ရေကြောင်းစွမ်းအားကိုပိုမိုမြှင့်တင် နိုင်ငံဖွံ့ဖြိုးမှုကိုအထောက်အကူပြု


Ministry of Information/ Naypyitaw / March 10, 2026
image_latest


မြန်မာနိုင်ငံသည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များ ပိုင်ဆိုင်ထားသည်။ မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်ပြင်တွင်သာမက သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသည်။ မြန်မာ့ပင်လယ်ပြင်ကြီးသည် ကုန်သွယ်ရေကြောင်းသင်္ဘောကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်သင်္ဘောကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများရှိခြင်းကြောင့် နိုင်ငံအတွက် အလွန်အရေးပါသည့် ရေကြောင်းအကျိုးစီးပွားများ ပိုင်ဆိုင်ထားသည်။

တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို တပ်မတော် (ရေ) က အထောက်အကူများစွာဖြစ်စေသည့်အပြင် မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အပြင် ရေကြောင်းအကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်ရန် စွမ်းရည်ထက်မြက်သည့် တပ်မတော် (ရေ) ကို ထူထောင်ထားသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲနှင့် တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို မတ် ၈ ရက်က ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားခဲ့ရာတွင် “ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တပ်မတော် (ရေ) မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများ ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်းတပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။

တပ်မတော် (ရေ) သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တပ်မတော်ကြီးကို အထောက်အကူပြုလျက်ရှိသလို အနာဂတ်တွင် တပ်မတော် (ရေ) အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းအပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိ ရေလုံသင်္ဘောကျင်းကြီး တည်ဆောက်ရေးကို စီစဉ်ဆောင်ရွက်ခဲ့သည်။ ရေယာဉ်တည်ဆောက်ရေးတွင် အရွယ်အစားကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားနှင့် ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည်။

တပ်မတော် (ရေ) အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုဖွင့်လှစ်ခဲ့သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော် (ရေ) တွင် တည်ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) နှင့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်နိုင်ခဲ့သဖြင့် တပ်မတော်အတွက် သမိုင်းဝင်ဂုဏ်ယူဖွယ်ရာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ရေတပ်သင်္ဘောကျင်းကို တည်ဆောက်နိုင်ခဲ့သဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကို အထောက်အကူပြုသလို မြန်မာ့ရေပြင်စိုးမိုးလုံခြုံရေးအတွက်လည်း ကောင်းမွန်စေခဲ့သည်။

သို့ဖြစ်ရာ ရေတပ်သင်္ဘောကျင်းဌာနချုပ် ရေလုံလွန်းကျင်းကြီးသည် နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာပုဂ္ဂလိကရေယာဉ်များ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့်အပြင် အရွယ်အစားကြီးမားသော ရေယာဉ်ကြီးများ၊ ကုန်သွယ်ရေယာဉ်များ တည်ဆောက်ခြင်း သို့မဟုတ် လွန်းတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ တပ်မတော် (ရေ) ၏ စွမ်းဆောင်မှုဖြင့် နိုင်ငံတကာအဆင့်မီ ရေတပ်သင်္ဘောကြီးများ တည်ဆောက်ပြုပြင်ရေးအပြင် နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော် (ရေ) က များစွာအထောက်အကူပြုလျက်ရှိပါကြောင်း။  ။

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download