ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အခြေခံအကျဆုံးလုပ်ငန်းများဖြစ် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး အလေးထားကြိုးပမ်းဆောင်ရွက်


Ministry of Information/ Naypyitaw / June 11, 2025
image_latest


နေပြည်တော် ဇွန် ၁၀

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟို ကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင် စာရင်းတိကျမှန်ကန်စေရန် အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန် လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့ရာတွင် မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများ၌ရှိသည့် ရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

သို့ရာတွင် မြေပြင်တွင်နေထိုင်ခြင်း မရှိသော်လည်း ရုံးလက်ခံ အိမ်ထောင်စုစာရင်းတွင် ပယ်ဖျက်ထားခြင်းမရှိသူများ၊ လူတစ်ဦးတည်းက အိမ်ထောင်စုလူဦးရေ စာရင်းတစ်ခုထက်မက ပါဝင်နေသူများ၊ လူတစ်ဦးတည်းက နိုင်ငံသားစိစစ်ရေး နံပါတ်တစ်ခုထက်မက ကိုင်ဆောင်ထား သူများ ပါဝင်နေပါကြောင်း၊ ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကိုလည်း ယာယီအိမ်ထောင်စုလူ ဦးရေစာရင်းဖြင့် စာရင်းကောက်ယူခဲ့ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ သတ်မှတ်ထားသည့် သန်းခေါင် စာရင်းရည်ညွှန်းချိန်၌ တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ (De Facto Method) ဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူများ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာ ၁ ရက်မှ ၁၅ ရက်အထိ စာရင်း ကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း အတည်ပြုလူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းလူဦးရေသည် ကာလအားဖြင့် (၂)နှစ်ခန့် ကွာခြားနေပြီဖြစ်ရာ လူဦးရေကွာဟချက်အခြေအနေများကို သိရှိနိုင်ရေးနှင့် အချက်အလက် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် အဆိုပါစာရင်းနှစ်ခုကို မြို့နယ်အဆင့်မှသည် အခြေခံကျကျ အဆင့်ဆင့်စနစ်တကျ နှိုင်းယှဉ်သုံးသပ်တိုက်ဆိုင်စိစစ်၍ မဲစာရင်းတိကျ မှန်ကန်ရေးအတွက် ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီ ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည့်အစီအစဉ်များ၊ ပန်းခင်းစီမံချက် အဆင့်(၃) အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက်ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အခြေခံကျသည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download