ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 23, 2025

ရန်ကုန် မေ ၂၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ကို မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထား၍ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူငယ်တန်း(KG)မှ ဒွါဒသမတန်း (Grade 12) အတန်းအထိ မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုကို ယနေ့မှ စတင်လက်ခံလျက်ရှိသည်။
ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာဆရာမများက ကျောင်းသားမိဘ များနှင့် ကျောင်းသား ကျောင်းသူများကို ကျောင်းလာရောက်အပ်နှံရာတွင် အဆင်ပြေချောမွေ့စေရေး၊ ကျောင်းသားများ စာရင်းပေးသွင်းရာတွင် စည်းကမ်းတကျဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ ဒဂုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာစန္ဒာမြငြိမ်းက “ကျောင်းအပ်နှံရေးရက်သတ္တပတ် မစတင်မီမှာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အတွက် နိုင်ငံတော်က ထောက်ပံ့ပေးမယ့် ပစ္စည်းတွေကို ဆရာ ဆရာမတွေနဲ့ ကျွန်မတို့က မြို့နယ်ပညာရေးမှူးရုံးမှာထုတ်ပြီး ကလေးတွေကို ဒီနေ့ ကျောင်းစတင်အပ်တဲ့အချိန်မှာ တစ်ပါတည်းပေးနိုင်အောင် ကြိုတင်ပြင်ဆင်ပြီးတော့ ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို လက်ခံဆောင် ရွက်ပေးနေတာ ဖြစ်ပါတယ်၊ ကျောင်းအပ်လက်ခံတဲ့အခါမှာ မနှစ်က အလယ်တန်းအဆင့် Grade-9 နဝမတန်းပြီးသွားတဲ့ ကလေးတွေဟာ ဒီနှစ်အထက် တန်းအဆင့်ကို လာရောက် အပ်နှံကြတာဖြစ်ပါတယ်၊ အခုလိုမျိုး လာအပ်နှံတဲ့အခါမှာ အထက်တန်းအဆင့် စစချင်း Grade-10 ဖြစ်တဲ့အတွက် ဘာသာတွဲ ၄ တွဲကို ရွေးချယ်ရပါတယ်၊ ရွေးချယ်မှုအများဆုံးကတော့ STEAMS-1ဆိုတဲ့ ဇီဝဗေဒအတွဲရယ်၊ STEAMS-2 ဆိုတဲ့ ဘောဂအတွဲ၊ ဒီဘာသာတွဲ ၄ တွဲမှာတော့ STAM -1 ဆိုတဲ့ ပထဝီ၊ သမိုင်း၊ ဘောဂပါတဲ့ ဝိဇ္ဇာတွဲကို အယူများကြပါတယ်၊ ဒီကနေ့မှာ မိဘတွေရော ကလေးတွေပါ သူတို့နှစ်သက်ရာ ဘာသာတွဲကို ရွေးချယ်ပြီးတဲ့အခါမှာ ဩဂုတ် ၃၁ ရက်အထိ ဘာသာတွဲကို ပြောင်းလဲနိုင်ခွင့်ရှိပါတယ်၊ စက်တင်ဘာ ၁ ရက်မှာဆိုရင်တော့ ဘာသာတွဲကို ပြောင်းလဲသင်ယူခွင့်မရှိတော့ပါဘူး၊ ဒီနေ့အတွက်ကတော့ အထက်တန်းအဆင့်စတင်ကူးပြောင်းတဲ့ ကလေးတွေအတွက်ကတော့ ဘာသာတွဲတွေ ရွေးချယ်ကြတယ်၊ မိဘတွေနဲ့တိုင်ပင်တယ်၊ ဆရာဆရာမတွေကလည်း အကြံဉာဏ်ပေးကြပါတယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အစ ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ မိဘတွေကအစ စတင်အပ်နှံရတဲ့ရက်ကတည်းက စိတ်ဝင်တစား အတန်းအလိုက်လာရောက် အပ်နှံတာတွေ့ရတာဖြစ်တဲ့အတွက် ကျွန်မတို့အစိုးရ အထက်တန်းကျောင်းတွေအနေနဲ့ မိဘတွေရော ကလေးတွေပါ အသက် ၅ နှစ်ပြည့်ပြီးတဲ့ ကလေး၊ ၆ နှစ်ပြည့်ပြီတဲ့ကလေးတွေပါ ကျောင်းအပ်နှံရေး ရက်သတ္တပတ်မှာ လာရောက်ကျောင်းအပ်နှံကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်တွင် ငါးနှစ်အရွယ်ကလေးငယ်များကို