ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆည်တမံရေပေးမြောင်း၊ ရေသောက်မြောင်းများ ဦးစားပေးအစီအစဉ်ဖြင့် ရာသီချိန်မီ ပြုပြင်ဆောင်ရွက်သွားမည်


Ministry of Information/ Naypyitaw / October 02, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ငပြောင်ဆည်ရေသောက်စနစ်အတွင်းရှိ မိုးစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးစပါးအတွက် ရေဆက်လက်ပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ထိခိုက်ပျက်စီးမှုမရှိသော မိုးစပါးစိုက်ခင်းများ အထွက်နှုန်းတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးနေမှု၊ ဆည်ရေသောက်စနစ်များတွင် မိုးစပါးအောင်ရေပေးသွင်းနိုင်ရေးစီမံဆောင်ရွက်မှုနှင့် စပါးသီးနှံ စိုက်ပျိုးခြင်းအတွက် ရေပေးဝေမည့်အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် မြစ်သားမြို့နယ် ဒိုင်းကျေးရွာအုပ်စု နတ်လွှဲရေလွှဲဆည်သို့ ရောက်ရှိကြပြီး ရေကြီးရေလျှံ မှုများကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင်ရမည့်လုပ်ငန်းစဉ်များနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေးပြောကြားသည်။

နတ်လွှဲရေလွှဲဆည်ကို ရှေးမြန်မာမင်းများ လက်ထက်မှ စတင်တည်ဆောက်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ရေသောက်ဧရိယာ ဧက ၁၁၉၀၀ ကျော် ရှိကြောင်းသိရသည်။

ဆက်လက်၍ ကင်းတားရေလွှဲဆည်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ကြ ရသော ဒေသခံတောင်သူများနှင့် တွေ့ဆုံကာရေကြီး နစ်မြုပ်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ဆောင်ရွက်ပေးမည့် အချက်များ၊ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့်အထွက် နှုန်းတိုးတက်ရေးကိစ္စရပ်များ၊ သစ်ပင်သစ်တောများနှင့် ရာသီဥတုတို့၏ အပြန်အလှန်အကျိုးပြုနေမှု၊ သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များကို ဆွေးနွေးပြီးတောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ကင်းတားရေလှောင်တမံသို့ ရောက်ရှိပြီး တမံဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ထိန်းသိမ်းထားသော ဆည်တမံကြီးများ လုံခြုံစိတ်ချမှုရှိရန်နှင့် ပြည်သူများ စိုးရိမ်ပူပန်မှုမရှိစေရန် သက်ဆိုင်ရာပညာရှင်များ ပါဝင်သောအဖွဲ့များ ဖွဲ့စည်း၍ ဦးစားပေးအစီအစဉ်အလိုက် တမံကြံ့ခိုင်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးချက် ရလဒ်များအပေါ်မူတည်၍ လိုအပ်သောစီမံဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းလိုအပ်ချက်အရဆောင်ရွက်သည့် ကိစ္စရပ်များကို စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြစ်သားမြို့နယ် ကံဆည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိကြပြီး ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင် နိုင်ရေးနှင့်ရေကြီးရေလျှံမှုကြောင့် လမ်းတံတားများ ပျက်စီးမှုများအပေါ် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် သာစည်မြို့နယ် စမုံရေထိန်းတမံအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့သည့် တမံအဆောက်အအုံ ပြန်လည်ပြုပြင်ရေးလုပ်ငန်း များ ဆွေးနွေးမှာကြားသည်။

ထို့ပြင် နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဦးစီးမှူး များနှင့် သီးခြားစီတွေ့ဆုံကာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လတ်တလော ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3502 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download