ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် လူနာများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကုသမှုရရှိရေးဆောင်ရွက်လျက်ရှိပါတယ်


Ministry of Information/ Naypyitaw / May 26, 2025
image_latest


(ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သဘာဝဘေးအန္တရာယ်နှင့် လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality Management Plan (၂၀၂၅) အတိုင်း ဆေးရုံရှိအဆောက်အအုံများ ပျက်စီးမှုများရှိနိုင်ခြင်းအပါအဝင် case scenario များဖြင့် သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၂၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုစီမံချက်မှာ ဘယ်လိုအကြောင်းအရာတွေ ပါဝင်ပါသလဲ။ ဘယ်လိုနေရာတွေအထိ လွှမ်းခြုံနိုင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဟာ (ခုတင် ၂၀၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပြီး မြန်မာပြည်မှာ အကြီးဆုံးဆေးရုံကြီးဖြစ်ပါတယ်။ လက်ရှိအနေအထားအရ တစ်ရက်ကို ပျမ်းမျှ အတွင်းလူနာ ၁၃၀၀ ခန့်၊ ပြင်ပလူနာ ၂၀၀၀ ခန့်နဲ့ အကြီးစားခွဲစိတ်မှု ၅၀ ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အရေးပေါ်ဆေးကုသမှုဌာနအနေနဲ့ နေ့စဉ်ပျမ်းမျှ လူနာ ၂၅၀ ကို အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါတယ်။

ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့သဘာဝဘေးအန္တရာယ်နဲ့ လူအများ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality Manage-ment Plan (၂၀၂၅) ကို ရေးဆွဲထားပြီး အရေးပေါ်အခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်နိုင်အောင် စီစဉ်ထားပါတယ်။

ရည်ရွယ်ချက်အနေနဲ့ သဘာဝဘေးအန္တရာယ်များနဲ့ အခြားသော လူအများထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကျရောက်ချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူအများရဲ့ အသက်အန္တရာယ်ကို လျင်မြန်ထိရောက်စွာ ကယ်တင်ကုသဖို့နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူနာတွေကို ပုံမှန်လုပ်ငန်းများမပျက်စေဘဲ စနစ်တကျစီမံခန့်ခွဲ ပြုစုကုသပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူအများအစုလိုက်ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ ၁၀ ဦး တစ်ပြိုင်တည်းရောက်ရှိလာရင် ယင်းအခြေအနေကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူအများထိခိုက် ဒဏ်ရာရရှိသူ ပထမလူနာ ၃၀ ကို အရေးပေါ်ဌာနက တာဝန်ယူပြီး လူနာ ၃၀ မှ ၁၀၀ အတွင်းဖြစ်ရင် တစ်ဆေးရုံလုံး ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူနာ ၁၀၀ ကျော်ရင်တော့ တခြားဆေးရုံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ ။ ကြိုတင်သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်သွားမယ့်အစီအစဉ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဖွဲ့အစည်းများကို သိချင်ပါတယ်။ ဘယ်လို အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်လို့ ရပါသလဲ။

ဖြေ။ ။ သရုပ်ပြလေ့ကျင့်ခန်းကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးကုဆောင်တစ်ခုမှာ သဘာဝဘေးကြောင့် ပျက်စီးတဲ့ဖြစ်စဉ်ဖန်တီးပြီး လူနာ ၄၀ ခန့် တစ်ပြိုင်တည်းရောက်ရှိတဲ့ scenario ပြုလုပ်တာဖြစ်ပါတယ်။ လူနာ ၄၀ နဲ့ လူနာစောင့် ၄၀ အဖြစ် ရန်ကုန်သူနာပြုသင်တန်း ကျောင်းက သင်တန်းသားသင်တန်းသူတွေ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဆေးရုံရှိဌာနအသီးသီးက ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီး/ငယ်များ၊ သူနာပြုကြီး/ငယ်များ၊ ဓာတ်ခွဲ/ဓာတ်မှန် စတဲ့ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များနဲ့ အငယ်တန်းဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ်ရဲတပ်ဖွဲ့နဲ့ လသာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါ တယ်။

မေး။ ။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့အခြေအနေ (ဆေးဝါး၊ သွေး၊ စက်ပစ္စည်းကိရိယာ၊ ဝန်ထမ်းအင်အား) သိချင်ပါတယ်။

