ရုရှားနိုင်ငံသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်


Ministry of Information/ Naypyitaw / July 01, 2025
image_latest


နေပြည်တော် ဇွန် ၃၀

ရုရှားနိုင်ငံသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင် ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ရုရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် နည်းပြဆရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်ဝင်နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံမှ ရုရှားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာတွင် ၎င်းတို့နိုင်ငံ၏ ဘာသာစကားများဖြင့် ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရုရှားဘာသာစကား ဒီပလိုမာသင်တန်းများ၊ ရုရှားဘာသာစကား (အခြေခံ) သင်တန်းများနှင့် မွမ်းမံသင်တန်းများ ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ရုရှားဘာသာစကား(အခြေခံ) သင်တန်းသို့တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအနေဖြင့် စနစ်တကျ လေ့လာသင်ယူကြရန်နှင့် ဘာသာစကားစွမ်းရည် ကိုမြှင့်တင်ကာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းမှ နည်းပြဆရာတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ များအား ပြည်ထောင်စုဝန်ကြီးက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ ရုရှားဘာသာစကား(အခြေခံ)သင်တန်းကို နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများ၊ မာရဝိဇယ၊ ဥပ္ပါတသန္တိဘုရားဂေါပကအဖွဲ့တို့မှ ရွေးချယ်စေလွှတ်သည့် ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဝန်ထမ်းများတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                          

သတင်းစဉ်

Newspaper - 3341 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download