ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခဲ့ခြင်း


Myanmar National Human Rights Commission/ Yangon / October 29, 2025


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ၂၂-၁၀-၂၀၂၅ ရက်နေ့မှ ၂၄-၁၀-၂၀၂၅ ရက်နေ့အထိ ဒီဂျစ်တယ်ခေတ်တွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့် ကျင်းပသော (၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချညီလာခံသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအဝင် ကမ္ဘာ့နိုင်ငံ နှင့် အဖွဲ့အစည်း (၆၀) ကျော်မှ လူ့အခွင့်အရေး ကော်မရှင် ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ Mr. Vladimir Putin က ပေးပို့သော ကြိုဆိုနှုတ်ဆက်မိန့်ခွန်းအား ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံးအကြီးအကဲကဖတ်ကြား ခဲ့ပါသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Mrs. Valentina Matvienko ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌ Mr. Viacheslav Volodin နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Sergey Lavrov တို့၏ ကိုယ်စား ကြိုဆိုနှုတ်ဆက် စကားများကို သက်ဆိုင်ရာဌာနအကြီးအကဲများက လာရောက်ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ Prof. Tatiana Moskalkova က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

အဆိုပါ ညီလာခံတွင် တက်ရောက်လာကြသည့် လူ့အခွင့်အရေး ကော်မရှင်များနှင့် လူ့အခွင့် အရေးနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဒီဂျစ်တယ် လူ့အဖွဲ့အစည်းတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်း ခေါင်းစဉ်ဖြင့်သက်ဆိုင်ရာအဖွဲ့အစည်းအလိုက်ဆွေးနွေး ပြောကြားမှုများပြုလုပ်ခဲ့ကြရာမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌဦးပေါ်လွင်စိန် က ဒီဂျစ်တယ်နည်းပညာသည် ယနေ့ခေတ် လူမှုဘဝတွင် တစ်ဆက်တစ်စပ်တည်း ယှဉ်တွဲလျက်ရှိ ပါကြောင်း၊ ထို့ကြောင့် လက်တွေ့ဘဝတွင် ခံစားရရှိသည့် လူ့အခွင့်အရေးများကို ဒီဂျစ်တယ်စနစ် များတွင်လည်း ကာကွယ်‌‌စောင့်ရှောက်ပေးရန် လိုအပ်လာပါကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းပါ အခွင့်အရေးများကို ဒီဂျစ်တယ်နည်းပညာ ခေတ်တွင်လည်း ဆက်လက် ကာကွယ်ပေး သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဒီဂျစ်တယ်အခွင့်အရေးများ ကာကွယ်ရန်အတွက် ဆက်သွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေ စသည်ဖြင့် ဥပဒေများပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါဥပ‌ဒေများကို နိုင်ငံသားများ၏ လူပုဂ္ဂိုလ်လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးစသည့် အကာအကွယ် ရရှိစေရန်အတွက် ပြဋ္ဌာန်းပေးထားခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးများဖော်ဆောင်ရာတွင် ဒီဂျစ်တယ် နည်းပညာဖြင့် လူ့အခွင့်အရေးများ မြှင့်တင် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် Learning Management System ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကော်မရှင် Mobile Application ဆောင်ရွက်ထားရှိခြင်း၊ နိုင်ငံသားများ online မှ တိုင်တန်းချက်များ ပေးပို့နိုင်ရန်နှင့် သတင်းအချက်အလက်များ ရရှိနိုင်ရန် ရည်ရွယ်၍ ကော်မရှင် Website တည်ထောင်ထားရှိခြင်း၊ အခွင့်အရေးအခြေပြု ဒီဂျစ်တယ်စနစ် ဖြစ်စေရန်အတွက် ကော်မရှင်တွင် e-Government ဌာနဖွဲ့စည်းထားရှိခြင်းတို့ကို ဆောင်ရွက်ထားပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဒီဂျစ်တယ် ဖြစ်ပေါ် တိုးတက်မှုနှင့်အတူ လူ့အခွင့်အရေးများအပေါ် စိန်ခေါ်မှုများစွာ ရှိပါကြောင်း၊ ထိုစိန်ခေါ်မှုများကို တစ်နိုင်ငံတည်းက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ဖြေရှင်း နိုင်မည်ဖြစ်ပါကြောင်း၊ အနာဂတ် ဒီဂျစ်တယ်ခေတ်တွင် လွတ်လပ်မှု၊ ညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာ တို့ကို အလေးထားသည့် လူ့အခွင့်အရေးအခြေပြု ဒီဂျစ်တယ်အနာဂတ်တစ်ခု ဖြစ်ပေါ်လာစေရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Prof. Tatiana Moskalkova နှင့် နှစ်ဖက် အဖွဲ့အစည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းနှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှုကဏ္ဍများကို ဆွေးနွေးခဲ့ကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါ သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌသည် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်သို့သွားရောက်ကာလူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာခဲ့ပါသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့အကြား လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ကဏ္ဍများတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာ (Memorandum of Cooperation) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ကော်မရှင် ဥက္ကဋ္ဌသည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ နီပေါနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များမှ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း သီးသန့်စီတွေ့ဆုံခဲ့ပြီး ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper - 3332 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download