ဖြေ။ ။ ပထမဦးစွာ အရေးပေါ်အခြေအနေဖြစ်လာရင် common and control center (အရေး ပေါ် အခြေအနေကွပ်ကဲရေးအဖွဲ့) ကို ချက်ချင်းစုဖွဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကွပ်ကဲရေးအဖွဲ့အောက်မှာ လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့နဲ့ အထောက်အကူအဖွဲ့ခြောက်ဖွဲ့တို့ကို စနစ်တကျဖွဲ့စည်းပြီး အရေးပေါ်အခြေအနေကို စနစ်တကျ စီမံကွပ်ကဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့ကတော့

(၁) ဆေးရုံတွင်ရောက်ရှိလာသော လူနာများနှင့် ဆေးရုံဝန်ထမ်းများ လုံခြုံရေးအဖွဲ့

(၂) ဆေးကုသရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့

(၃) အရေးပေါ်လူနာများအတွက် ပစ္စည်းဖြည့်တင်းရေးအဖွဲ့

(၄) ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့

(၅) သတင်းဆက်သွယ်ပြန်ကြားရေးအဖွဲ့

(၆) လူမှုဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့တို့ဖြစ်ပါတယ်။ အထောက်အကူအဖွဲ့ခြောက်ဖွဲ့ကတော့

(က) ဓာတ်မှန်ဌာနအဖွဲ့

(ခ) ရောဂါဗေဒဌာနအဖွဲ့

(ဂ) ဥပဒေရေးရာဆေးပညာအဖွဲ့

(ဃ) သွေးလှူဘဏ်အဖွဲ့

(င) သွေးဖြန့်ချိရေးအဖွဲ့

(စ) Medical Store ဌာနအဖွဲ့တို့ဖြစ်ပါတယ်။

ဒီလုပ်ငန်းအဖွဲ့တွေနဲ့ အထောက်အကူပြုအဖွဲ့တွေမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ (ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနဲ့ ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူး၊ ဆေးရုံအုပ်များ) က တာဝန်ယူဆောင်ရွက်ပြီး သက်ဆိုင်ရာအဖွဲ့ဝင်များနဲ့ အဖွဲ့အချင်းချင်း ဟန်ချက်ညီစွာပူးပေါင်းဆောင်ရွက်ဖို့ ကြိုတင်သရုပ်ပြ လေ့ကျင့်တာဖြစ်ပါတယ်။

မေး။ ။ အခြားဖြည့်စွက်ပြောလိုသည်များ ရှိပါကပြောကြားပေးပါ။

ဖြေ။ ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူနာများအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အချိန်နှင့်တစ်ပြေးညီကုသမှုရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့‌ခေတ်အခါမှာ သဘာဝဘေးအန္တရာယ် ကြောင့် လူအများစု ထိခိုက်ဒဏ်ရာရရှိတာတွေရှိပါတယ်။ ဥပမာအားဖြင့်မတ် ၂၈ ရက်နေ့မှာ မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများကို ပြည်သူအားလုံးသိရှိပြီးဖြစ်ပါတယ်။ သဘာဝဘေးဆိုတာ ကြိုတင်မသိနိုင်ပေမယ့် ထိခိုက်မှု၊ ဆုံးရှုံးမှုနည်းပါးအောင် ဆောင်ရွက်လို့ရပါတယ်။ “ Practice make perfect” ဆိုတဲ့ စကားအတိုင်း အန္တရာယ်တစ်ခုခုကြောင့် လူအများစုဒဏ်ရာရရှိနိုင်တဲ့ အရေးပေါ်အခြေအနေမှာ ကျွန်တော်တို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ ပုံမှန်ဆေးကုသမှုလုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်ရင်း တစ်ပြိုင်တည်းရောက်ရှိ လာမယ့်လူနာတွေအတွက် အသက်ကယ်ဆယ်ရေး၊ ကုသရေးလုပ်ငန်းများကို စနစ်တကျ (အဖွဲ့ဝင်များဖြင့်) (Team work) ဖြင့် ဆောင်ရွက်သွားရင် အခက်အခဲကိုကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကုသရေးဦးစီးဌာနတွေရဲ့ လမ်းညွှန်ချက်များနဲ့ ညွှန်ကြားမှုအောက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးမိသားစုက ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေအတွက် အစဉ်အလေးထားပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ယခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်း-သီဟမင်းသစ်

ဓာတ်ပုံ-ဇော်မင်းလတ်

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download