ကွမ်းခြံကုန်း)ထံ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း) များကို သုံးကြိမ်ခွဲ၍ အပ်နှံခဲ့ကြောင်း၊ ၎င်းအပြင် ကျော်စွာဝင်း(ကွမ်းခြံကုန်း)သည် ကြည်ဖြူ(ခ)ကျော်ဝင်းဌေး၏အစီအမံဖြင့် မလေးရှားရေပိုင်နက်သို့ မူးယစ်ဆေးဝါးများအား ကံကောင်း(ဖမ်းဆီးရန်ကျန်) ဝယ်ယူပေးထားသည့် စက်လှေများဖြင့် ပဲ့နင်း ချစ်ကို(ဖမ်းဆီးရန်ကျန်)နှင့် ကိုလတ်(ဖမ်းဆီးရန်ကျန်)တို့မှ ရန်ကုန်မှ ပင်လယ်ဝသို့ သုံးကြိမ်၊ ကော့သောင်းမှ မလက္ကာရေလက်ကြားသို့ လေးကြိမ် ပို့ဆောင်ခဲ့ကြောင်း၊ ကြည်ဖြူ(ခ) ကျော်ဝင်းဌေးမှာလည်း ကော့သောင်းမြို့တွင် အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉ တန်၊ ကက်တမင်း ၁ ဒသမ ၈၇ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ သိန်း ဖမ်းဆီးရမိမှုတို့ဖြင့် ၂၉-၇-၂၀၂၅ ရက်နေ့တွင် ထောင် ဒဏ် တစ်သက်ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်ကြောင်း။

     ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ ၉ ဦးတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ယင်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့သည် စိတ်ပြောင်းဆေးဝါးများအား ရှမ်း ပြည်နယ်မှ ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်တို့သို့ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းတို့အား အသုံးပြု၍ သယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်ရရှိသဖြင့် ထိရောက်စွာအရေးယူနိုင်ရေးနှင့် ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3267 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download