သူငယ်တန်း (KG)တွင် အပ်နှံရန်နှင့် ခြောက်နှစ်အရွယ် ကလေးများကို ပထမတန်း (Grade-1) တွင် အပ်နှံရန်နှင့် ကျောင်းအပ်နှံသည့်အခါတွင်လည်း ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာကြေး၊ စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံဘဲ အခမဲ့ထောက်ပံ့မှုအနေဖြင့် သူငယ်တန်း (KG)မှ ဒွါဒသမတန်း (Grade 12) သင်ရိုးသစ်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများကို ကျောင်းသုံး ဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအုပ်၊ ဆရာ ဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း မည်သည့်အခကြေးငွေကိုမျှ လက်ခံခြင်းမပြုလုပ်ရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြုလုပ်ရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ မရောင်းချရန် စသည့်သိရှိလိုက်နာရမည့်အချက်များကိုလည်း ထုတ်ပြန်ထားကြောင်း သိရသည်။
ကျောင်းသားမိဘတစ်ဦးကလည်း “ကျောင်းအနေနဲ့ စနစ်တကျစီစဉ်ထားတဲ့အတွက် အခက်အခဲမရှိပါဘူး၊ စာအုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီး အဆင်ပြေမှုရှိတယ်၊ ငွေကြေးကုန်ကျမှုလည်း မရှိပါဘူး၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နဲ့ကျောင်းသုံး စာအုပ်တွေကို နိုင်ငံတော်ကနေ ထောက်ပံ့တဲ့အတွက် ကျွန်တော်တို့ ရရှိပါတယ်၊ ကျွန်တော်ကတော့ ဝန်ထမ်းဖြစ်ပြီး အရင်ကနယ်မှာတာဝန်ထမ်းဆောင် ခဲ့တဲ့အတွက်သမီးက ဒီကျောင်းမှာတော့ Grade-6 မှ စပြီးထားပါတယ်၊ သင်ကြားမှုတွေနဲ့ ပတ်သက်ပြီးတော့ ပြောစရာမရှိပါဘူး” ဟု ပြောသည်။
အထက(၁) ဒဂုံမှ Grade-11 သို့ တက်ရောက်မည့် ကျောင်းသူမရှင်မင်းအေးက “Grade-11 ကို ကျောင်း လာအပ်တာဖြစ်ပါတယ်၊ သမီးက Grade-11 Bio တွဲယူပြီး ပညာသင်ယူမှာဖြစ်ပါတယ်၊ ဒီကျောင်းက ဆရာ ဆရာမတွေကတော့ ကျောင်းသားတွေကို သူတို့သိသမျှပညာတွေ မျှဝေပေးပါတယ်၊ ကျောင်းသားတွေကိုလည်း တတ်နိုင်သမျှ အစွမ်းကုန်သင်ကြားပေးပါတယ်၊ ကျောင်းသားတွေ အချင်းချင်းလည်း ချစ်ကြည်ညီညွတ်မှုရှိပြီးတော့ သမီးတို့အားလုံး ပျော်ရွှင်ရပါတယ်၊ သမီးရဲ့ဘဝရည်မှန်းချက်ကတော့ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်၊ သမီးကတော့ အထက(၁)ဒဂုံမှာ နောက်ဆုံး Grade-12အထိ ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်၊ ဆရာ ဆရာမတွေနဲ့ မိဘတွေအပေါ် ကျေးဇူးသိတတ်တဲ့ သမီးကောင်းရတနာတစ်ယောက် ဖြစ်သွားဖို့ ကြိုးစားသွားပါမယ်” ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်တွင် မူလတန်းကျောင်း ၁၆၈၀၊ အလယ်တန်းကျောင်း ၆၆၅ ကျောင်း၊ အထက်တန်းကျောင်း ၄၀၉ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၃၂ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကြီး၊ ဓာတ်ပုံ-သီဟ
Newspaper - 3322 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download