ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (၁ဝ၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲ ကျင်းပ


Ministry of Information/ Naypyitaw / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၁ဝ၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဧည့်သည်တော်များနှင့် ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

စာတမ်းဖတ်ပွဲနှင့် ပိုစတာပြပွဲတွင် ဒုတိယဝန်ကြီး က ၁၉၂၄ ခုနှစ်တွင် စိုက်ပျိုးရေး ကောလိပ်နှင့် သုတေသနဗိမာန်အဖြစ် ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးပညာရပ် သင်ကြားသင်ယူမှုနှင့် သုတေသနဖွံ့ဖြိုးမှုတို့ တစ်ပြိုင်တည်း စတင်ခဲ့သည့်နည်းတူ တက္ကသိုလ်နှင့် သုတေသနတို့သည် ခွဲခြားမရသည်မှာ အထင်အရှားဖြစ်ပါကြောင်း၊ ရေမြေရာသီဥတု၊ ခေတ်စနစ်နှင့် လိုက်လျောညီထွေသော စိုက်ပျိုးဖြစ်ထွန်းမှုအတွက် စမ်းသပ်လေ့လာမှုများ၊ သုတေသနများကို စနစ်တကျ လုပ်ဆောင်နိုင်မှသာ စိုက်ပျိုးထုတ်လုပ်သူများအတွက် ထိရောက်အကျိုးရှိသည့် နည်းပညာများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ မှန်ကန်သည့် အကြံပြုချက်များ ရရှိစေမည်ဖြစ်ပြီး သွင်းအားစု နှင့် အရင်းအမြစ်များကိုလည်း အလေအလွင့်မရှိ အသုံးပြုနိုင်စေမည်ဖြစ်ကြောင်း။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်ကြားပို့ချမှုများနှင့် ဘွဲ့ဒီဂရီပေးအပ်မှုတွင် သုတေသနကို အဓိကထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ သုတေသနများ ဆောင်ရွက်နိုင်မှုအတွက်လည်း များစွာဂုဏ်ယူရပါကြောင်း၊ သုတေသနတွေ့ရှိချက်များကို လက်တွေ့ဘဝတွင် မှန်မှန်ကန်ကန် အသုံးချနိုင်ရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုကြောင်း၊ စားရေရိက္ခာ တိုးတက်ထုတ်လုပ်နိုင်စေရန် နည်းပညာများ တိုးတက်ရှာဖွေခြင်းနှင့် နည်းပညာဖြန့်ဝေပေးခြင်းစသော ဝန်ဆောင်မှုလုပ်ငန်းများကို စေတနာအပြည့်ဖြင့် ဆက်လက်လုပ်ဆောင်ပေးကြရန်နှင့် မိမိတို့လုပ်ဆောင်လျက်ရှိသည့် ကောင်းမွန်သောအလုပ်ကို သံသယကင်းရှင်းစွာ ဂုဏ်ယူစိတ်အပြည့်ဖြင့် လုပ်ဆောင်နိုင်ရန်၊ နိုင်ငံ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနစွမ်းရည်ဖြင့် လက်တွေ့အကျိုးပြု ထိရောက်သော နည်းလမ်းများကို ဆက်လက်ဆန်းစစ် ရှာဖွေနိုင်ကြစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သုတေသနပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ပိုစတာ ၅၅ စောင်နှင့် သုတေသနဆောင်ရွက်ထားရှိသည့် ရလဒ်များအား ကြည့်ရှုအားပေးသည်။

ယနေ့ ကျင်းပသည့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၏ (၁ဝ၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲတွင် စိုက်ပျိုးရေးပညာရှင်များနှင့် သုတေသီများက စာတမ်းခြောက်စောင် တင်သွင်းဖတ်ကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3389 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download